Quantcast
Channel: စီးပွားရေး - ဧရာဝတီ
Viewing all 5004 articles
Browse latest View live

အိပ်စက်မှု တိုင်းတာပေးမယ့် Beddit စမတ် မွေ့ရာဆန်ဆာ ကို Apple မိတ်ဆက်

$
0
0

Apple ဟာ အိပ်စက်မှု တိုင်းတာတဲ့ စမတ်ပစ္စည်း (Sleep-tracking device) တခုကို ပထမဆုံးအကြိမ်အဖြစ် မိတ်ဆက် ထုတ်လုပ်လိုက်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက Sleep-tracking ဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ Beddit ကုမ္ပဏီကို Apple က ဝယ်ယူခဲ့ပြီးနောက်၊ ထွက်ရှိလာတဲ့ Beddit ဆန်ဆာအသစ်ပါ။

Beddit 3.5 Sleep Monitor ဟာ သေးငယ်တဲ့ ဆန်ဆာ ကြိုးပြားတခုဖြစ်ပြီး၊ မွေ့ရာ အိပ်ရာခင်းအောက်မှာ ထားရှိ အသုံးပြုရတာပါ။

စမတ်ကြိုးပြားဟာ ၂ မီလီမီတာပဲ အထူရှိတဲ့အတွက် ခန္ဓာကိုယ်အောက်မှာ ဖုထစ်ထစ် ဖြစ်မနေဘဲ သက်သောင့်သက်သာ အိပ်စက်နိုင်မှာပါ။ အိပ်စက်မှုအချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှုပုံ၊ ဟောက်သံ၊ အခန်း အပူချိန်နဲ့ စိုထိုင်းဆ တို့ကို တောက်လျှောက် တိုင်းတာပေးထားနိုင်တဲ့ Tracker တခု ဖြစ်ပါတယ်။

အိပ်စက်မှု တိုင်းတာနိုင်တဲ့ ကျန်းမာရေးစမတ်လက်ပတ်တွေထက် အားသာချက်တခုကတော့ ခန္ဓာကိုယ်မှာ ပတ်ပြီး အိပ်စက်စရာမလိုတာပါ။ ဝတ်ဖို့ မေ့သွားတာမျိုးလည်း မဖြစ်နိုင်တော့ပါဘူး။

အိပ်စက်မှုဆိုင်ရာ အချက်အလက် နဲ့ အိပ်ရာဝင်ချိန် သတိပေးချက်တို့ကိုလည်း Apple Watch နဲ့ ချိတ်ဆက်ကာ၊ ကြည့်နိုင်ပါတယ်။ ဒေတာတို့ကို iOS 12 နဲ့ အထက်က Health app ကနေလည်း အိပ်စက်မှုဆိုင်ရာ အသေးစိတ် ဒေတာတွေနဲ့ နှလုံးခုန်နှုန်း တို့ကို ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Beddit 3.5 ဟာ လူရဲ့ အိပ်စက်မှု ပုံစံ ကို မှတ်သားလေ့လာကာ၊ အိပ်ရာဝင်သင့်တဲ့ အချိန်နဲ့ အိပ်ရာထသင့်တဲ့ အချိန်ကိုပါ ပြောပြပေးနိုင်ပါတယ်။

Beddit 3.5 ကို အိပ်ရာ၊ မွေ့ရာ မရွေး အသုံးပြုနိုင်ပြီး၊ အိပ်ရာခင်းအောက်က ဖြစ်စေ၊ အပေါ်က ဖြစ်စေ ထားရှိ အသုံးပြုလို့ရပါတယ်။ ဈေးနှုန်းကတော့ ၁၅၀ ဒေါ်လာပါ။

Ref: The Verge, DailyMail

The post အိပ်စက်မှု တိုင်းတာပေးမယ့် Beddit စမတ် မွေ့ရာဆန်ဆာ ကို Apple မိတ်ဆက် appeared first on ဧရာဝတီ.


ထီဈေးတင်ရောင်းချနေမှု အရေးယူပေးရန် လွှတ်တော်အမတ်ပြော

$
0
0

ထီကို ဈေးပိုတင်ရောင်းချနေခြင်းကြောင့် ပြည်သူများနစ်နာနေရသည့်အတွက် အစိုးရက အရေးယူထိန်းသိမ်းရန် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။

ဒီဇင်ဘာလ ၇ ရက်က ကျင်းပသော နေပြည်တော် အမျိုးသားလွှတ်တော်တွင် ထီအက္ခရာတိုးမြင့် မထုတ်၍ အခွန်ငွေ နစ်နာနေခြင်း၊ ထီလက်မှတ် တစောင်လျှင် ၆၅၀ ၊ ၇၀၀ ကျပ်တို့ဖြင့် ရောင်းချနေသည့်အတွက် ပြည်သူများနစ်နာဆုံးရှုံးခြင်း၊ တနိုင်တပိုင် ထီရောင်းသူများ ဝင်ငွေကျဆင်းနေသော်လည်း ထီလုပ်ငန်းရှင်ကြီးများ အကျိုးအမြတ်များစွာ ရနေခြင်းတို့ကို ပြုပြင်နိုင်ရန် စစ်ဆေးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထီလုပ်ငန်းများ၏ ထုပ်ပိုးစရိတ်၊ ဝန်ထမ်းစရိတ်ကြောင့် ထီဈေးကြီးမြင့်ရခြင်းဟု ပြောဆိုမှုများကို ရှက်သင့်ပြီး နိုင်ငံတော် အနေဖြင့် ထီလုပ်ငန်းရှင်များကို ၅၅၀၀ ကျပ်ဖြင့်ရောင်းရသော ထီတအုပ်ကို ၅၀၀၀ ကျပ်ဖြင့် ရောင်းသည့်အတွက် ၁၀ ရာခိုင်နှုန်း အမြတ်ပေးပြီးဖြစ်ကြောင်းလည်း ဦးဌေးဦးက ပြောသည်။

ထီ လုပ်ငန်းရှင်ကြီးများအနေဖြင့် ထိုက်သင့်သောအမြတ်မရဟု ယူဆပါက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းတောင်းခံသင့်ပြီး ကြားမှ ပြည်သူများက ဈေးပိုပေးနေရသည်မှာ မဖြစ်သင့်ဟုလည်း ၎င်းက လွှတ်တော်အပြီးတွင် မီဒီယာများကို ပြောသည်။

ဦးဌေးဦးက “အခုပေးနေတဲ့ ၉ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းအကျိုးအမြတ်နဲ့ လုပ်ငန်းရှင်တွေ မကိုက်ပါဘူး။ ၁၃ ရာခိုင်နှုန်း ၁၄ ရာခိုင်နှုန်း ပေးပါ။ ညှိလေ။ ပြည်သူတွေကို အဲဒီဝန် မထမ်းခိုင်းနဲ့၊ အခုဟာက ဝန်ထမ်းနဲ့ကျတော့ သူတို့ ပြေလည်အောင်နေပြီး ပြည်သူတွေက ၅၀၀ တန်ထီကို ၆၀၀၊ ၇၀၀ ပေးကြ၊ ခံံကြဆိုတာက လုံးဝမတရားဘူး။ ဒါတော့ နိုင်ငံတော်က ကြည့်မနေသင့်ဘူး။ ဒီလို မဖြစ်အောင် တာဝန်ရှိတယ်” ဟု ပြောသည်။

စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းက ထီလုပ်ငန်းရှင်များ မလုပ်နိုင်က မလုပ်ကြရန် ပြောဆိုဖူးသကဲ့သို့ ငါးရာကျပ်တန် ထီစတင်ရောင်းချိန်တွင် ညွှန်ကြားရေးမှူးချုပ်က စပေါ်ငွေကို သိမ်းမည် အရေးယူမည်စသည်ဖြင့် ပြောဆိုခဲ့သော်လည်း ထိရောက်စွာ အရေးယူခဲ့ခြင်းမရှိဟုလည်း လွှတ်တော်တွင် ပြောဆိုသည်။

အဆိုပါ မေးမြန်းမှုနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က  ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် လက်ကားဝယ်ယူဖြန့်ဖြူးသူ ထီလုပ်ငန်းရှင်များအသင်းအား လစဉ် အစည်း အဝေးခေါ်ယူပြီး ‘တိုက်ရိုက်ဝယ်ရောင်းသူများက သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချရန်’၊ ‘မိမိထီဆိုင်အမည်ဖြင့် ထပ်ဆင့်ရောင်းချလျှင် ဈေးနှုန်းမြင့်မားမရှိရေး ထိန်းသိမ်းရန်’၊ ‘ပင်ရင်းထီဆိုင်များမှ သတ်မှတ်ဈေးနှုန်းဖြင့် ထီအရောင်းကားများဖြင့် လူစည်ကားရာနေရာများတွင် ရောင်းချပေးရန်’ တို့ကို ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း ဖြေကြားခဲ့သည်။

ထီဈေးမကြီးရေး၊  ထီ အလွယ်တကူဝယ်ယူနိုင်ရေးနှင့် ထီလုပ်ငန်းကို လုပ်ငန်းရှင်များက လက်ဝါးကြီးမအုပ်နိုင်ရန် သတ်မှတ်ချက်နှင့် အညီ ကြိုတင်ငွေသွင်းစေ၍ ဥပဒေနှင့်အညီ စာချုပ်ချုပ်ဆိုရောင်းချခြင်း ၊စာချုပ်ပါစည်းကမ်းချက်များ ဖောက်ဖျက်ခြင်း၊ ဈေးနှုန်းတိုးမြင့်ရောင်းချသည်များရှိပါက စိစစ်ဖော်ထုတ်၍ ဝယ်ယူခွင့်ပိတ်သိမ်းခြင်း စပေါ်ငွေ သိမ်းယူခြင်းစသည့် စီမံခန့်ခွဲမှုနည်းလမ်းများဖြင့်  အရေးယူကြပ်မတ်နေကြောင်း ၎င်းကဆိုသည်။

“ထီဈေးနှုန်း ပိုမိုရောင်းချကြောင်း တိုင်ကြားခံရသည့် ထီဆိုင်များအား တိုင်ကြားချက်မှန်ကန်ကြောင်း စိစစ်တွေ့ရှိရပါက ပင်ရင်းထီဆိုင်၏ ကြီးကြပ်မှုအားနည်းသည်ဟု သတ်မှတ်ကာ အဆိုပါပင်ရင်းထီဆိုင်တွင်လည်း တာဝန်ရှိစေပြီး ၎င်း၏ ဝယ်ယူခွင့်အရေအတွက်မှ ထီဆိုင်ခွဲ၏ အရေအတွက်ကို ဝယ်ယူခွင့် ရပ်ဆိုင်းခြင်း ဆောင်ရွက်လျှက်ရှိပါတယ်” ဟု  ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

ပြင်ပတွင် ထီဈေးနှုန်းကြီးမြင့်ခြင်းသည် နေ့စဉ်လုပ်အားခနှုန်းထားနှင့် ဆက်စပ်သည်ကို တွေ့ရှိရကြောင်း ၊ တရက်လုပ်အားခ ၃ ကျပ် ၁၅ ပြား၊ ထီတစောင် ၂ ကျပ်ဖြစ်ချိန်တွင် ထီတအုပ် (၁၁ စောင်) ရောင်းချပြီးပါက လက်လီရောင်းသူအနေဖြင့် ကော်မရှင်ခ ၂ ကျပ်ရမည်ဖြစ်ပြီး ထီ ၂ အုပ်ရောင်းနိုင်လျှင် တရက်လုပ်အားခရရှိမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် တရက်လုပ်အားခ ၅ ထောင်ဖြစ်၍ ၅၀၀ ကျပ်တန်ထီ ၁၀ အုပ် ခန့်ကုန်အောင် ရောင်းမှ တရက်လုပ်အားခရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဥပမာပေးရှင်းလင်းသည်။

ဆက်လက်ပြီး “လက်ရှိအောင်ဘာလေထီ ဖြန့်ဖြူးမှုစနစ်အား ပြန်လည်သုံးသပ်လျှက်ရှိပြီး အသစ်ထပ်မံထုတ်ဝေရောင်းချမည့် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်များ ဖြန့်ဖြူးရောင်းချသည့်အချိန်တွင် ကြိုတင်မှာကြားချက်၊ ဈေးကွက် လိုအပ်ချက်များနဲ့ အညီ ထီအက္ခရာလုံးရေကို ရိုက်နှိပ်ဖြန့်ဖြူးပြီးတော့ ထီဈေးနှုန်းကြီးမြင့်မှုမရှိစေရေး စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေလမှ သြဂုတ်လအတွင်း ထီအက္ခရာလျှော့ချရိုက်နှိပ်ခြင်းကြောင့် အခွန်နစ်နာနေကြောင်း မေးမြန်းချက်ကိုလည်း ယင်းကာလများသည် ကျောင်းဖွင့်ချိန်နှင့် မိုးရာသီကာလဖြစ်သဖြင့် ထီကို စိတ်ဝင်စားမှု လျော့ကျခြင်းကြောင့် ထီလက်မှတ်များကျန်ရှိပြီး ဘဏ္ဍာငွေဆုံးရှုံးမည်ဖြစ်၍ လျော့ချရိုက်နှိပ်ခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးက ဖြေကြားခဲ့သည်။

ထီဈေးကြီးမြင့်ခြင်းကို ထိန်းချုပ်ရန် အစိုးရနှင့် ထီလုပ်ငန်းရှင်များတွင် တာဝန်ရှိကြောင်း၊ လာမည့် ကျပ် ၁၀၀၀ တန်ထီကို ဈေးပိုတင်မရောင်းရန် တင်းတင်းကျပ်ကျပ် ထိန်းချုပ်သင့်ကြောင်း နေပြည်တော်မှ ထီလစဉ်ကံစမ်းနေသည့် မအိအိက ပြောသည်။

မအိအိက “ဝန်ကြီးဌာနကလည်း သူ့ဝင်ငွေကို အလျော့မခံချင်ဘူး။ ထီကိုယ်စားလှယ်ကလည်း သူ့အမြတ်ကို ပိုမြတ်အောင်ပဲ လုပ်ချင်တယ်ဆိုရင်တော့ နစ်နာတော့ ကြားထဲက ပြည်သူက နစ်နာတယ်လေ။ ၁၀၀၀ တန်ထီကျရင် သူတို့နှစ်ဦးညှိပြီး လုပ်ကြရင်တော့ အဆင်ပြေတာပေါ့”ဟု ပြောသည်။

ထီဈေးနှုန်းကြီးမြင့်မှုအပေါ် အစိုးရအနေဖြင့် ဈေးကွက်သုတေသန အဖြေမရှိသည့်အတွက် တည်ငြိမ်အောင်ထိန်းချုပ်နိုင်ဖို့ မလုပ်နိုင်သည်မှာ ထင်ရှားကြောင်း၊ ဝန်ထမ်းများအတွင်း အဂတိလိုက်စားမှု ရှိမရှိစစ်ဆေး အရေးယူသင့်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဦးက ပြောသည်။

ထီစာအုပ်ဖြန့်ဖြူးရာတွင် အက္ခရာတလုံး၌ အုပ်ရေ ၈၁၈၁၈ အုပ်သတ်မှတ်ရိုက်နှိပ်ကြောင်း၊ လက်က်ရှိရောင်းချနေသည့် ကျပ် ၅၀၀ တန်ထီကို ၁၈ ကြိမ်မြောက်အထိ ထီအက္ခရာလုံးရေ ၄၆ လုံး ( ရွက်ရေ ၄၁သန်းခန့် ) ထုတ်ဝေခဲ့ပြီး  နိုင်ငံလူဦးရေ၏ ၈၃ ရာခိုင်နှုန်းကို လွှမ်းခြုံခဲ့ကြောင်း၊ ၂၀ ကြိမ်မြောက်မှ စကာ အက္ခရာလုံးရေ ၅၀ အထိ ထုတ်ဝေခဲ့သဖြင့် ထီလက်မှတ် အရေအတွက် ၄၅ သန်းခန့်ရှိလာပြီး လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထိ ထုတ်ဝေခဲ့ကြောင်း စီမံဘဏ္ဍာဝန်ကြီးဌာနမှ သိရသည်။

ဆက်စပ်ဖတ်ရှုရန် – ထီလက်မှတ် ဈေးတင်ရောင်းမှု ဥပဒေ မရှိ၍ အရေးမယူ နိုင်သေးဟု ဆို

ကျပ် ၁ ထောင်တန် ထီလက်မှတ်သစ် ထုတ်ဝေနိုင်ရန် စီစဉ်

The post ထီဈေးတင်ရောင်းချနေမှု အရေးယူပေးရန် လွှတ်တော်အမတ်ပြော appeared first on ဧရာဝတီ.

တရုတ်ပြည်သို့ ကျွဲ၊ နွား တင်ပို့နေသည့် လုပ်ငန်းရှင်များ အရှုံးနှင့် ရင်ဆိုင်နေရ

$
0
0

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ကျွဲ၊ နွားများ တရုတ်နိုင်ငံဘက်တွင် အဖမ်းအဆီး တင်းကြပ်ထားသဖြင့် အဝယ်ထိုင်းပြီး ကျွဲ၊ နွားများ မူဆယ်စီးပွားရေးဇုန်တွင် ပုံနေပြီး မြန်မာကုန်သည်များ အရှုံးပေါ်နေကြောင်း စီးပွားရေးဇုန် နှင့် ကုန်သည်များက ပြောသည်။

ကျွဲ၊ နွားများကို မြန်မာဘက်မှ တရားဝင် တင်ပို့ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံဘက်က တရားမဝင် ကုန်စည် အဖြစ် သတ်မှတ်ထားကြောင်း၊ ထို့အပြင် တရုတ် ဝယ်လက်များက အချင်းချင်း ညှိ၍ ဈေးနှိမ် ကစားနေခြင်းများ ကြောင့် မြန်မာကုန်သည်များမှာ အရှုံးပေါ်နေရသည်ဟု ပြောကြသည်။

လက်ရှိအခြေအနေသည် တရုတ်ဝယ်လက်များက အဝယ်နည်းသဖြင့် မြန်မာကုန်သည်များ အရှုံးပေါ်ခြင်းဖြစ်ကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်စိုး က ပြောသည်။

ဦးအောင်စိုး က “တရုတ်ဘက်ကနည်းနည်း အဝယ်နည်းတဲ့အပိုင်းပေါ့။ ဒါကဖြစ်တတ်တဲ့သဘောပါပဲ။ များများဝယ်ရင် မြတ်တာပေါ့လေ။ ကုန်သွယ်မှုဆိုတာမှာ ရှုံးတာနဲ့မြတ်တာ ၂ ခုပဲရှိတာဆိုတော့လည်း အဝယ်နည်းတော့ ရှုံးကြတာပဲလေ” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ “သူတို့ဘက်က လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်တာဆေးတာတွေအတွက်က ဆောင်ရွက်ဆဲဖြစ်သလို တရားဝင်ပြည်မကြီး ပို့တာမျိုးမဟုတ်ဘဲ နယ်စပ်မှာပဲ လိုအပ်ချက်အရ ကူးသန်းရောင်းဝယ်မှု လုပ်နေတဲ့သဘောပါပဲ။ ကျနော်တို့ဘက်ကနေ တရားဝင်ရောင်းတာ ဝယ်တာတွေဖြစ်အောင်တော့ ဆောင်ရွက်နေဆဲပါပဲ” ဟု ပြောသည်။

မူဆယ် ၁၀၅ မိုင်တွင် ရောင်းမထွက်ဘဲ ပုံနေသည့် ကျွဲ၊ နွားများ (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ)

မူဆယ် ၁၀၅ မိုင် စခန်းတွင် မကြာခင်ရက်ပိုင်းတွင်ပြုလုပ်မည့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီ အစည်းအဝေးတွင် ကျွဲ၊ နွားများ တင်ပို့နိုင်ရေး အပါအဝင် အခြားကုန်စည်များကိုပါ တရားဝင် ပုံမှန် အရောင်း၊ အဝယ် ဖြစ်လာစေရန် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟုလည်း ဦးအောင်စိုးက ပြောသည်။

စစ်ကိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မှ မင်းသူရဦး နွားမွေးမြူရေးကုမ္ပဏီပိုင်ရှင် ဦးစိုးမင်း က “ကျနော်တို့ နယ်မှာ ၁၀ သိန်းလောက် ပေးဝယ်ရတဲ့နွားကို မူဆယ်မှာ ၁၀ သိန်းလောက်ပဲ ပေးနေတယ်၊ ဒါကြောင့် နွားတကောင်ကို အဖျင်းဆုံး ၂ သိန်းလောက်ကို အရှုံးပေါ်နေပါတယ်၊ ဒီလိုဖြစ်နေတာ ကုန်သည်တိုင်းလိုလို ရှုံးနေကြတာပါ”ဟု ပြောသည်။

တရုတ်နိုင်ငံဘက်မှ တစ်နှစ်လျှင် နွားကောင်ရေ ၂ သိန်းခန့် လိုအပ်ချက်ရှိနေမှုကြောင့် မြန်မာနိုင်ငံမှ တရားဝင်ခွင့်ပြုချက်ဖြင့် တင်ပို့နေသော်လည်း ယနေ့အချိန်အထိ မှောင်ခိုတင်ပို့မှုများလည်း ရှိနေဆဲဖြစ်သလို မူဆယ်ဈေးကွက်အတွင်းသို့ နွားများ စုပုံ ရောက်ရှိနေခြင်းကြောင့်လည်း ဈေးနှိမ်ခံရပြီး အရှုံးပေါ်နေရခြင်းဟု ဆိုကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှ နွားမွေးတောင်သူ ဦးစိုးတင့် က “အရင်က တကောင်ကို သိန်း ၂၀ အထက်ရောင်းခဲ့ရတဲ့နွားက အခုဆိုရင် ၁၆ သိန်းဆိုတာ  အလွန်ဆုံးပါပဲ၊ ကုမ္ပဏီ ဆိုပြီး ထောင်ထား ပေမယ့်လည်း ပိုင်ရှင်တယောက်ထဲက ခွင့်ပြုပေးထားတဲ့ အကောင်ရေအတွက်အတိုင်း မတင်ပို့နိုင်ပါဘူး၊ တောင်သူတွေကနေ တဦးကို ၂ ကောင်နှုန်း၊ ၃ ကောင်နှုန်းလောက်နဲ့စုပြီး တက်ရောင်းကြတယ်၊ ဒီရောက်တော့ ဈေးတွေက နှိမ်၊ ဝယ်လက်ကမရှိဖြစ်နေပါတယ်” ဟု ပြောသည်။

မူဆယ် ၁၀၅ မိုင်တွင် ရောင်းမထွက်ဘဲ ပုံနေသည့် ကျွဲ၊ နွားများ (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ)

ပြည်တွင်းမွေးမြုရေးကုမ္ပဏီများ အနေဖြင့် ကျွဲနွားများအား ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရတို့၏ တရားဝင် ခွင့်ပြုချက်ဖြင့် တရုတ်နိုင်သို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိရာ ယခုအခါ တရုတ်ဘက်က နွားဝယ်ယူမှု နည်းပါး လာခြင်းကြောင့် မူဆယ်မြို့ ၁၀၅ မိုင်ရှိ တရိစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်း အတွင်း၌ နွားများ ပုံနေလျက်ရှိ သည်။

မူဆယ်မြို့ ၁၀၅ မိုင်ရှိ တရိစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်းမှ တာဝန်ရှိသူတဦး က “မူဆယ်ဘက်ကို နေ့စဉ် နွားအဝင်က တရက်ကို အကောင်ရေ ၁၂၀၀ ဆိုတာ အနည်းဆုံးပါပဲ၊ ကျနော်တို့ကတော့ ဝင် ရောက်လာတဲ့ နွားတွေကို ကျန်းမာရေးပိုင်း၊ တင်ပို့ခွင့်ပြုထားတဲ့ နွားအမျိုးအစားနဲ့ အကောင်ရေကို အဓိကထားစစ်တယ်၊ ရောင်းတာ ဝယ်တာကတော့ ကုန်သည်တွေနဲ့ လုပ်ကြတာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံ အစိုးရက ကျွဲ၊ နွား အရှင် ပြည်ပသို့  တရားဝင်တင်ပို့ရောင်းချခွင့်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က စတင် ခွင့်ပြုပေးခဲ့ပြီး ပြည်ပသို့ တင်ပို့ခွင့်ပြုရာတွင် အသက် ၅ နှစ်နှင့်အထက် ကျွဲနွား အထီးများကို သင်းကွပ်ပြီးမှသာ တင်ပို့ခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါကဲ့သို့ တရားဝင်တင်ပို့ခွင့် ပြုခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ထိ ကျွဲ ၂၈၆၃၂ ကောင်နှင့် နွား ၁၈၆၇၀၁ ကောင်တရားဝင်တင်ပို့ခွင့်ပြုခြင်းမှ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော်ရရှိထား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၈ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွှွက်မှု ကိန်းဂဏန်း အရ မြန်မာနိုင်ငံတွင် ကျွဲ ၁၈ သိန်း၊ နွား ၉၇ သိန်းရှိကြောင်း သိရှိရသည်။

 

The post တရုတ်ပြည်သို့ ကျွဲ၊ နွား တင်ပို့နေသည့် လုပ်ငန်းရှင်များ အရှုံးနှင့် ရင်ဆိုင်နေရ appeared first on ဧရာဝတီ.

မြန်မာ-တရုတ် နယ်စပ်ကုန်စည်ပြပွဲ မူဆယ်စီးပွားရေးဇုန်တွင် ပြုလုပ်မည်

$
0
0

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ၁၇ ကြိမ်မြောက် Myanmar-China Border Trade Fair 2018 ကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ မူဆယ်ဗဟိုစီးပွားရေးဇုန်၊ မင်္ဂလာမူဆယ်ဈေးတွင် ကျင်းပမည်ဖြစ်ကြောင်း မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦး စီးဌာနမှ သိရသည်။

အဆိုပါကုန်စည်ပြပွဲကို မြန်မာနှင့် တရုတ်နိုင်ငံ နစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ ကုန်သွယ်ရေး ကဏ္ဍ ပွင့်လင်းလျင်မြန်စွာ ဆောင်ရွက်လာနိုင်စေရန်၊ နှစ်နိုင်ငံ ကုန်စည်နှင့် နည်းပညာများ နှီးနှောဖလှယ်ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး နှင့် နှစ်နိုင်ငံခရီးသွားလာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဟု သိရသည်။

မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦး စီးဌာနမှ ခရိုင်ဦးစီးမှုး ဦးအယ်စိုး က “နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးပြပွဲမှာ တရုတ်ဘက်ကနေ လာရောက်ပြသမယ့်အထဲမှာ အခြေခံလူသုံးကုန်ပစ္စည်းကအစ မော်တော်ကားတွေအထိ ပါမယ်၊ အခုလိုပြပွဲတွေပြုလုပ် ပေးခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာ မယ်” ဟု ပြောသည်။

အဆိုပါ ကုန်စည်ပြပွဲကို ၂၀၀၁ ခုနှစ်မှစ၍ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သည့် မူဆယ်မြို့နှင့် ကျယ်ဂေါင်မြို့ များတွင် အလှည့်ကျကျင်းပခဲ့ရာ ယခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဦးဆောင်၍ ကျင်းပခြင်းဟု သိရသည်။

တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုတိယ ဝန်ကြီး၊ ပြည်ပပြန်ကြားရေးရုံး တာဝန်ခံ ကျောက်ယွင်ဆန် က “မြန်မာတရုတ်နယ်စပ်ဒေသ စီးပွားရေး အပြန်အလှန် ကူးလူးဆက်ဆံ ပိုမိုနက်ရှိုင်းစေပြီး ချစ်ကြည်ရင်းနှီးမှုတည်တံ့ ခိုင်မြဲစေဖို့နဲ့ ကုန်သွယ်မှုကဏ္ဍတွေမှာ အခုထက်ပိုပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်၊ နောက်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအတူပူးပေါင်းပြီ ခရီးသွားလာရေး ၊ ကုန်သွယ်ရေးစတဲ့ ကဏ္ဍစုံအတွက် ဒီထက်မက လက်တွဲပြီး လုပ်ဆောင်သွားနိုင်မယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲတွင် (၁၃) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီ (JBTCCC) အစည်းအဝေးကိုလည်း ထည့်သွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးကို မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်နိုင်ငံအစိုးရတို့ ၁၉၉၇ ခုနှစ်က ရေးထိုးခဲ့သော မြန်မာ-တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာသဘောတူညီမှု စာချုပ်အရ ကျင်းပခြင်းဖြစ်ပြီး (၁၃) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးကို ဒီဇင်ဘာ ၁၂ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

ယခုနှစ်ပြပွဲတွင် ပြခန်းပေါင်း ၄ဝဝ ခန့်ဖြင် ခင်းကျင်းပြသသွားမည်ဖြစ်ပြီး တရုတ်လုပ်ငန်းရှင်များမှ ပြခန်းပေါင်း ၃ဝဝ ကျော်နှင့် မြန်မာ လုပ်ငန်းရှင်များအတွက် ပြခန်း ၁ဝဝ ခန့် ပါဝင်ပြသနိုင်ရေးဆောင်ရွက်နေလျက်ရှိရာ မြန်မာလုပ်ငန်းရှင်များအတွက် ဆိုင်ခန်းတခန်းလျှင် ကျပ် ၁ သိန်း ၅ သောင်း၊ တရုတ်ပြခန်းများအတွက် ယွမ်ငွေ ၂၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

The post မြန်မာ-တရုတ် နယ်စပ်ကုန်စည်ပြပွဲ မူဆယ်စီးပွားရေးဇုန်တွင် ပြုလုပ်မည် appeared first on ဧရာဝတီ.

ကျောကင်မရာ သုံးလုံးပါ Lenovo Z5s ကို ဒီဇင်ဘာ ၁၈ မိတ်ဆက်မည်

$
0
0

Lenovo ဟာ Z5 Pro ဖုန်းကို မိတ်ဆက်ပြီးနောက်၊ တလအကြာမှာ Z5s ဆိုတဲ့ မော်ဒယ်အသစ်တမျိုးကို တရုတ်နိုင်ငံမှာ ထပ်မံ မိတ်ဆက်သွားဖို့ ရှိပါတယ်။

Lenovo ရဲ့ VP Chang Cheng ဟာ Lenovo Z5s ဖုန်းကို ပထမက ဒီဇင်ဘာ ၆ ရက်နေ့ မိတ်ဆက်မယ်လို့ ကြေညာခဲ့ပေမယ့်၊ အခုတော့ ဒီဇင်ဘာ ၁၈ မှာ မိတ်ဆက်မှာ ဖြစ်ကြောင်း ပြောင်းလဲ ကြေညာခဲ့တာပါ။

Chenge တယောက် Weibo မှာ တင်ထားတဲ့ အမြည်းဓာတ်ပုံနှစ်ခုအရ ဖုန်းရဲ့ ကျောဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်အနေအထား တွေ့မြင်ရပါတယ်။

မကြာခင်က မိတ်ဆက်ခဲ့တဲ့ Lenovo Z5 Pro မှာ ကျော ကင်မရာ ၂ လုံးထဲ သုံးထားပေမယ့် Z5s မှာတော့ ကျောကင်မရာ ၃ လုံး ဖြစ်သွားတာပါ။ ဓာတ်ပုံတွေမှာ ဖုန်း နောက်ကျောဘက်ပဲ တွေ့မြင်ရတဲ့အတွက် ဖုန်း ရှေ့ဘက်ဒီဇိုင်းကိုတော့ မသိရသေးပါဘူး။

Z5 Pro တုန်းက ရှေ့ကင်မရာ ၂ လုံးက နောက်က ဆွဲထုတ်ရတဲ့ Slider ထဲမှာ ဖြစ်ပါတယ်။ Z5s မှာလည်း ယခု ဒီဇိုင်း ဆက်သုံးမလားတော့ မသေချာသေးပါဘူး။

တရုတ် ဆက်သွယ်ရေးပစ္စည်း မှတ်ပုံတင် ဝဘ်ဆိုဒ် TENAA မှာ ဖော်ပြထားချက်အရတော့ ၆.၃ လက်မ ရေစက်ပုံ Notch ပါ Display ၊ ကျောကင်မရာ ၃ လုံး၊ ကျောဘက် သတ္တုကိုယ်ထည်နဲ့ ကျောဘက် လက်ဗွေရာ ဆန်ဆာတို့ ပါဝင်လာမယ်လို့ သိထားရပါတယ်။ Snapdragon 710 ဒါမှမဟုတ် Snapdragon 845 နဲ့ ထွက်လာနိုင်ပါတယ်။

Lenovo Z5s ကို ဘယ်လို ထူးခြားတဲ့ ဒီဇိုင်းတွေနဲ့ မိတ်ဆက်မလဲဆိုတာကတော့ ဒီဇင်ဘာ ၁၈ ရက်မှာ မျက်ဝါးထင်ထင် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

Ref: Gadgets NDTV, GSM Arena

The post ကျောကင်မရာ သုံးလုံးပါ Lenovo Z5s ကို ဒီဇင်ဘာ ၁၈ မိတ်ဆက်မည် appeared first on ဧရာဝတီ.

Huawei နဲ့ ZTE ပစ္စည်းတွေ ဝယ်ယူမှု ဂျပန် ရပ်ဆိုင်းမည်

$
0
0

ဂျပန်အစိုးရဟာ တရုတ်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Huawei Technologies Co Ltd နဲ့ ZTE Corp ရဲ့ ပစ္စည်းတွေကို ဝယ်ယူမှု ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ Reuters သတင်းတပုဒ်မှာ ရေးသားထားပါတယ်။

သတင်းအချက်အလက်ပေါက်ကြားမှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ် ကာကွယ်ရေး တိုးမြှင့်ဖို့အတွက် ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကား ဖော်ပြထားပါတယ်။

တရုတ်အစိုးရဟာ တရုတ်နည်းပညာကုမ္ပဏီတွေကို ထောက်လှမ်းရေးအတွက် အသုံးချနိုင်ဖွယ် ရှိတယ် ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံတွေဟာ တရုတ်ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက် ရှိပါတယ်။

အမေရိကန်မှာ Huawei နဲ့ ZTE ပစ္စည်းတွေကို အစိုးရလုပ်ငန်းတွေမှာ ဝယ်မသုံးဖို့ တားမြစ်ထားသလို၊ သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတို့ကလည်း 5G ကွန်ယက် တည်ဆောက်ရာမှာ Huawei ပစ္စည်းတွေ မသုံးဖို့ ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံဟာ Huawei ကုမ္ပဏီရဲ့ CFO ကိုလည်း အီရန် စီးပွားရေးပိတ်ဆို့မှု ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ကနေဒါနိုင်ငံမှာ လွန်ခဲ့တဲ့ တရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါသေးတယ်။

Huawei နဲ့ ZTE ပစ္စည်းတွေကို ဂျပန်က အဝယ် ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းကို ဂျပန်အခြေစိုက် Yomiuri သတင်းစာက သောကြာနေ့မှာ ပထမဆုံး ဖော်ပြခဲ့တာပါ။ အစိုးရရဲ့ ပစ္စည်းဝယ်ယူမှုဆိုင်ရာ စည်းမျဉ်းစည်ကမ်းတွေကို တနလာၤနေ့မှာ ပြင်ဆင်သတ်မှတ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဂျပန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းအရာရှိ Yoshihide Suga ကတော့ ယခုသတင်းကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်ဟာ ဆိုက်ဘာလုံခြုံရေး အပါအဝင် နယ်ပယ်ပေါင်းစုံမှာ အမေရိကန်အစိုးရနဲ့ နီးကပ်စွာ ဆက်သွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။

“ ဆိုက်ဘာလုံခြုံရေးဟာ ဂျပန်ရဲ့ အရေးကြီး ပြဿနာတခု ဖြစ်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘက်ပေါင်းစုံကနေ တင်းကြပ်စွာ ကြပ်မတ်လုပ်ဆောင်သွားပါမယ်” လို့ ဆိုပါတယ်။

Huawei နဲ့ ZTE ပစ္စည်းတွေကို အစိုးရ ဝယ်ယူမှု ပိတ်ဖို့ပဲ ရှိပြီး၊ အရပ်ဘက် ကုမ္ပဏီတွေကိုတော့ အဝယ် ကန့်သတ်ပိတ်ပင်ဖို့ ခဲယဉ်းမှာဖြစ်ကြောင်း သတင်းရင်းမြစ်တခုက ဆိုပါတယ်။

ဒါပေမယ့် ကမ္ဘာ့နိုင်ငံအသီးသီးက အရပ်ဘက် ကုမ္ပဏီ တချို့အနေနဲ့လည်း တရုတ်ကုမ္ပဏီတွေနဲ့ ဖယ်ခွာမှုတွေ ပြုလုပ်နေကြပါတယ်။

အမေရိကန်မှာဆို SoftBank ရဲ့ လက်အောက်ခံကုမ္ပဏီ Sprint Corp ဟာ Huawei နဲ့ ZTE ပစ္စည်းတွေ သုံးတော့မှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဗြိတိန်ရဲ့ BT Group ကလည်း လက်ရှိ 3G နဲ့ 4G ကွန်ရက်တွေမှာ တပ်ဆင်ထားတဲ့ အခြေခံ နက်ဝေ့ါခ်ပစ္စည်းတွေကို ဖယ်ရှားနေပြီ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် 5G ကွန်ရက်တွေမှာလည်း အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

Huawei ကုမ္ပဏီဘက်ကတော့ ဘေဂျင်းအစိုးရရဲ့ လွှမ်းမိုးမှု လုံးဝမရှိကြောင်း ထပ်ခါတလဲလဲ ငြင်းချက်ထုတ်ထားပါတယ်။

Ref: Reuters

The post Huawei နဲ့ ZTE ပစ္စည်းတွေ ဝယ်ယူမှု ဂျပန် ရပ်ဆိုင်းမည် appeared first on ဧရာဝတီ.

ဖွံ့ဖြိုးမှု ၁၀ ရာခိုင်နှုန်း ရရန် ဘင်္ဂလားဒေ့ရှ် မျှော်မှန်းထား

$
0
0

နောက်လာမည့် ၃ နှစ်အတွင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အလွန်လျှင်မြန်စွာ ကျယ်ပြန့်လာနေသည့် စီးပွားရေးက နောက်ထပ် အရှိန်အဟုန်ရရှိလာပြီး နှစ်စဉ်တိုးတက်မှုနှုန်းက ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားလိမ့်မည်ဟု ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ Sheikh Hasina က ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ ဂျပန် စီးပွားရေး သတင်းဌာန Nikkei Asian Review နှင့် ပြုလုပ်ခဲ့သည့် သီးသန့် အင်တာဗျူးတခုတွင် အသက် ၇၁ နှစ်အရွယ် ရှိတ်ဟာဆီနာက သူ၏နိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံဆိုသည့် အဆင့်အတန်းကို ၂၀၂၄ ခုနှစ်တွင် ဖယ်ရှားနိုင်လိမ့်မည်ဟု ပြောသည်။

ဆယ်စုနှစ် တခုနီးပါးအတွင်းတွင် ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအတွင်း မှန်မှန်ကျယ်ပြန့်လာပြီး ဇွန်လအတွင်းတွင် ပြုဆုံးမည့် ဘဏ္ဍာရေး နှစ်တွင် ၇.၈၆ ရာခိုင်နှုန်းတိုးတက် နေသည့် စီးပွားရေးကို ရှိတ်ဟာဆီနာက စီမံခန့်ခွဲခဲ့ရသည်။ ယခု ဘဏ္ဍာ ရေးနှစ်အတွင်းတွင် တိုးတက်မှုက ၈.၂၅ ရာခိုင်နှုန်းအထိ အရှိန်မြင့်တက်သွားမည်ဟု ခန့်မှန်းရပြီး ဆက်လက်၍လည်း တိုးတက်သွားလိမ့်မည်ဟု ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောသည်။ “တကယ်လို့ ရွေးချယ်ခံရမယ်ဆိုရင် ကျမတို့ ဆောင်ရွက်ခဲ့တဲ့ အစီအစဉ်က ၂၀၂၁ ရောက်ရင် ကျမတို့ကို ၁၀ ရာခိုင်နှုန်းအထိ ရောက်သွားစေလိမ့်မယ်လို့ ကျမ အခိုင်အမာ ပြောနိုင်ပါတယ်” ဟု သူက ဆိုသည်။

မူဝါဒ အစီအစဉ်များမှ တဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အာရှ၏ အလျှင်မြန်ဆုံး တိုးတက်နေသည့် စီးပွားရေး ဖြစ်သွားနိုင်သည် ဟု ဝန်ကြီးချုပ်က ပြောသည်။ သူပြခဲ့သည့် ဥပမာတခုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထူးစီးပွားရေးဇုန် ၁၀၀ ပါဝင်သည့် ကွန်ရက်တခုတည်ထောင်ရေး နိုင်ငံခြား ကုမ္ပဏီများကို ဆွဲဆောင်ရန် အားထုတ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် ဇုန် ၁၁ ခုက လည်ပတ်နေပြီ ဖြစ်ပြီး ၇၉ ခုက တည်ဆောင်နေဆဲ ဖြစ်သည်။

ရွေးကောက်ပွဲက ရှိတ်ဟာဆီနာ၏ မူဝါဒများ အတွက် အရေးပါသော စမ်းသပ်ချက်တခု ဖြစ်လာပါ လိမ့်မည်။ သူ၏ Awami League ပါတီ အာဏာရရှိခဲ့သည့် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲကို အကြီးဆုံး အတိုက်အခံအုပ်စု ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ(BNP) က သပိတ်မှောက်ခဲ့သည်။ ထောင်ကျနေသည့် အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာ Khaleda Zia က ဦးဆောင်သည့် BNP က ယခုအကြိမ်တွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ သို့သော်လည်း သဘောထားစစ်တမ်း ကောက်ယူမှုများအရ Awami League က အမတ်နေရာ ၃၀၀ ရှိသည့် လွှတ်တော်တွင် အများစု အနိုင်ရလိမ့်မည်ဟု မျှော် လင့်ရပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ၎င်းတို့၏ ဒုတိယမြောက် နယူကလီးယား ဓာတ်အားပေးစက်ရုံအတွက် အဆိုပြုမှုများကို နောက်နှစ် အတွင်းတွင် စတင် ရှာဖွေသွားမည်ဟု ရှိတ်ဟာဆီနာက ပြောသည်။ အဆိုပါ ဓာတ်အားပေးစက်ရုံသည် တိုင်းပြည်၏ ရေ ရှည် စီးပွားရေး ဖွံ့ဖြိုးမှုအတွင်းတွင် ဓာတ်အားထောက်ပံ့မှုကို ကျယ်ပြန့်စုံလင်အောင် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အားထုတ်မှု များထဲမှ တခုဖြစ်သည်။

Bangladesh Power Development Board ၏ အဆိုအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ လက်ရှိ ဓာတ်အားထုတ်လုပ်မှု ၁၇၃၄၀ မီဂါဝပ်၏ ၅၈ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့ဖြင့် ဖြစ်သည်။ သို့သော်လည်း ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုက ကျဆင်းနေခြင်းနှင့် အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်း တိုးလာနေသည်ဟု ခန့်မှန်းရသည့် ဓာတ်အား လိုအပ်ချက်ကို ပြည့်မီရေးအတွက် ဓာတ်ငွေရည်တင်သွင်းခြင်းကို သိသိသာသာ တိုးမြှင့်ရန် သာမက နယူကလီး ယား စွမ်းအင်နှင့် ပြည့်မြဲစွမ်းအင်တို့ကို အသုံးပြုရန် စီစဉ်နေသည်။

ရှိတ်ဟာဆီနာက သူအာဏာရရှိခဲ့သည့် ၂၀၀၉ ခုနှစ် အစောပိုင်းကထဲက ရည်မှန်းချက်ကြီးသည့် အခြေခံ အဆောက် အ ဦး အစီအစဉ်တခုကို ဆောင်ရွက်ခဲ့သည်။ သူက ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ် အထိလည်း ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့ဖူး သည်။ ဓာတ်အားပေးစက်ရုံ အရေအတွက်က ၂၇ ခုမှ ၁၂၁ ခုသို့ တိုးလာခဲ့သည်။ လူဦးရေ ၁၆၆ သန်းတွင် ၄၇ ရာခိုင်နှုန်း သာ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ခဲ့ရာမှ ၉၃ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။ နောက်လာမည့် နှစ်လယ်တွင် ၁၀၀ ရာခိုင် နှုန်းရရှိရန် သူက ကတိပြုထားသည်။

ရုရှားနှင့် အိန္ဒိယတို့က တိုင်းပြည်၏ ပထမဆုံးသော နယူကလီးယား ဓာတ်အားပေးစက်ရုံကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနောက် ပိုင်း Rooppur တွင် ဆောင်လုပ်နေသည်။ ဓာတ်အားပေးစက်ရုံတွင် ဓာတ်ပေါင်းဖို ၂ ခုပါဝင်ပြီး ထုတ်လုပ် နိုင်သည့် ဓာတ် အား ပမာဏစုစုပေါင်း က ၂၄၀၀ မီဂါဝပ် ရှိလိမ့်မည် ဟု ရှိတ်ဟာဆီနာက ပြောသည်။ “၂၀၁၄ ခုနှစ်မှာ ဓာတ်အား စတင် ထုတ်လုပ်နိုင်ပါလိမ့်မယ်။”

အဆိုပြုထားသည့် ဒုတိယမြောက် စက်ရုံအတွက်မူ “ကျမတို့ မြေနေရာ ရှာနေတုန်းပါပဲ” ဟု ပြောသည်။ တိုင်းပြည်၏ အဆင်းရဲဆုံး ဒေသများထဲမှ တခုဖြစ်သည့် တောင်ပိုင်းတွင် ဆောက်လုပ်ရန် မျှော်လင့်ကြောင်း ထပ်ပြောသည်။

မြေနေရာသေချာသွားခဲ့လျှင် ရွေးကောက်ပွဲ နောက်ပိုင်း၌ ဖိတ်ခေါ်ထားသည့် အဆိုပြုလွှာများကို စဉ်းစားသုံးသပ်သွားမည် ဟု ရှိတ်ဟာဆီနာက ပြောသည်။ Belt and Road အစီအစဉ်အရ လတ်တလောနှစ်များအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ပါ ဝင်ပတ်သက်မှုများ တိုးမြှင့်လာခဲ့သော တရုတ်နိုင်ငံက ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးအတွက် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားထားသည်ဟု ပြည်တွင်း မီဒီယာ သတင်းများ၏ အဆိုအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အဖြစ် တရုတ်အစိုးရက ခန့်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၃၈ ဘီလီ ယံတွင် အခြေခံအဆောက်အဦး စီမံကိန်းများအတွက် ၂ ဦး ၂ ဘက်သဘောတူထားသည့် အကူအညီ ၂၄ ဘီလီယံ နှင့် ဖက်စပ်လုပ်ငန်းများတွင် ဒေါ်လာ ၁၃.၆ ဘီလီယံတို့ ပါဝင်သည်။ မကြာသေးမီက ဒါကာစတော့အိတ်ချိန်းတွင် တရုတ်နိုင်ငံ က အိန္ဒိယ ပြိုင်ဘက်များထက် ဈေးပိုပေး၍ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်း ရယူနိုင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ် နိုင်ငံမှ စစ်လက်နက်ပစ္စည်းများ အများဆုံး ဝယ်ယူတင်သွင်းသည့် နိုင်ငံများထဲမှ တခုဖြစ်သည်။

အင်အားကြီး နိုင်ငံများ အားလုံးနှင့် သူ၏နိုင်ငံက ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ထုတ်ဖော်ပြောကြားရင်း ရှိတ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ် အစိုးရက ဓာတ်အားပေးစက်ရုံ နှင့် ပတ်သက်၍ နိုင်ငံအတွက် သင့်တော်အဆင်ပြေသည့် အဆိုပြုလွှာတခုကိုသာ ရွေးချယ်လိမ့်မည် ဖြစ်သည်ဟု ဆိုသည်။

၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေးလာခဲ့သော ရိုဟင်ဂျာ ၈၀၀၀၀၀ ခန့် နှင့် ပတ်သက်၍ ရှိတ်ဟာဆီနာက အခြေအနေသည် ရွေးကောက်ပွဲနှင့်ဆိုင်သည့် အကြောင်းတခုဖြစ်လာလိမ့်မည် ဆိုသည့် စိုး ရိမ်မှုများကို အရေးမပါသလို ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအနေဖြင့် အိမ်နီးချင်း အိန္ဒိယ နိုင်ငံတွင်းသို့ လူ ၁၀ သန်းခန့် ထွက်ပြေးခဲ့ကြသည့် ၁၉၇၁ ခုနှစ် က ပါကစ္စတန်နှင့် လွတ်လပ်ရေး စစ်ပွဲမှ ကိုယ်ပိုင်အတွေ့အကြုံများ ရရှိခဲ့ပြီးနောက် ရိုဟင်ဂျာများ နည်းတူ ခံစားပေးနိုင်ကြ ကြောင်း သူက ပြောသည်။ ၁၉၇၁ စစ်ပွဲတွင် သေဆုံးမှုက လူ ၂၀၀၀၀၀ မှ ၂ သန်း အတွင်း ရှိလိမ့်မည်ဟု အနောက် နိုင်ငံ များက ခံမှန်းခဲ့သည်။

“သူတို့ရဲ့ ထိခိုက်နစ်နာမှုတွေကို အသိအမှတ်ပြုကြဖို့ ကျမရဲ့ ပြည်သူတွေကို တောင်းဆိုတဲ့ အချိန်မှာ ပြည်သူတွေက ကျမကို ယုံကြည်ကြတဲ့အတွက် ကျမ အလွန် ကံကောင်းပါတယ်။ တကယ်လို့ လိုအပ်ရင် ကျမတို့ရဲ့ အစားအစာတွေကို ဝေမျှပေးပါမယ်။ ကျမတို့ ပြည်သူတွေက ဒါကို လက်ခံခဲ့ပါတယ်” ဟု သူက ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် များကို လက်ခံခြင်းနှင့် ပတ်သက်၍ ပြောသည်။

“ကျမတို့ အပိုင်းပြီးပါပြီ။ ကျမတို့က သူတို့ကို နေစရာပေးပါတယ်။ အစားအစာ၊ ကျန်းမာရေး ထောက်ပံ့မှု၊ သူတို့ရဲ့ ကလေး တွေကို စောင့်ရှောက်ဖို့၊ အမျိုးသမီးတွေကို စောင့်ရှောက်ဖို့ ပံ့ပိုးပေးပါတယ်” ဟု သူက ထပ်ပြောသည်။

ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး စတင်ရန် နိုဝင်ဘာလအလယ်ပိုင်းတွင် ၂ နိုင်ငံ သဘောတူခဲ့ကြသော်လည်း ပြန်သွား မည့်သူများ၏ ပထမအသုတ်က ထွက်ခွာရန် ငြင်းဆန်ခဲ့ကြပြီးနောက် အဆိုပါ အားထုတ်မှုများ ရပ်ဆိုင်းခဲ့ရသည်။ ဒုက္ခ သည် အချို့ကို အနီးမှ ကျွန်းတကျွန်းပေါ်ရှိ နေရာသစ်များ တွင် ရွှေ့ပြောင်းချထားပေးရန် အစီအစဉ်များကို ရှိတ်ဟာဆီနာက အတည်ပြုခဲ့သော်လည်း ရေမြုပ်တတ်သည့် အဆိုပါကျွန်းက ထောင်ကဲ့သို့သော စခန်းတခုဖြစ်လိမ့်မည်ဆိုသည့် နိုင်ငံတကာ၏ စိုးရိမ်မှုများကို ပယ်ချခဲ့သည်။

“အဲဒါက လှပတဲ့ ကျွန်းတကျွန်းပါ။ လူတွေ ကျွဲနွားတွေ မွေးမြူဖို့ အသုံးပြုခဲ့ပါတယ်။ သူတို့ အဲဒီမှာ ကောင်းကောင်းနေနိုင် ကြမှာပါ။ ကလေးငယ်တွေ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရပါလိမ့်မယ်။ ကျမတို့ သိုလှောင်ရုံတခု တည် ဆောက်ထားပါတယ်။ ဒါကြောင့် ကျမတို့ အကူအညီပေးနိုင်မှာပါ။ အခုအချိန်မှာတော့ ကျမတို့က လူ ၁၀၀၀၀၀ အတွက် ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ကျမတို့ အဲဒီကို ၁ သန်း အထိ ပို့လို့ရပါတယ်” ဟု သူက ပြောသည်။

ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ရန် ဖိအားပေးမည် မဟုတ်ကြောင်း ဝန်ကြီးချုပ်က ထပ်မံပြောကြားခဲ့သည်။ သို့သော် လည်း ထိုပြဿနာဖြေရှင်းရေးအတွက် အခြားသောနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကူညီပေးကြရန် တောင်းဆိုလိုက်သည်။ ယခုအချိန်သည် မြန်မာနိုင်ငံက ၎င်းတို့ပြည်သူများကို ၎င်းတို့ ကိုယ်ပိုင်နိုင်ငံသို့ ပြန်ခေါ်ရေးအတွက် မည်သို့ လုပ်မည်ကို ဖော်ထုတ်ရမည့် နိုင်ငံတကာ၏ အလှည့် ဖြစ်သည်ဟု သူက ပြောသည်။

ကိုးကား ။ ။ Nikkei Asian Review

The post ဖွံ့ဖြိုးမှု ၁၀ ရာခိုင်နှုန်း ရရန် ဘင်္ဂလားဒေ့ရှ် မျှော်မှန်းထား appeared first on ဧရာဝတီ.

ဖုန်းမေ့ကျန်ရင် သတိပေးမယ့် Google စမတ်ဂျာကင်

$
0
0

Google ကနေ ဖုန်း၊ Tablet ၊ လက်ပ်တော့ နဲ့ အိမ်သုံး စမတ်ပစ္စည်းတွေ ထုတ်နေတာကို အားလုံး သိကြမှာပါ။ ဒါပေမယ့် Google နဲ့ Levi’s တို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ Commuter X Jacquard စမတ်ဂျာကင်ကိုတော့ လူသိနည်းပါတယ်။

Jacquard စမတ်ဂျာကင်ကို ၂၀၁၇ ခုနှစ်မှာ စတင်ရောင်းချခဲ့တာ ဖြစ်ပြီး၊ ဒီဂျာကင်အတွက် လုပ်ဆောင်ချက်အသစ်တွေကို Google ဘက်က ပုံမှန် ထုတ်ပေးနေခဲ့ပါတယ်။ ဒီနေ့မှာလည်း Jacquard စမတ်ဂျာကင် အတွက် Always Together ဆိုတဲ့ လုပ်ဆောင်ချက်အသစ်တမျိုးကို ထပ်ထုတ်ပေးလိုက်ပါတယ်။

Always Together ဟာ ဖုန်းနဲ့ ဂျာကင်တို့ သတ်မှတ်အကွာအဝေး ကျော်လွန်သွားတဲ့အခါ အလိုအလျာက် သတိပေးမယ့် လုပ်ဆောင်ချက်တခု ပါ။

ဒီ လုပ်ဆောင်ချက် ဖွင့်ထားမယ်ဆိုရင် ဖုန်း(သို့) ဂျာကင် မေ့ကျန်ခဲ့တာနဲ့ နှစ်ဘက်စလုံးမှာ အသိပေးချက် ဝင်လာမှာ ဖြစ်ပါတယ်။ ဖုန်းမေ့ကျန်ခဲ့တယ်ဆိုရင် ဂျာကင် လက်ဖျားက တံဆိပ်က တုန်ခါပြီး၊ မီး မှိတ်ချည်လင်းချည် အချက်ပြပေးမှာပါ။ ဒီအတိုင်းပဲ ဂျာကင်မေ့ကျန်ခဲ့တယ်ဆိုရင် ဖုန်းထဲမှာ အသိပေးချက် ဝင်လာပါမယ်။ အမြဲတမ်း ပစ္စည်းတခုခု မေ့ကျန်လေ့ရှိသူတွေအတွက် အသုံးဝင်မယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။

Jacquard စမတ်ဂျာကင်မှာ ဖုန်းတည်နေရာကို ရှာဖွေနိုင်တဲ့ ‘Find Your Phone’ လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။ ဂျာကင်နဲ့ တွဲသုံးရတဲ့ Jacquard App ကနေ လက်အမူအရာပုံစံ တခု ထည့်ထားပြီး၊ ဖုန်း ရှာမတွေ့ဘူးဆိုရင် လက်အမူအရာနဲ့ ဖုန်းကို အသံအကျယ်ဆုံး လှမ်းမြည်ခိုင်းနိုင်ပါတယ်။

Jacquard စမတ်ဂျာကင်မှာ စမတ်ဖုန်းက သီချင်းဖွင့်ထားတာကို Touch နဲ့ လှမ်းထိန်းချုပ်နိုင်တဲ့ လုပ်ဆောင်ချက်၊ Uber ဒါမှမဟုတ် Lyft အဌားယာဉ် ရောက်လာရင် အသိပေးမယ့် စနစ် စတဲ့ လုပ်ဆောင်ချက် မျိုးစုံလည်း ပါဝင်ပါသေးတယ်။

Levi’s နဲ့ Google တို့ ပေါင်းထုတ်ထားတဲ့ စမတ်ဂျာကင်ကို ၃၅၀ ဒေါ်လာဈေးနဲ့ Levi.com ကနေ ဝယ်ယူနိုင်ပါတယ်။

Ref: The Verge, Android Police

The post ဖုန်းမေ့ကျန်ရင် သတိပေးမယ့် Google စမတ်ဂျာကင် appeared first on ဧရာဝတီ.


Display အပေါက်နဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းကို Honor မိတ်ဆက်

$
0
0

Display မှာ ကင်မရာအတွက် အပေါက်ဖောက်ထားတဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းကို Huawei ရဲ့ အမှတ်တံဆိပ်ခွဲ တခုဖြစ်တဲ့ Honor က မိတ်ဆက်လိုက်ပါပြီ။ Honor V20 လို့ အမည်ရပြီး၊ ဟောင်ကောင်မှာ တနင်္လာနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Samsung ကလည်း အလားတူ Display အပေါက်နဲ့ ဖုန်းကို ယနေ့ မိတ်ဆက်မှာဖြစ်ပေမယ့်၊ Huawei က နာရီပိုင်း စောပြီး မိတ်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကမ္ဘာ့ပထမဆုံး Screen အတွင်း ကင်မရာ ပါဝင်တဲ့ စမတ်ဖုန်း” လို့ ကြွေးကြော်ထားတဲ့ Honor V20 ရဲ့ Screen အပေါ်၊ ဘယ်ဘက်ထိပ်ဆုံးမှာ သေးငယ်တဲ့ အပေါက်လေးတခုကို တွေ့မြင်ရမှာပါ။ အချင်း ၄.၅ မီလီမီတာပဲ ရှိတဲ့အတွက် Screen နဲ့ ကိုယ်ထည်အချိုးက ပိုများလာပါတယ်။

Honor ရဲ့ V20 စမတ်ဖုန်းဟာ ဈေးကွက်တွင်းမှာ 48-megapixel ကျောကင်မရာဆန်ဆာ ပါဝင်လာတဲ့ ပထမဆုံးဖုန်း လည်း ဖြစ်ပါတယ်။ Sony ရဲ့ IMX586 CMOS ဆန်ဆာသုံးထားတယ်လို့ ဆိုပါတယ်။ Mate 20 နဲ့ Mate 20 Pro လို Flagship ဖုန်းတွေမှာ သုံးထားတဲ့ Kirin 980 Chipset လည်း ပါဝင်လာပါတယ်။

ဒါ့အပြင် View 20 မှာ “Link Turbo” ဆိုတဲ့ AI သုံး လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။ အကောင်းဆုံး မြန်နှုန်းကို ရရှိဖို့အတွက် 4G LTE နဲ့ Wi-Fi လိုင်းတို့ကို ပေါင်းစပ် အသုံးပြုပေးမယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။

Wi-Fi လိုင်း မကောင်းတဲ့အခါလည်း 4G ကို အလိုလို ပြောင်းပေးသွားမှာပါ။ လိုင်းမကောင်းလည်း Wi-Fi ပဲ ချိတ်နေတတ် တဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ဒီဖုန်းနဲ့ ပတ်သက်တဲ့ တခြား အချက်အလက်တွေကိုတော့ ဒီဇင်ဘာ ၂၆၊ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ပြုလုပ်မယ့် ပွဲမှာ ကြေညာသွားမှာပါ။

နိုင်ငံတကာဈေးကွက်အတွက် မိတ်ဆက်ပွဲကိုတော့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဇန်နဝါရီ ၂၂ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ Twitter မှာ ရေးသားထားပါတယ်။

Honor V10 တုန်းကအတိုင်း ဒီဖုန်းကို တချို့နိုင်ငံတွေမှာ Honor View 20 အဖြစ် မိတ်ဆက်သွားဖို့ ရှိပါတယ်။

Ref: Gadgets NDTV, Engadget

The post Display အပေါက်နဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းကို Honor မိတ်ဆက် appeared first on ဧရာဝတီ.

ပြည်တွင်း စီးပွားရေး လုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့် အခွန်မဆောင်ကြဟု ဆို

$
0
0

မြန်မာနိုင်ငံ အတွင်း လုပ်ဆောင်နေသည့် စီးပွားရေး လုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့် အခွန်မဆောင်ဘဲ လုပ်ကိုင်နေကြ ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွှန့်က ပြောသည်။

ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ရှိ စည်ပင် ဧည့်ရိပ်သာ၂ တွင် ပြုလုပ်သည့် NLD ဗဟို အလုပ်မှုဆောင် အဖွဲ့၏ အစည်း အဝေး အပြီး မီဒီယာများကို ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ဒေါက်တာ မျိုးညွန့်က“ကျနော်တို့ စီးပွားရေး လုပ်ငန်းတွေဆိုလည်း ၉၀ ရာခိုင်နှုန်းဟာ တရားမဝင် လုပ်ငန်းတွေပါ။ အဲဒီ တော့ ဒီစီးပွားရေး လုပ်ငန်းအပြင် ရုံးလုပ်ငန်း အားလုံးမှာလည်း နားလည်မှု သက်သက်နဲ့ ကျနော်တို့က နေသား ကျနေ ပါပြီ။ ဒီဟာပြောင်းဖို့ ကိစ္စမှာ နေရာတိုင်းမှာ ဖြည်းဖြည်းချင်း ပြောင်းလဲရမှာပါ”ဟု ဆိုသည်။

နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပြည်သူများ အခွန် ထမ်းဆောင်မှသာလျှင် နိုင်ငံ၏ စီးပွားရေး လည်ပတ်နိုင်မည် ဖြစ် ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရများက နိုင်ငံ တည်ဆောက်ရေးတွင် သဘာဝ သယံဇာတများမှ ရရှိသည့် ငွေများဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတခု တည်ဆောက်နိုင်ရေးတွင် ထိုက်သင့်သည့် အချိုးအစားများဖြင့် နိုင်ငံတော်ကို အခွန်ပေးဆောင်ကြရန် ၎င်းက ပြောဆိုသည်။

ဒေါက်တာ မျိုးညွှန့်က“တချို့နေရာတွေမှာ အများကြီး တွေ့ရတယ်။ တရားမဝင် ထမင်းဆိုင်တွေ တွေ့မယ်။ အင်မတန် ကောင်းတဲ့ လုပ်ငန်းကြီးတွေ တွေ့မယ်။ ဒါတွေဟာ တကယ်တမ်း နိုင်ငံတော်ကို အခွန်ပေးဆောင်နေရဲ့လား။ ဒါ အားလုံး သိပါတယ်။ အဲဒါကို ဆိုလိုတာပါ။ ဘိန်းမှောင်ခို ကူးတာကိုမှ တရားမဝင်ဘူးလို့ ပြောတာ မဟုတ်ပါဘူး”ဟု ပြောသည်။

ယင်းကဲ့သို့ အခွန်မဆောင်ဘဲ စီးပွားရေး  လုပ်နေသူများကို အခွန် ရှုထောင့်မှ ကြည့်ပါက ဖွံ့ဖြိုးပြီး နိုင်ငံများ၌ အလွန်ကြီး မား သည့် ပြစ်ချက် တခုလည်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့ပြင် ပြည်တွင်း၌ အခွန် တိမ်းရှောင်သော လူအများစု ရှိနေကြပြီး ရုံးလုပ်ထုံး လုပ်နည်းများတွင် တရားမဝင် နည်းလမ်း များကို သုံးစွဲနေကြကြောင်းလည်း ဆိုသည်။

ပြည်သူ့ လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးက လူတဦး တနှစ်လျှင် ဝင်ငွေ ကျပ် ၄၈ သိန်းနှင့်အထက် ဝင်ငွေ ရရှိနေသူများ အခွန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း ပြောသည်။

တနှစ် ကျပ်သိန်း ၁၀၀ ဝင်ငွေ ရှိသူသည် အခွန် ထမ်းဆောင်မည် ဆိုပါက ဝင်ငွေထဲမှ ၂၀ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့် ပေးပြီး အိမ်ထောင်ဘက် ရှိပါက ၁၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ထပ်ပေးထားကြောင်း ၎င်းက ပြောဆိုသည်။

တနှစ်ကို ကျပ် သိန်း ၁၀၀ ဝင်ငွေ ရှိသူ အခွန်ထမ်းဆောင်မည် ဆိုပါက ၅ နှစ်ကြာလျှင် သိန်း ၅၀၀ အတွက် ဝင်ငွေခွန် ဆောင် ထားသဖြင့် ငွေဖြူ သိန်း ၅၀၀ ရှိသွားပြီ ဖြစ်ကာ ထိုသိန်း ၅၀၀ ဖြင့် ပစ္စည်းတခု ဝယ်သည့်အခါ အခွန်ပေးစရာ မလိုတော့ကြောင်း၊ အခွန် မဆောင်ထားဘဲ သိန်း ၅၀၀ တန် ပစ္စည်းဝယ်မည် ဆိုပါက ၇၅ သိန်း အခွန် ဆောင်ရမည် ဖြစ်ကြောင်း ဦးခင်အေးက ရှင်းပြသည်။

“အခွန်ဆောင်ဖို့ အတွက် ပညာပေးရမှာ ဖြစ်ပါတယ်။ အခွန်ဆိုတာ အများကြီးပေးရမယ် ထင်လို့ ကြောက်နေကြတယ်။ ဟိုခေတ်တုန်းကလို မဟုတ်တော့ပါဘူး။ အခွန်ဌာန ကလည်း ကောက်ချင်တိုင်း ကောက်လို့ မရပါဘူး။ ကြောက်စရာ မလို ဘူး။ ဒါတွေကို လူထုကို ပညာပေးရမယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ပြည်သူများ အခွန် ဆောင်ချင်လာစေရန် အစိုးရပိုင်းက ကူညီထောက်ပံ့မှုများနှင့် ယုံကြည်မှုပါ ရှိစေရေး ဆောင်ရွက်ပေးရန် လိုကြောင်း နေပြည်တော် ဇေယျာ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးနန္ဒကျော် က ဟု ဧရာဝတီသို့ ပြောသည်။

“ပြည်သူ ဆောင်လိုက်တဲ့ အခွန်က ဘယ်မှာ ဘာသုံးတယ် ဆိုတာ မသိဘူးလေ။ ဘာလုပ်မှန်း မသိတော့ ယုံကြည်မှု နည်း တယ်။ အစိုးရ ကိုယ်တိုင် ပြည်သူကို ယုံကြည်မှု ရှိလာအောင် လုပ်ပြရမှာ။ ဆောင်လိုက်တဲ့ အခွန်နဲ့ ထိုက်တန်အောင် ပြည်သူကို ဘာတွေ စောင့်ရှောက်မှု ပြန်ပေးမှာလဲ။ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ပံ့ပိုးမှုတွေ ဘာတွေ ပေးမှာလဲ။ ပြည်သူကိုလည်း အခွန်ဆောင်တာနဲ့ ညီမျှအောင် အကူအညီတွေ ထောက်ပံ့မှုတွေ ကာကွယ်ပေးမယ်ဆိုရင် ဆောင်ကြမှာပါ။ ခေတ်အဆက်ဆက်က မဆောင်လာကြတာပါ။ အခု NLD တက်လာလို့ NLD ကို မဆောင်တာလည်း မဟုတ်ဘူး”ဟုလည်း ၎င်းက ဆိုသည်။

၂၀၁၇- ၂၀၁၈ စည်းကြပ်နှစ် အတွက် ဝင်ငွေခွန် အများဆုံး ပေးဆောင်သည့် စာရင်းတွင် ထိပ်ဆုံး ၁၀ ဦး ပါဝင်သည့် လုပ်ငန်းများမှာ ကျပ်သန်း၂၀၀၀၀ (ကျပ်ဘီလီယံ ၂၀) အထက် ပေးသွင်းခဲ့သော ကမ္ဘောဇဘဏ်နှင့် Denko Trading Co.,Ltd တို့ ဦးဆောင်ခဲ့ကြောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနက ထုတ်ပြန်သော အခွန်ထမ်းဆောင်မှု ပမာဏ စာရင်း တွင် ဖော်ပြထားသည်။

ယခု စည်းကြပ်နှစ် အတွက် ဝင်ငွေခွန် ပေးဆောင်သူများ စာရင်း၌ ထိပ်ဆုံး ၁၀ ဦး ပါဝင်သည့် လုပ်ငန်းများမှာ ကျပ်သန်း ၂ သောင်း အထက်တွင် ကမ္ဘောဇဘဏ် လီမိတက်၊ ကျပ်သန်း ၁ သောင်း အထက်တွင် မြဝတီဘဏ် လီမိတက်၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၊ ကျပ်သန်း ၁၀၀၀၀ အောက်တွင် ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီ လီမိတက်၊ International Beverages Trading Co.,Ltd ၊ ဧရာဝတီ ဘဏ် ၊ Myanmar Winery & Distellery Co.,Ltd ၊ သမဝါယမ ဘဏ်၊ ကျပ် သန်း ၅၀၀၀ အောက်တွင် Myawaddy Trading Ltd ၊ Myanma Awba Group Co., Ltd တို့ ဖြစ်ကြောင်း သိရသည်။

The post ပြည်တွင်း စီးပွားရေး လုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့် အခွန်မဆောင်ကြဟု ဆို appeared first on ဧရာဝတီ.

ဦးသန်းရွှေသား ဟိုတယ်စီမံကိန်း ဒေသခံ အများစု ထောက်ခံဟု သမ္မတရုံး ပြော

$
0
0

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သားဖြစ်သူ ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်သည့် Myanmar Naing Group ကုမ္ပဏီက အင်းလေးကန် မြေဧက ၉၀ ပေါ်တွင် ဟိုတယ်တခု ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်မှုကို ဒေသခံ အများစုက ထောက်ခံနေကြောင်း သမ္မတရုံးထံမှ သတင်း ရရှိသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဒေသအတွင်းရှိ မိုင်းသောက် ကျေးရွာ အုပ်စု၊ သကြားစက်ကွင်း အတွင်း မြေဧရိယာ ၉၀ ပေါ်တွင် အထက်ပါ ကုမ္ပဏီက ဟိုတယ် တည်ဆောက်ရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက မြေအသုံး ချခွင့် စတင် လေ ျှာက်ထားစဉ် ဒေသခံများ၏ လက်မှတ်ရေးထိုး၍ ကန့်ကွက်မှုကို ခံခဲ့ရသဖြင့် ယာယီ ရပ်နားထားရသည်။

ထို့ကြောင့် ယင်းစီမံကိန်းကို ကန့်ကွက်သူများ ရှိသဖြင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ ဌာနဆိုင်ရာများဖြင့် ကွင်း ဆင်း စစ်ဆေးဆောင်ရွက်ရန် သမ္မတရုံးက ညွှန်ကြားချက်ပေးခဲ့ပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း၌ ထောက်ခံသူများ ရှိနေ သည်ဆိုသည့် အချက်အလက်များ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေပြည်တော်တွင် သတင်း ထောက်များကို ပြောသည်။

“ကွင်းဆင်းပြီးကြည့်တဲ့အချိန်မှာ တချို့က အပြုသဘော လက်ခံတဲ့သူတွေလည်း ရှိတယ်။ အများစုက လက်ခံတယ်။ အနည်းစုက ကန့်ကွက်နေတဲ့ သဘောလို့ သိရတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

မြေပြင် ကွင်းဆင်းမှု အဖွဲ့ တွင် ညောင်ရွှေပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၂ ဦး၊ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်၊ မြို့နယ် လယ်ယာမြေနှင့် စာရင်းအင်း စီမံခန့်ခွဲရေး ဦးစီးမှူး၊ မြို့ နယ် သစ်တောဌာနက ဦးစီးအရာရှိ၊ အင်လေးကန် ဘေး မဲ့တော အုပ်ချုပ်ရေးမှူးတို့ ပါဝင်ကြောင်း သမ္မတရုံးမှ သိရသည်။

ဟိုတယ် စီမံကိန်းကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးထားသူ လူဦးရေ ၁ သောင်းခွဲခန့် အထိရှိရာ ၎င်းတို့သည် ကိုယ်ကျိုး စီး ပွား အလို့ငှာ ကုမ္ပဏီနှင့် ပူးပေါင်းကာ ရယူလိုမှုကို ဦးစားပေးသူများ ဖြစ်ကြောင်း၊ ထို့ပြင် စီမံကိန်းကို ကန့်ကွက်လိုက ကန့်ကွက်နိုင် ကြောင်းသာ ကြေညာခဲ့ရာ ထောက်ခံသူများမှာ တရားမဝင်ကြောင်း အင်းလေးဒေသ၊ မိုင်းသောက်ရွာခံ ဦးထိန်လွင်က ပြောသည်။

“ထောက်ခံလိုက ထောက်ခံနိုင်ပါတယ်ဆိုတာ တရားမှ မဝင်တာ။ ကန့်ကွက်လိုက ကန့်ကွက်နိုင်တယ်ပဲ ပြောထားတာ။ သူတို့ လုပ် ရပ်က တရားမဝင်ဘူး။ လူဦးရေ ဘယ်လောက်ပဲ တက်တက်။ ကန့်ကွက်တာကပဲ တရားဝင်တယ်။ ထောက်ခံတာကိုပဲ အဲဒါကိုပဲ ဦး စားပေးလိုက်ရင်တော့ သူတို့ဘက်က နိုင်မှာပေါ့ဗျာ”ဟု ဦးထိန်လွင်က ပြောသည်။

စီမံကိန်းကို ဒေသခံ ၄၀၀၀ ကျော်၏ ကန့်ကွက်မှုကို ကြုံရချိန်တွင် အစိုးရ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန် ကြီး ဌာနကလည်း ဒေသခံများ၏ သဘောထားနှင့်အတူ ယင်းနေရာကို မူလ အတိုင်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော နေရာ ပြန် လည်ပြုလုပ်ရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ထောက်ခံပေးခဲ့သည်။

အင်လေးဒေသ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာ အုပ်စု ၁၂ အုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ လက်မှတ်နှင့် ထောက်ခံကြောင်း စာရင်း တင်ပြလာ ကြောင်း၊ သို့သော် ထောက်ခံသူများသည် အင်းလေးကန် ပျက်စီးယိုယွင်းမှု ထိခိုက်မှု မရှိပါက စီမံကိန်းကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးပေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

သို့သော် အသေးစိတ် ကွင်းဆင်း စစ်ဆေးမှုများ မပြီးမီ အင်းလေးကန် ဘေးမဲ့တော နယ်မြေကနေ ပလပ်ပေးလိုက်သည့် ကိစ္စသည် လုပ်ထုံးလုပ်နည်း ဥပဒေ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီ၊ မညီကိုပါ ပြန်လည် စိစစ်မှုများ ပြုလုပ်နေကြောင်း၊ သို့သော် အပြီးသတ် အစီရင်ခံစာ သမ္မတရုံး တင်ပြလာခြင်း မရှိသေးကြောင်း ဒီဇင်ဘာလ ၈ ရက်နေ့က ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

၂၀၁၁ ခုနှစ်တွင် ယင်းမြေဧက ၉၀ ပေါ်၌ နိုင်ငံတကာ အဆင့်မီ ဟိုတယ်တခု တည်ဆောက်ရန်ဟုဆိုကာ သဘာဝ သစ်တောမြေမှ ပယ်ဖျက်ပြီး ခွင့်ပြုချက် ပေးထားသော်လည်း ၂၀၁၆ ခုနှစ် အထိ မြေဂရမ် လာရောက် လျှောက်ထား ခြင်း မရှိခဲ့ကြောင်း၊ သို့သော် ၂၀၁၆ ခုနှစ် ရောက်မှ ခွင့်ပြုချက် တင်ပြလာသဖြင့် ပြည်နယ် အစိုးရက ခွင့်မပြုတော့ကြောင်း ၎င်းက စက်တင်ဘာလအတွင်းက သတင်းထောက်များကို ပြောဆိုထားသည်။

စီမံကိန်း လုပ်ပိုင်ခွင့် ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလသည် ၂၀၁၀ ရွေးကောက်ပွဲ ပြီးသော်လည်း အာဏာ မလွှဲရသေးဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၁၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့ မိန့်ခွန်းကို တက်ရောက် ပြော ဆိုခဲ့သေးသည်။

အစိုးရ ဝန်ကြီးဌာန တခုဖြစ်သည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အမျိုးသား လွှတ်တော်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီသို့ ပြန်ကြားသည့်စာတွင် ဒေသခံများ၏ ထောက်ခံချက်ဖြင့် “ဘေးမဲ့တော” ပြုလုပ်ရန် သင့်လျော်ကြောင်း ထောက်ခံပေးခဲ့သည်။

အဆိုပါ ထောက်ခံပေးခဲ့သည့်စာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်း ကိုယ်တိုင် လက် မှတ် ရေးထိုးထားပြီး ရှမ်းပြည်နယ် အစိုးရနှင့် အမျိုးသား လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီတို့ ကလည်း ထောက်ခံပေးရန် လိုကြောင်း ဖော်ပြထားသည်။

ယခုအခါ အင်းလေးကန်နှင့် ပတ်ဝန်းကျင်တွင် ဟိုတယ် ၁၄ လုံးအထိ ရှိနေပြီး ယခင် ခေတ်အဆက်ဆက်က ကန့်ကွက် ခွင့် မရခဲ့၍ မပြောနိုင်ခဲ့ကြောင်း၊ ယခုအခါ ယင်းနေရာများမှာလည်း မြေသိမ်း ဆိုင်ရာ ကိစ္စများနှင့် အချင်း များ နေဆဲ ဖြစ်ကြောင်း၊ ဟိုတယ်ဇုန် အတွက်လည်း ဧက ၆၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း ဒေသခံများထံက စုံစမ်း သိရှိရသည်။

ဆက်စပ်သတင်းများ – ဦးသန်းရွှေသား ဟိုတယ် စီမံကိန်း အဖွဲ့စုံဖြင့် ကွင်းဆင်း စစ်ဆေးနေ

ဦးသန်းရွှေ သား၏ ဟိုတယ်စီမံကိန်းနေရာကိစ္စ အစိုးရ ဒေသခံပြည်သူများဘက်မှ ရပ်တည်

The post ဦးသန်းရွှေသား ဟိုတယ်စီမံကိန်း ဒေသခံ အများစု ထောက်ခံဟု သမ္မတရုံး ပြော appeared first on ဧရာဝတီ.

ဗဟိုဘဏ် ဒေါ်လာများ ပြန်ဝယ်ခြင်းမှာ ငွေလဲနှုန်း တည်ငြိမ်းရေး အတွက်ဟု ဆို

$
0
0

အမေရိကန် ဒေါ်လာ ဈေးကျချိန်၌ ပုဂ္ဂလိက ဘဏ်များထံမှ ဒေါ်လာ သန်းနှင့်ချီ ဝယ်ယူခြင်းမှာ ငွေလဲနှုန်း တည်ငြိမ် ရေး အတွက် ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်က မြန်မာ နိုင်ငံဘဏ်များ အသင်းရုံး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တပတ်အတွင်းက ပြည်တွင်း ဘဏ်များထံမှ အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော် ဗဟိုဘဏ်မှ ဝယ်ယူ ခဲ့ခြင်းနှင့် ပတ်သက်၍ အများ ဝေဖန်ကြသကဲ့သို့ ပြည်တွင်း ဘဏ်များ အကျိုးရှိရန် လုပ်ပေးသည် ဆိုသော စွပ်စွဲချက် မှာ လုံးဝ မမှန်ကြောင်း ဦးစိုးသိန်းက ဆိုသည်။

“အဲဒီနေ့ (ဒီဇင်ဘာ ၄ ရက်) တနေ့တည်းကို ကြည့်လိုက်ရင် ဈေးက အကျကြမ်းတယ်။ မီဒီယာမှာ ဗဟိုဘဏ်က ဈေး ကျ မှာ စိုးလို့ ဝယ်တယ် ဆိုတာမျိုးတော့ မဟုတ်ဘူး။ နောက် ဒုတိယ အချက်က ဘာလဲဆိုတော့ ဘဏ်တွေကို အကျိုး ရှိအောင် တမင်တကာ လုပ်ပေးတယ် ဆိုတဲ့ စွပ်စွဲချက်က ဒါတော့ လုံးဝ မမှန်ဘူး။ ဒါတော့ ကျနော် ငြင်းလို့ ရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ဒေါ်လာ ဝယ်ယူခြင်းမှာ ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့် ဗဟိုဘဏ်၏ အရန်ငွေကြေး ပိုမိုတောင့်တင်း လာစေ ရန် စုဆောင်းခြင်းတို့ အတွက် ဝယ်ယူခြင်း ဖြစ်ကြောင်း ဦးစိုးသိန်းက ရှင်းလင်းသည်။

ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်းက ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၅၄၅ ကျပ် ရှိရာမှ ညနေပိုင်း၌ ၁၄၉၀ ကျပ် အထိ ၅၅ ကျပ် ဝန်းကျင် ဈေးကျခဲ့သည်။

ထို့နောက် ဗဟိုဘဏ်မှ ပုဂ္ဂလိက ဘဏ်များထံမှ ဒေါ်လာ ဝယ်ယူပြီးနောက် ပြည်တွင်း ဒေါ်လာဈေးများ ပြန်လည် မြင့် တက်လာကြောင်း ဈေးကွက် အတွင်းက သိရသည်။

ပုဂ္ဂလိက ဘဏ်များသည် ယင်းကာလတွင် ပြင်ပအရောင်းအဝယ် လုပ်သူများထံမှ ၁ ဒေါ်လာလျှင် ၁၅၀၀၊ ၁၅၁၅ ကျပ် တို့ နှင့် ဝယ်ယူပြီး ဗဟိုဘဏ်သို့ ၁၅၇၀ ကျပ်ဖြင့် ပြန်လည် ရောင်းချခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ငွေကြေး ဖောင်းပွမှုမျိုး မဖြစ်ရန် စီးပွားရေး စနစ်ရှိ ငွေကြေး ပမာဏသည် ရည်မှန်းချက်ထက် ကျော်လွန်နေပါ က အပ်ငွေ လေလံ (Deposit Auction) ခေါ်ယူပြီး ပိုလျှံသည့် ငွေပမာဏများကို နုတ်သိမ်းခြင်းများ ဆောင်ရွက်လျက် ရှိသည်ဟု ဗဟိုဘဏ်က သိရသည်။

ဗဟိုဘဏ် အနေနှင့် ဒေါ်လာငွေ လဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် လုပ်ဆောင်လျက် ရှိပြီး ဈေးကွက် အတွင်း၌ ဒေါ်လာ ဈေး တက်လာပါက ဒေါ်လာ ထုတ်ရောင်းခြင်း၊ ကျဆင်းပါက ဒေါ်လာ ဝယ်ယူခြင်း များကို လုပ်ဆောင်သွား မည် ဖြစ်ကြောင်းလည်း ဆိုထားသည်။

စီးပွားရေး လေ့လာ သုံးသပ်သူ ဦးမင်းခင်က“ဗဟိုဘဏ်က ရောင်းတာပဲ မဟုတ်ဘူး။ ဝယ်လည်း ဝယ်တယ်။ ဈေးကွက် တွင်းမှာ ထိန်းကျောင်းပေးရတဲ့ နှုန်းရှင် စနစ်ကို သူတို့ ကျင့်သုံးတာပေါ့။ အဲဒီလိုဖြစ်တဲ့ အတွက် ဈေးတွေ ရုတ်တရက် ကျသွားတဲ့ အချိန်မှာ ဘဏ်ဘက်မှာ ဝယ်သူရှိလာတယ်။ ဈေးကွက် သဘောအရ ဈေးကျသွားရင် ရောင်းသူ နည်းသွား တယ်။ အဲဒီအခါမှာ ဈေးကွက်ရဲ့ ဝယ်လိုအားကို ဗဟိုဘဏ်က ဖြည့်ပေးလိုက်တာပေါ့နော်။ အဲဒီလို သွားတယ်။ ဒါကြောင့် ပြည်သူ့ ပိုက်ဆံ ဗဟိုဘဏ်က အရှုံးခံတယ် လို့တော့ ပြောလို့ မရပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက“အခုဆို သာမန် လူပြိန်း မျက်စိနဲ့ တွက်မယ် ဆိုရင် ဗဟိုဘဏ်က ဝယ်လိုက်တဲ့ သန်း ၃၀ က အခု ဈေးက ပြန်တက်နေတော့ မြတ်နေပြီလေ။ ဒါကြောင့် ပြည်သူ့ငွေ ဆုံးရှုံးခံပြီး လုပ်တယ်လို့ ပြောဖို့ ခက်တယ်။ နောက် ပြီးတော့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဈေးဖြစ်ရဲ့လား ဆိုတော့ ဈေးကွက် သဘာဝအရတော့ အရောင်းနဲ့အဝယ် ကျနိုင်တယ်။ ရောင်းသူများရင် ဈေးကျမယ်။ ဝယ်သူများရင် ဈေးတက်မယ်”ဟု ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်တွင် ဗဟိုဘဏ် ပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ၁၅၆၁ ကျပ်ဈေးရှိပြီး ပြင်ပ၌ အဝယ် ၁၅၄၂ ကျပ်၊ အရောင်း ၁၅၅၂ ကျပ်တို့နှင့် အမြင့်ဈေး ဖြစ်ပေါ်လျက် ရှိသည်။

The post ဗဟိုဘဏ် ဒေါ်လာများ ပြန်ဝယ်ခြင်းမှာ ငွေလဲနှုန်း တည်ငြိမ်းရေး အတွက်ဟု ဆို appeared first on ဧရာဝတီ.

MPT အခွန်အများဆုံး ဆောင်ခဲ့ဟု ဆက်သွယ်ရေးဝန်ကြီး ရှင်း

$
0
0

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း လက်အောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က အခွန် အများဆုံး ပေးဆောင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဒီဇင်ဘာလ ၁၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြောဆိုလိုက်သည်။

ဆက်သွယ်ရေးကုမ္ပဏီများ၏ ကုန်သွယ်လုပ်ငန်းခွန်နှင့် Corporate Income Tax (ကော်ပိုရိတ်ဝင်ငွေခွန်) ပေးဆောင်မှုတွင် ဈေးကွက်ဝေစု အများဆုံးရထားသည့် MPT နှင့် မိတ်ဖက် KDDI ကုမ္ပဏီက ထိပ်ဆုံး အခွန်ဆောင်သူ စာရင်းတွင် မတွေ့ရသည့်အပေါ် တိကျစွာ သိလိုကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဒီဇင်ဘာလ ၆ ရက်က လွှတ်တော်၌ မေးခွန်းထုတ်ခဲ့သည့်အပေါ် ပြန်လည်ရှင်းလင်း ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်လုပ်ငန်းခွန်အတွက် Telenor က ကျပ် ဘီလီယံ ၅၀ ကျော်နှင့် Ooredoo က ကျပ်ဘီလီယံ ၅၀ ကျော် ပေးဆောင်ထားပြီး MPT နှင့် မိတ်ဖက် KDDI ကုမ္ပဏီကို မတွေ့ရကြောင်း၊ ကော်ပိုရိတ်ဝင်ငွေခွန် ပေးဆောင်မှုတွင်လည်း Telenor က ကျပ်ဘီလီယံ ၈၀ ကျော် ပေးဆောင်ချိန်တွင် MPT ၏ မိတ်ဖက် KDDI က ၃၀ ဘီလီယံအောက်သာ ပေးဆောင်နေသည်ကို တွေ့ရသည့်အတွက် ရှင်းလင်းရန် ဦးတင်ထွန်းနိုင်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

MPT သည် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းဖြစ်၍ ပုဂ္ဂလိကကုမ္ပဏီများ၏ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်သည့် စာရင်းတွင် ထည့်သွင်းဖော်ပြခြင်း မခံရခြင်းဖြစ်ကြောင်းနှင့် “ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၅ ဘီလီယံ ပေးသွင်းထားကြောင်း တွေ့ရပါတယ်။ သူ (MPT) ဟာ တယ်လီနော၊ အော်ရီဒူးတို့ထက် အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

အဆိုပါ အခွန်ပေးသွင်းငွေမှာ MPT နှင့် KDDI Summit Global Myanmar ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်ခြင်းမှ ရရှိသည့် ဝင်ငွေဖြစ်ကြောင်းလည်း ဝန်ကြီးက ဆိုသည်။

KDDI ကုမ္ပဏီအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ငါးနှစ်စာ ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိထားသည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကျသင့် ဝင်ငွေခန် ၆ လစာအတွက် ကျပ် ၂၂ ဘီလီယံ ပေးသွင်းထားကြောင်း သိရသည်။

“မကင်းလွတ်သေးတဲ့ ၂၀၁၇ တုန်းက ၆ လမှာ ၂၂ ဘီလီယံ ပေးသွင်းထားတာကို တွေ့ရပါတယ်။ ဒါကြောင့် နှစ်ခုပေါင်း အနေနဲ့ တွက်ရင် MPT က ၆၆ ဘီလီယံ၊ KDDI က ၂၂ ဘီလီယံဆိုတော့ ၈၈ ဘီလီယံ ပေးသွင်းထားတဲ့အတွက်ကြောင့် ဆက်သွယ်ရေးကဏ္ဍ Income Tax မှာလည်း အများဆုံး ပေးသွင်းထားတယ်ဆိုတဲ့အကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဆိုသည်။

ဝန်ကြီး၏ ရှင်းလင်းချက်နှင့် ပတ်သက်၍ အခွန်အများဆုံး ပေးဆောင်ထားခြင်း ဟုတ်၊ မဟုတ်ကို ပြန်လည်ဆန်းစစ်ရန် လိုအပ်ပြီး Telenor သည် ဝင်ငွေခွန် ၈၉ ဘီလီယံကျော် ပေးဆောင်ထားသည့်အတွက် MPT ထက် ပိုများနေကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သူ ဦးတင်ထွန်းနိုင်ထံမှ သိရသည်။

၎င်းက “တယ်လီနောဘယ်လောက်ဆောင်ထားလဲဆိုတာ ဘီလီယံ ၈၀ ကျော်ဆောင်ထားတယ်လို့ပဲ ဖော်ပြထားတာ။ ၈၀ ဘယ်လောက်ကျော်လဲဆိုတော့ ၈၉ ဘီလီယံ ကျော်တယ်။ ဒါက ကိုယ့်ဆီမှာ ရှိတဲ့အချက်အလက်ကို ပြောတာ။ အဲဒီတော့ ဝန်ကြီးပြောသွားတဲ့ ၈၈ ဘီလီယံနဲ့ သူအများဆုံးဆိုတာ ကိုယ့်ဆီက အချက်အလက်အရ မဟုတ်ဘူး။ တယ်လီနောက သူ့ထက် များနေတယ်” ဟု ဧရာဝတီကို ပြောသည်။

“ကုန်သွယ်လုပ်ငန်းခွန်ကို ပိုဆောင်တဲ့ကုမ္ပဏီသည် ဝင်ငွေပိုဝင်လို့ ငါးရာခိုင်နှုန်းက ပိုလာတာ။ ကုန်သွယ်လုပ်ငန်းခွန်ကျ သူ (MPT) က ပိုပါတယ် ပြောတယ်။ ဝင်ငွေခွန်ကျ ကိုယ့်ဆီက အချက်အလက်အရ သူက တယ်လီနောထက် နည်းနေတယ်။ ဒီကိစ္စက စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောတာ”ဟု ဦးတင်ထွန်းနိုင်က ထပ်ဆင့်ရှင်းလင်းသည်။

Telenor သည် GSM ဈေးကွက်သာ ရှိသော်လည်း MPT သည် GSM,CDMA , ကြိုးဖုန်း၊ ADSL အင်တာနက် စသည်ဖြင့် ဈေးကွက်များပြားစွာ ရှိကြောင်း၊ ယင်းလုပ်ငန်းများမှ အခွန်မှန်ကန်စွာ ရရှိခြင်း ရှိ၊ မရှိကိုလည်း ဆန်းစစ်ရန်လိုကြောင်း ၎င်းက ဆိုသည်။

MPT သည် ဂျပန်အခြေစိုက် KDDI နှင့် Sumitomo ကုမ္ပဏီ ပူးပေါင်းကာ ဝန်ထမ်းပေါင်း ၈၀၀၀ ကျော်နှင့် လုပ်ဆောင်နေသည့် ဆက်သွယ်ရေးလုပ်ငန်းဖြစ်ကာ နိုင်ငံအတွင်း ကွန်ရက်လွှမ်းခြုံနိုင်မှု၏ ၉၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး MPT အသုံးပြုသူ သန်း ၂၀ ကျော်ရှိသည်ဟု သိရသည်။

ဧပြီလ မှ စက်တင်ဘာလအထိ ၆ လ ဘတ်ဂျက်အတွင်း ဖုန်းဘီလ်မှ ကုန်သွယ်လုပ်ငန်းခွန် ကောက်ယူရရှိမှုမှာ မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ကျပ် ၂၃၈၂၄ သန်းကျော်၊ Ooredoo မှ ၆ဝ၃၂ သန်းကျော်၊ Telenor မှ ကျပ် ၁၄ဝ၃၁ သန်းကျော်နှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) မှ ကျပ် ၃၄၅ သန်းကျော် ရှိခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနကို ကိုးကား၍ ပြည်တွင်းမီဒီယာ တခုဖြစ်သည့် News Watch က ဒီဇင်ဘာလ ၂ ရက်တွင် ရေးသားထားသည်။

The post MPT အခွန်အများဆုံး ဆောင်ခဲ့ဟု ဆက်သွယ်ရေးဝန်ကြီး ရှင်း appeared first on ဧရာဝတီ.

စမတ်ဖုန်း အသုံးပြုခြင်းကို တာမြစ်လိုက်တဲ့ ဘာလီက အပန်းဖြေစခန်း

$
0
0

ဟိုတယ်နဲ့ ကမ်းခြေတွေဟာ ဆိုရှယ်မီဒီယာတွေနဲ့ အများကြီး ပတ်သက်မှု ရှိရပါတယ်။ လူနေထိုင်မှုစနစ်တွေ ပြောင်းလဲခဲ့တော့ ဟိုတယ်တခုခုမှာ တည်းခိုမယ်ဆိုရင်တောင် wifi ရတဲ့ ဟိုတယ်ကိုပဲ ဦးစားပေးရွေးချယ်လေ့ ရှိတတ်ပါတယ်။

ဟိုတယ်တွေကလည်း တည်းခိုသူတွေ စိတ်တိုင်းကျအသုံးပြုနိုင်တဲ့ wifi ချိတ်ဆက်ပေးထားတတ်ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီကမ်းခြေမှာရှိတဲ့ Ayana အပန်းဖြေစခန်းကတော့ စမတ်ဖုန်းနဲ့ အခြား လျှပ်စစ်ပစ္စည်းအသုံးပြုတာတွေကို တားမြစ်လိုက်ပါတယ်။ နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ တားမြစ်ထားတာဖြစ်ပါတယ်။

ဒီအပန်းဖြေစခန်းမှာတော့ စမတ်ဖုန်းတမျိုးတည်းကို တားမြစ်ထားတာ မဟုတ်ဘဲ အိုင်ပက် ၊ ဒစ်ဂျစ်တယ် ကင်မရာ ၊ တက်ဘလက်နဲ့ အခြားလျှပ်စစ်ပစ္စည်းအားလုံးကို တားမြစ်လိုက်တာပါ။

“ဒီအပန်းဖြေစခန်းကို လာတဲ့လူတွေ စိတ်အေး လက်အေး အနားယူစေချင်တဲ့အတွက် ဒီတားမြစ်ချက်ကို ပြဌာန်းရတာပါ ” လို့ Ayana အပန်းဖြေစခန်းရဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီလိုစည်းကမ်းချက် ထုတ်လိုက်တဲ့အတွက် လျှပ်စစ်ပစ္စည်း တားမြစ်ဇုန်ထဲရောက်လာတဲ့လူတွေအနေနဲ့ စာအုပ်တအုပ်အုပ် ဒါမှမဟုတ် မဂ္ဂဇင်း တအုပ်အုပ်ကို ဖတ်နေဖို့ အခွင့်အရေးပိုရသွားပါတယ်။ ဒါမှမဟုတ်လည်း နေပူဆာ ကောင်းကောင်းလှုံနေနိုင်ပါတယ်။

တချို့ခရီးသည်တွေကတော့ လျှပ်စစ်ပစ္စည်းကင်းမဲ့ဇုန်ကိုပဲ ရည်ရွယ်ပြီးသွားလေ့ ရှိကြပေမယ့် လူတိုင်းအတွက်ကတော့ မလွယ်ကူပါဘူး။

၂၀၁၈ ခုနှစ်မှာတင်ပဲ အေမေရိကန်နိုင်ငံက ခရီးသွား ၅၃ ရာခိုင်နှုန်းဟာ ခရီးသွားနေရင်တောင် သူတို့ဖုန်းတွေကို ပိတ်ထားလေ့ မရှိပါဘူး။ ဒါကိုတော့ ဖုန်းအဆက်အသွယ်ပြတ်တောက်မှာ ကြောက်တဲ့ရောဂါ nomophobia လို့ ခေါ်လေ့ရှိပါတယ်။

ဒါပေမယ့် ခရီးသွားရင်းဖုန်းသုံးတာက တခြားအချက်တွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ စားသောက်ဆိုင် မီနူးတွေကို ဘာသာပြန်ပေးထားတဲ့ App တွေကိုအသုံးပြုတာဖြစ်နိုင်သလို ကိုယ်ရောက်နေတဲ့ နေရာကိုသိရဖို့နဲ့ ကြိုတင်အခန်းမှာတာမျိုးတွေမှာ အသုံးပြုတာမျိုးလည်း ရှိပါသေးတယ်။

ခရီးသွားသူ ၂၀ ရာခိုင်နှုန်းဟာ ခရီးသွားနေတုန်းမှာပဲ တနာရီတခါတော့ ကိုယ့်ဖုန်းကိုယ်စစ်လေ့ရှိကြပါတယ်။ ၁၄ ရာခိုင်နှုန်းလောက်ကတော့ တနာရီနှစ်ခါလောက် စစ်လေ့ရှိပါတယ်။

ဘာလီကျွန်းကိုသွားဖို့ အကြောင်းအချက်တွေအများကြီးရှိသလို တချို့ကတော့ ဘာလီကျွန်း ကော့တေးသောက်ဖို့ သွားလေ့ ရှိပါတယ်။ ဘာလီကျွန်းပေါ်က Ayana အပန်းဖြေကမ်းခြေက ကော့တေးကတော့ နာမည်ကြီးပါပဲ။ DigitalDetox ကော့တေးလို့ လည်းခေါ်ပါတယ်။

ဒစ်ဂျစ်တယ်အသုံးပြုတာကို တားမြစ်ထားတဲ့ ဒီအချိန်တွေအတွက်ဖျော်စပ်ထားတဲ့ ကော့တေးမှာဗော့ဒ်ကာ ၊ အရည်ရွှန်းတဲ့ yuzu သီး ၊ ပျားရည် နဲ့ ခရမ်းချဉ်သီးဖျော်ရည်တို့ ပါဝင်ပါတယ်။ ဘာလီကျွန်းကို ခရီးထွက်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ဖုန်းပိတ်ထားဖို့ လိုပါတယ်။

Ref ; cnn travel

The post စမတ်ဖုန်း အသုံးပြုခြင်းကို တာမြစ်လိုက်တဲ့ ဘာလီက အပန်းဖြေစခန်း appeared first on ဧရာဝတီ.

Infinity-O Display နဲ့ ပွဲထွက်လာတဲ့ Samsung Galaxy A8s

$
0
0

Infinity-O Display အသစ်နဲ့ စမတ်ဖုန်းကို Samsung က မိတ်ဆက်လိုက်ပါပြီ။ Samsung Galaxy A8s လို့ အမည်ရပြီး တနင်္လာနေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့တာပါ။

Galaxy A8s ဟာ Screen ဘယ်ဘက်၊ အပေါ်ထောင့်မှာ အပေါက်ဖောက်ထားတဲ့ Infinity-O Display သုံး ပထမဆုံး Samsung ဖုန်းပါ။ ရှေ့ကင်မရာအတွက် အပေါက်လေးတခုပဲ ပါတဲ့အတွက် တကယ့် Screen အပြည့်အရသာကို ပေးစွမ်းနိုင်မယ့် ဖုန်းတလုံးဖြစ်ပါတယ်။ Huawei ကလည်း အလားတူ Display နဲ့ Honor V20 ဖုန်းကို တနင်္လာနေ့မှာပဲ Samsung ထက် အရင် ဦးအောင် မိတ်ဆက်သွားခဲ့ပါတယ်။

Galaxy A8s ရဲ့ နောက်ထပ် ထူးခြားချက်တွေကတော့ 3.5mm နားကြပ်ပေါက် မပါဝင်တော့တာ၊ ကျောကင်မရာ သုံးလုံး ပါဝင်တာနဲ့ 8GB RAM ပါဝင်တာတို့ ဖြစ်ပါတယ်။

Galaxy A8s ရဲ့ ဈေးနှုန်းကိုတော့ Samsung က မကြေညာရသေးပါဘူး။ Snapdragon 710 Chipset သုံးထားပြီး၊ 6GB RAM + 128 GB Storage ရယ်၊ 8GB RAM + 128 GB Storage ရယ်ဆိုပြီး မော်ဒယ် ၂ မျိုး ထွက်ဖို့ ရှိပါတယ်။

၆.၄ လက်မအရွယ် 1080 x 2340 pixels Display ကို အသုံးပြုထားပြီး၊ ရှည်မျောတဲ့ 19.5:9 Aspect Ratio နဲ့ ဖြစ်ပါတယ်။ Display အမျိုးအစားက Super AMOLED လို့ မပြောသွားတဲ့အတွက် သာမန် IPS LCD Display နဲ့ ဖြစ်ဖို့ များပါတယ်။

Display မှာ ဖောက်ထားတဲ့ ရှေ့ကင်မရာအပေါက်ဟာ ၆.၇ မီလီမီတာပဲ အကျယ် ရှိတာကြောင့် Display ပေါ်မှာ သိသာမှု မရှိပါဘူး။ ဒါပေမယ့် Honor V20 ရဲ့ ရှေ့ကင်မရာအပေါက်က ၄.၅ မီလီမီတာ ဆိုတော့ Galaxy A8s ထက် ပိုသေးပါတယ်။

Galaxy A8s ရဲ့ ကျောကင်မရာသုံးခုကတော့ 24MP, f/1.7 Main Lens၊ 10MP Telephoto Lens နဲ့ Depth of Field ဖမ်းယူဖို့အတွက် 5MP, f/2.2 Lens တို့ ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ f/2.0 အပါချာရှိတဲ့ 24MP Lens ပါ။ လက်ဗွေရာဆန်ဆာကိုတော့ ကျောဘက်မှာ တွေ့ရပါတယ်။

3,400mAh ဘက်ထရီပါဝင်လာပြီး၊ USB-C Port ကနေ အားအမြန်သွင်းစနစ် အသုံးပြုနိုင်ပါတယ်။ Apple ကို နားကြပ်ပေါက် ဖြုတ်ပစ်တာ လှောင်ပြောင်ခဲ့တဲ့ Samsung ဟာ ဒီဖုန်းမှာ နားကြပ်ပေါက်ဖြုတ်ပစ်ထားပါတယ်။

Galaxy A8s ကို အပြာရောင်၊ မီးခိုးရောင်နဲ့ အစိမ်းရောင်ဆိုပြီး ကာလာ ၃ မျိုး ရွေးချယ်နိုင်ပါလိမ့်မယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့ကစတင်ပြီး၊ တရုတ်နိုင်ငံမှာ ကြိုတင်အော်ဒါမှာယူနိုင်ပြီလို့ သိရပါတယ်။ ဘယ်နေ့ ရောင်းချမလဲတော့ မသိရသေးပါဘူး။ ဈေးနှုန်းကတော့ Mid-range ထဲကမှ အမြင့်စား မော်ဒယ်ဈေး ရှိနိုင်ပါတယ်။

Ref: Gadgets NDTV, GSM Arena

The post Infinity-O Display နဲ့ ပွဲထွက်လာတဲ့ Samsung Galaxy A8s appeared first on ဧရာဝတီ.


မူပိုင်ခွင့်အငြင်းပွားနေသည့် iPhoneများ ရောင်းချမှု တရုတ်တားမြစ်

$
0
0

မူပိုင်ခွင့်အငြင်းပွားနေသည့် iPhone နှင့် ပတ်သက်၍ တရုတ်တရားရုံး တရုံးက ပြည်တွင်း၌ ရောင်းချ ခြင်းအား တားမြစ်မိန့် ထုတ်ပြန်လိုက်ကြောင်း အမေရိကန် Chip ထုတ်လုပ်သည့်အကြီးစားကုမ္ပဏီ Qualcomm က တနင်္လာနေ့တွင် ပြောကြား ကြောင်း Bangkok Post သတင်းကဆိုသည်။

Qualcommက ထုတ်ပြန်သည့်ကြေညာချက်တွင်  Apple ၏ လက်ခွဲလုပ်ငန်း ၄ ခုကို ပစ်မှတ်ထား၍ အကြိုတရားရုံးအမိန့် ၂ ခုကို ဖူကျင့်ပြည်နယ်၏ မြို့တော် ဖူကျုတ် ဥပစာ ပြည်သူ့တရားရုံးက တောင်းခံခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအမိန့်များအရ iPhone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus and iPhone X များ တရုတ်ပြည်တွင်း ရောင်းချနေ ခြင်းကို ချက်ချင်း ရပ်တန့်ရန် ဆိုထားကြောင်း တွေ့ရသည်။

ပဏာမ တားဝရမ်းသည် Apple AAPL, +0.66% နှင့်Qualcomm QCOM, +2.23% တို့အကြား ရှည်ကြာသော တရားစွဲ ဆိုမှုတွင် နောက်ဆုံး အလှည့်အပြောင်းဖြစ်ပြီး ဆန်ဒီယေဂို အခြေစိုက် Qualcomm QCOM, +2.23% သည် တရုတ်နိုင်ငံတွင် မူပိုင်ခွင့် ချိုးဖေါက်မှုဖြင့် Apple ကို အမှုပေါင်း တဒါဇင်ကျော် စွဲဆိုထားသည်။

အဆိုပါအရွေ့မှာ ကာလီဖိုးနီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီး ၂ ခုအကြား ကမ္ဘာနှင့်အဝှန်း အုပ်ချုပ်ရေး ယန္တရားနှင့် တရားရေးဆိုင်ရာနယ်ပယ်တို့တွင် အပြိုင်အဆိုင်ဖြစ်ပွားနေသည့် မူပိုင်ခွင့် နှင့်အခကြေးရပိုင်ခွင့်တို့အပေါ် ကာလရှည်ကြာ အငြင်းပွားနေမှု၏ နောက်ဆုံးဖြစ်စဉ်ဟု သတ်မှတ်ကြသည်။   

ကျနော်တို့ကို လျော်ကြေးပေးဖို့ ငြင်းနေတုန်းမှာပဲ Apple က ကျနော်တို့ ဉာဏပစ္စည်းပိုင်ဆိုင်မှုကနေ အကျိုးအမြတ်တွေ ဆက်ရနေတုန်းပါပဲ။ အခုတရားရုံးအမိန့်တွေက Qualcomm ရဲ့ကျယ်ပြန့်တဲ့ မူပိုင်ခွင့်အခိုင်အမာရှိတယ်ဆိုတာ နောက်ထပ် အတည်ပြုပေးလိုက်တာပဲဖြစ်ပါတယ်ဟု Qualcomm ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌနှင့်အထွေထွေအတိုင်ပင်ခံ ဒွန်ရို ဆန်ဘတ် က တနင်္လာနေ့တွင်ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားထားသည်။

တရုတ်နိုင်ငံတွင် တရားဆိုင်ခဲ့သော အဆိုပါအမှုသည် Touchscreen စနစ်သုံး၍ မိုဘိုင်း App များစီမံရာတွင် ဓာတ်ပုံများ ထွက်ပေါ်လာမှုနှင့် ပုံအရွယ်အစားတို့ကို သုံးစွဲသူများအနေဖြင့် ချိန်ညှိနိုင်၊ ပြန်ဖျက်နိုင်သည့် လုပ်ဆောင်ချက်၏ မူပိုင်ခွင့် အပေါ် အခြေခံကြောင်း Qualcomm ကုမ္ပဏီက ဆိုသည်။

Apple ကမူ Qualcomm ၏ ကြိုးပမ်းနေမှုနှင့် ပတ်သက်၍ ကမ္ဘာတလွှားရှိ စည်းမျဉ်း စည်းကမ်းများ အောက်တွင် ရှိနေသည့် ကုမ္ပဏီတခု၏ တရားမဝင် လက်တွေ့ လုပ်ဆောင်ချက်ဖြစ်ကြောင်း ကြေညာချက်ထုတ် တုံ့ပြန်သည်။

ထို့အပြင် Qualcomm ကုမ္ပဏီအနေဖြင့် ၎င်းတို့ ဘယ်တုန်းကမှလုပ်ဆောင်ခဲ့ဖူးခြင်းမရှိသော မူပိုင်ခွင့် ၃ ခုနှင့်ပတ်သက်၍ အခိုင်အမာပြောကြားနေကြောင်း၊ ယင်းတို့ပါဝင်သည့် တခုမှာလည်း မှန်ကန်မှုမရှိဟု ပေါ်ပေါက်ခဲ့ကြောင်း Apple က ၎င်းကြေညာချက်တွင် ဖြည့်စွက်ပြောသည်။

အဆိုပါတရားရုံးအမိန့်ကို နိုဝင်ဘာလ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ရုံးတော်တွင် ဥပဒေကြောင်း ဆောင်ရွက်၍ ရသမျှကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Apple က ဆိုသည်။

ဝေါ်စထရိ ဂျာနယ်ကမူ iPhone  များကို တရုတ်နိုင်ငံထဲတွင် ရောင်းဝယ်ဖောက်ကားဆဲဖြစ်ကြောင်း ရေးသားထားပြီး၊ တရားရုံးက ထုတ်သည့် စာလွှာတွင်  iPhone Xs နှင့် Xr တို့အပါအဝင် နောက်ဆုံးပေါ်မော်ဒယ်များအပေါ် သက်ရောက်မှုမရှိကြောင်း သိရသည်။

ယခုတရုတ်တရားရုံး၏ အမိန့်သည်လည်း ကနေဒါနိုင်ငံတွင် တရုတ်နည်းပညာ ကုမ္ပဏီကြီး Huawei ၏ ထိပ်တန်း အမှုဆောင်တဦးကို အမေရိကန်ဖမ်းခိုင်း၍ ဖမ်းထားခြင်း၊ ဝါရှင်တန်နှင့် ဘေဂျင်းတို့ အကြား ကုန်သွယ်ရေး စစ်တင်းမာမှု တိုးပွားနေခြင်းတို့ ဖြစ်ပေါ်နေသည့်ကာလနှင့် တိုက်ဆိုင်နေသည်။

The post မူပိုင်ခွင့်အငြင်းပွားနေသည့် iPhoneများ ရောင်းချမှု တရုတ်တားမြစ် appeared first on ဧရာဝတီ.

ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာတဲ့ OPPO R17 Pro စမတ်ဖုန်း

$
0
0

နိုင်ငံတကာဈေးကွက်မှာ လူကြိုက်များခဲ့တဲ့ OPPO R17 Pro ဖုန်းဟာ ပြည်တွင်းဈေးကွက်ထဲကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

ကျောကင်မရာ ၃ လုံး၊ အမြန်ဆုံးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ Super VOOC အားအမြန်သွင်းစနစ်တို့ ပါဝင်လာတဲ့ OPPO R17 Pro ဖုန်းကို မြန်မာငွေ ၈၉၉,၉၀၀ ကျပ် နဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

OPPO R17 Pro ဝယ်ယူသူများအနေဖြင့် ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်သည့် Parker တံဆိပ်ဘောပင်ကို လက်ဆောင်အဖြစ် ရရှိသွားမယ်လို့ သိရပါတယ်။

OPPO R17 Pro မှာ မျက်နှာပြင်အကျယ် ၆.၄ လက်မ၊ Screen Ratio ၉၁.၅ ရာခိုင်နှုန်းနဲ့ Corning Gorilla Glass 6 အကာအကွယ်ပေးထားတဲ့ AMOLED ရေစက်ပုံစံ Display ကို အသုံးပြုထားပါတယ်။ နောက်ဆုံးမျိုးဆက် Gorilla Glass 6 ဟာ ၁ မီတာ အမြင့်ကနေ ၁၅ ကြိမ်အထိ ပြုတ်ကျ ခံနိုင်ရည် ရှိတာကြောင့် ဖုန်းမှန် အလွယ်တကူ ကွဲမှာ စိုးရိမ်စရာ မလိုပါဘူး။

ဒါ့အပြင် R17 Pro မှာ ဖုန်းမျက်နှာပြင်ကို ထိရုံနဲ့ ဖုန်းပွင့်တဲ့ လွယ်ကူမြန်ဆန်သည့် In-Display လက်ဗွေစနစ် နည်းပညာလည်း ပါဝင်လာပါတယ်။ ဖုန်းကျောဘက်ဒီဇိုင်းမှာ ရေစီးနှင့် အလင်းရောင် တို့ ရောယှက်ရွေ့လျား နေဟန်ပုံဖော်ထားသော ထူးခြားဆန်းသစ်သည့် ဒီဇိုင်းဖြစ်ပြီး ရောင်ပြန်အမှုန်ဖုန်းကာဗာနည်းပညာ အသုံးပြုမှုကြောင့် လက်ဗွေရာမကျန်ဘဲ နေ့စဉ် အသစ်အတိုင်း အသုံးပြုနိုင်မှာပါ။

ကင်မရာပိုင်းအနေနဲ့လည်း OPPO R17 Pro စမတ်ဖုန်းမှာ နေ့အချိန်ကဲ့သို့ပင် ညအချိန်တွင်လည်း ပိုမိုလင်းလက်၍ ကြည်လင်ပြတ်သားသော ဓာတ်ပုံများရိုက်ကူးနိုင်စေမည့် 12MP Main Camera၊ 20MP Tele Camera နှင့် TOF Camera တို့ ပါဝင်သော ကျောဘက်ကင်မရာ ၃ လုံးကို အသုံးပြုပေးထားပါတယ်။

အလင်းဝင် နှုန်းပိုများ၍ ရုပ်ထွက်ပိုလင်းပြီး လက်ရှိတွင် ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ F1.5/F2.4 Smart Aperture၊ ရုပ်ထွက် ပိုမိုကြည်လင်သော 1.4μm Large Pixel နှင့် ရုပ်ထွက်ပိုငြိမ်၍ ဝေဝါးခြင်းမရှိသော OIS Optical Anti-Shake တို့ ပါဝင်လာတယ်။

ကင်မရာ Software ပိုင်းတွင် AI နည်းပညာနဲ့ Engine Multi-frame နည်းပညာတို့ ပေါင်းစပ်မှုမှတဆင့် ညပုံရိပ်တွေကို ပိုမိုကြည်လင်ပြတ်သားစေပြီး အလင်းရောင် ပိုမိုမျှတစေသော Ultra HD Night Mode နဲ့ အရောင် ပြင်ဆင်မှုကို အသေးစိတ်ပြုလုပ်နိုင်မည့် Dazzle Color Mode တို့ ပါဝင်လာပါတယ်။

R17 Pro ရဲ့ 25MP F2.0 AI Beauty ပါ ရှေ့ဘက်ကင်မရာတွေနဲ့လည်း အလှဆုံး Selfie ပုံများ စိတ်ကြိုက်ရိုက်ကူး နိုင်ဦးမှာပါ။ ရှေ့နောက် ကင်မရာများနဲ့ Portrait ပုံများ၊ ချစ်စရာကောင်းတဲ့ AR စတစ်ကာပုံများကို ဖန်တီးနိုင်ပါတယ်။

OPPO R17 Pro ဖုန်းရဲ့ အဓိက လူကြိုက်အများဆုံး Feature ဖြစ်တဲ့ 50W Super VOOC အားအမြန်သွင်းစနစ်ဟာ ၁၀ မိနစ်အားသွင်းရုံနဲ့ ၄၀ ရာခိုင်နှုန်း အထိ အားဖြည့်ပေးနိုင်မှာပါ။ Gizmochina က ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုမှာ OPPO R17 Pro ဖုန်းဟာ မိနစ် ၃၀ အတွင်း အား ၉၂ ရာခိုင်နှုန်းအထိ သွင်းပြပြီး၊ ပြိုင်ဘက် ဖုန်း ၅၉ လုံးကို ကျော်ဖြတ်ကာ အားသွင်းအမြန်ဆုံးဖုန်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Snapdragon 710 Chipset ၊ 8GB RAM နှင့် 128GB Storage တို့ ပါဝင်တဲ့ OPPO ရဲ့ နာမည်ကျော် R စီးရီး High-end စမတ်ဖုန်းသစ် OPPO R17 Pro ကို ၈၉၉,၉၀၀ ကျပ်နဲ့ ဒီဇင်ဘာလ ၁၀ ရက်ကစပြီး မြန်မာပြည်တဝန်းမှာ ရောင်းချနေပြီလို့ သိရပါတယ်။

Ref: Gizmochina

The post ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာတဲ့ OPPO R17 Pro စမတ်ဖုန်း appeared first on ဧရာဝတီ.

လုံခြုံရေး ကျိုးပေါက်မှု ထပ်မံဖြစ်ပွားပြီးနောက် Google+ ကို စောစီးစွာ ပိတ်သိမ်းမည်

$
0
0

Google+ လူမှုကွန်ရက်ပလက်ဖောင်းဟာ ဒုတိယအကြိမ် လုံခြုံရေးကျိုးပေါက်မှု ဖြစ်ပွားခဲ့တာကြောင့် မူလသတ်မှတ်အချိန်ထက် စောစီးစွာ ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း Google+ ဟာ အသုံးပြုသူ သန်းတဝက်လောက်ရဲ့ အချက်အလက်တွေကို သုံးနှစ်တာအထိ အကာအကွယ်မဲ့ ပေါက်ကြားနေကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် ကုမ္ပဏီဟာ Google+ ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာ အပြီးတိုင် ပိတ်သိမ်းမှာဖြစ်ကြောင်း ချက်ချင်း ကြေညာခဲ့ရပါတယ်။

ဒါပေမယ့် ပိုမို ဆိုးရွားတဲ့ လုံခြုံရေးဟာကွက်တခုကို ယခု ထပ်မံ တွေ့ရှိခဲ့တယ်လို့ Google က ယနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် Google+ ကို မူလ သတ်မှတ်ရက်ထက် လေးလ စောပြီး ဧပြီလအတွင်း ပိတ်သိမ်းတော့မှာပါ။

Google ဟာ ဒုတိယမြောက် လုံခြုံရေးဟာကွက်ကို နိုဝင်ဘာ ၇ ရက်နေ့က ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့အထိ ရှိနေခဲ့တဲ့ အဆိုပါဟာကွက်ကြောင့် အသုံးပြုသူ ၅၂.၅ သန်းကျော်ရဲ့ အမည်၊ အီးမေးလ်လိပ်စာ၊ အလုပ်အကိုင်၊ ကျား/မ၊ မွေးနေ့၊ Relationship အခြေအနေ ၊ အသက်အရွယ် စတဲ့ အချက်အလက်တွေကို Developers တွေ ရယူခွင့် ရခဲ့ပါတယ်။

မိမိအကောင့်ကို Private လုပ်ထားရင်တောင် အချက်အလက်တွေ ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Google ကတော့ ယခု API bug ကို အသုံးချပြီး၊ ဒေတာ ရယူ၊ အလွဲသုံးစား လုပ်တာမျိုး မတွေ့ခဲ့ဘူးလို့ ပြောထားပါတယ်။ ဒါပေမယ့် အခြေအနေ ဆိုးရွားနေတဲ့ Google+ ကို မူလ သတ်မှတ်ရက်ထက် စောပြီး၊ အပြီးတိုင် ပိတ်သိမ်းတော့မှာပါ။

Ref: The Verge, Engadget

The post လုံခြုံရေး ကျိုးပေါက်မှု ထပ်မံဖြစ်ပွားပြီးနောက် Google+ ကို စောစီးစွာ ပိတ်သိမ်းမည် appeared first on ဧရာဝတီ.

ချေးငွေ သတင်း အချက်အလက် ဌာန ၂၀၁၉ ၌ စမည်

$
0
0

မြန်မာနိုင်ငံ၏ ပထမဆုံးသော ချေးငွေ သတင်း အချက်အလက် ဌာန (Myanmar Credit Bureau Ltd) က လာမည့် ၂၀၁၉ ခုနှစ် အတွင်း စတင်၍ ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်က မြန်မာနိုင်ငံဘဏ်များ အသင်း အဆောက်အအုံ၌ အမေရိကန် အခြေစိုက် Equifax New Zealand Services and Solutions Limited နှင့် Credit Bureau Software License သဘောတူ စာချုပ် လက်မှတ် ရေးထိုးသည့် အခမ်းအနား ပြုလုပ်ခဲ့သည်။

မြန်မာ ခရက်ဒစ် ဗြူရို လီမိတက် ဥက္ကဋ္ဌ ဦးဇော်လင်းအောင်က“အခု လက်မှတ်ထိုးတာက ကျနော်တို့ရဲ့ ပထမဆုံး ခြေလှမ်း ပေါ့နော်။ ဒါလုပ်နိုင်အောင် လက်မှတ် မထိုးခင်ကတည်းက မြန်မာနိုင်ငံမှာ ရှိတဲ့ ဘဏ်တွေမှာ ခရက်ဒစ် ဗြူရို ကို ဘယ်လို ထိန်းသိမ်းထားလဲ။ နည်းပညာပိုင်း လေ့လာထားတယ်။ ဒါကြောင့် ဒီအချိန်ကစပြီး နောက် ၉ လ၊ ၁၂ လ အတွင်း ဝန်ဆောင်မှု ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

မြန်မာ ခရက်ဒစ် ဗြူရို လုပ်ငန်း စတင် အကောင်အထည် ဖော်နိုင်ရေး အတွက် ဗဟိုဘဏ်မှ ချေးငွေ သတင်း ပေးပို့ခြင်း ဆိုင်ရာ လုပ်ငန်း လိုင်စင်ကို ၂၀၁၈ ခုနှစ် မေလ ၁၇ ရက်က ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ခရက်ဒစ် ဗြူရိုသည် ဘဏ်များ၊ ဘဏ်မဟုတ်သော ငွေရေး ကြေးရေး အဖွဲ့အစည်း အားလုံး၏ ဆက်သွယ် ဆောင်ရွက်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ချေးငွေ ပြန်လည် ပေးဆပ်မှု၊ သတင်း အချက်အလက်များနှင့် အခြား ဆက် စပ်လျက် ရှိသည့် သတင်း အချက်အလက်များကို စုဆောင်းပြီး ယင်း အချက်အလက်များကို ငွေထုတ်ချေးသည့် အဖွဲ့ အစည်းများသို့ ပြန်လည် ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ်က သိရသည်။

Credit Bureau ဌာန လုပ်ငန်း စတင်ချိန်တွင် ဝန်ဆောင်မှုများ အနေနှင့် တာဝန်သိမှု၊ တာဝန်ယူမှု အပြည့်ရှိသော ပုဂ္ဂိုလ် တဦးချင်း (သို့မဟုတ်) အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက် ချေးငွေများကို လွယ်ကူ၊ လျင်မြန်၊ သက်သာစွာဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ပြီး ငွေချေးသူများ၊ ဘဏ်များ ဘက်မှလည်း ချေးငွေ ဆုံးဖြတ်ချက်များအား အချိန် နှင့် တပြေးညီ ချမှတ်နိုင်ခြင်း တို့ကို လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်ဟု ဦးဇော်လင်းအောင်က ဆိုသည်။

မြန်မာ ခရက်ဒစ် ဗြူရို လီမိတက် အနေနှင့် လုပ်ငန်း စတင် အကောင်အထည် ဖော်နိုင်ရေး အတွက် ကျွမ်းကျင်သော ပညာ ရှင်များကို ခန့်အပ်ထားပြီးလည်း ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိန်းက“ဒီခရက်ဒစ် ဗြူရိုက မြန်မာနိုင်ငံရဲ့ ပထမဆုံး ချေးငွေနဲ့ သက်ဆိုင်တဲ့ အချက်အလက် တွေ ကို ထားရှိမယ့် Report လုပ်မယ့် အဖွဲ့အစည်း ဖြစ်လာမှာပါ။ ဒီလိုလုပ်နိုင်ဖို့ ဆိုရင် အချက်အလက်တွေကို ချေးငွေ ယူသူတွေက ဖြစ်ဖြစ်၊ လုပ်ငန်းရှင်တွေ ဖြစ်ဖြစ် စုဆောင်းရမှာ ဖြစ်ပါတယ်။ ဒါတွေကို ပြန်ချေးမယ့် ဘဏ်တွေကို ဖြန့်ဝေ ပေးရမှာပါ”ဟု ပြောသည်။

ထို့ကြောင့် ငွေချေးပေးမည့် သူများ အနေနှင့် သေသေချာချာ စစ်ဆေးပြီး ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ အတွက်လည်း ချေးငွေများ ပိုမိုရရှိလာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ချေးငွေဆိုင်ရာ သတင်း အချက်အလက်များကို ငွေချေးပေးမည့် ဘဏ်များ၊ အဖွဲ့အစည်းများသို့ ဖြန့်ဝေပေးခြင်း ဖြစ်ကာ လက်ရှိ အပေါင်ပစ္စည်းရှိမှ ငွေချေး ငှားခြင်း ဆိုသည့် စနစ်ကို ပြောင်းလဲနိုင်မည် ဖြစ်ကြောင်း ဗဟိုဘဏ်က ဆို ထား သည်။

ဗဟိုဘဏ် အနေနှင့် ကြည့်လျှင်လည်း ဘဏ်အခန်းကဏ္ဍ တခုလုံး၏ ချေးငွေ ဆိုင်ရာ သတင်း အချက်အလက်များ၊ ပြည် တွင်းရှိ ငွေချေးပေးသည့် နေရာများ၊ ကြွေးမြီ ဆုံးရှုံးမှု ဖြစ်ပေါ်နေသည့် အခြေအနေများကိုပါ သိရှိနိုင်မည်ဟု မြန်မာနိုင်ငံ ဘဏ်များ အသင်း ဒု ဥက္ကဋ္ဌနှင့် မြဝတီဘဏ်၏ မန်နေဂျင်း ဒါရိုက်တာလည်း ဖြစ်သူ ဦးယုလွင်က ပြောသည်။

“မြန်မာ ခရက်ဒစ်ဗြူရိုက ပြည်တွင်း ဘဏ်လုပ်ငန်း တခုလုံးသာ မဟုတ်ဘဲနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်း အားလုံး အတွက် တိုးတက် ပြောင်းလဲမှု ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ် အကောင်ထည် ဖော်နိုင်ရေး အတွက် မြန်မာနိုင်ငံ ဘဏ်များ အသင်းက အပြည့်အဝ ကူညီ လမ်းညွှန်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းရှိ စီးပွားရေး ကဏ္ဍများရှိ အခက်အခဲများကိုလည်း အချိန်နှင့် တပြေးညီ သိရှိ၍ ပြည်တွင်း ဘဏ်များသို့ ထိန်း ကျောင်းခြင်းနှင့် မူဝါဒ ပေါ်လစီများ ယခုထက် ပို၍ ဆောင်ရွက် ပေးနိုင်မည်ဟု ဦးယုလွင်က ပြောဆိုသည်။

လက်ရှိ၌ ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် စီးပွားရေး လုပ်ကိုင်ရ လွယ်ကူမှု (Ease of Doing Business ) သတ်မှတ်ချက် တွင် မြန်မာနိုင်ငံအနေဖြင့် ၁၇၁ အဆင့်ရှိပြီး Credit Bureau ဌာန ရှိလာပါက အဆင့် လျော့ကျသွားနိုင်ကြောင်း ပြည်တွင်း လုပ်ငန်းရှင် တချို့က ပြောဆိုသည်။

မြန်မာ ခရက်ဒစ် ဗြူရို လီမိတက်သည် မြန်မာနိုင်ငံ ဘဏ်များ အသင်းမှ အဖွဲ့ဝင်များဖြင့် တည်ထောင်ထားသော MB Investment Limited မှ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး မဟာဗျူဟာ မိတ်ဖက် အဖြစ် စင်ကာပူ နိုင်ငံမှ Asia Credit Bureau Holiding Company မှ ၄၀ ရာခိုင်နှုန်း နှင့် ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

The post ချေးငွေ သတင်း အချက်အလက် ဌာန ၂၀၁၉ ၌ စမည် appeared first on ဧရာဝတီ.

ဟွာဝေး CFO ဒေါ်လာ ၇.၅ သန်းဖြင့် အာမခံရ

$
0
0

ဟွာဝေး နည်းပညာကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ်(CFO) မန်ဝမ်ကျိုးသည် ကနေဒါ တရားရုံးမှ အင်္ဂါနေ့တွင် အာမခံရခဲ့ပြီဖြစ်သည်။

အမေရိကန်၏ စွဲချက်ကို ရင်ဆိုင်ရန် တရားခံ အရွှေ့အပြောင်း စောင့်ဆိုင်းရဖွယ် ရှိနေစဉ်အတွင်း သူ့ကို ဗန်ကူဗာမြို့ရှိ နေအိမ်၌ပင် အာမခံဖြင့် နေထိုင်ရန် ဗြိတိသျှကိုလံဘီယာ(ကနေဒါ) တရားရုံးချုပ်က ခွင့်ပြုမည်ဖြစ်သည်။

မန်ဝမ်ကျိုး၏လုပ်ဖော်ကိုင်ဖက်ဟောင်း ၄ ဦးနှင့် မိတ်ဆွေများက သူ့ခင်ပွန်းကို ဝန်းရံပေးကြပြီး ကနေဒါ ၁၀ သန်း (အမေရိကန်ဒေါ်လာ ၇.၅ သန်း) တန်ဖိုးငွေသားနှင့် ဗန်ကူမြို့ရှိ နေအိမ် ပိုင်ဆိုင်မှုတို့ကို အာမခံတင်ပေးပြီးနောက် ဗြိတိသျှကိုလံဘီယာ တရားရုံးချုပ် တရားသူကြီး ဝီလျံအက်ကီက မန်ကို လွှတ်ပေးရန် သဘောတူလိုက်သည်။

ယခု အာမခံဖြင့် နေထိုင်ရန် သဘောတူညီချက်အရ အာမခံတင်ပေးသူ ၅ ဦးတို့က မန်ဝမ်ကျိုးအနေဖြင့် ထွက်ပြေးတိမ်းရှောင် မပြုရန်နှင့် ခံဝန်အတိုင်း နေထိုင်ရန် ကတိပြုခဲ့ရသည်။

အသက် ၄၆ နှစ်ရှိ မန်ဝမ်ကျိုးသည် ဗန်ကူဗာမြို့ရှိ သူ၏နေအိမ်၌ပင် ကနေဒါ လုံခြုံရေးအစောင့်များနှင့် အာမခံသဘောတူညီချက်အရ နည်းပညာသုံး စောင့်ကြည့်မှုများပါ ခံယူလျက် နေထိုင်ရမည်ဖြစ်ပြီး သူ့လက်ဝယ်ရှိ တရုတ်နှင့်ဟောင်ကောင် နိုင်ငံကူးလက်မှတ်များပါ ကနေဒါ အာဏာပိုင်များထံ အပ်နှံထားရမည်ဖြစ်သည်။

တရားခံ အရွှေ့အပြောင်းမပြုမိ ကနေဒါမှ မန်ဝမ်ကျိုး ထွက်ပြေးမည့်အန္တရာယ်ကို ယခု အာမခံဖြင့် လျှော့ချနိုင်ခဲ့ပြီဖြစ်သဖြင့် မိမိကျေနပ်ပါကြောင်း တရားသူကြီးအက်ကီက ပြောသည်။

ဗန်ကူဗာမြို့မှ မက္ကစီကိုနိုင်ငံသို့ ကူးရန် လေယာဉ်ခရီးစဉ် ပြောင်းလဲစီးနင်းစဉ် မန်ဝမ်ကျိုးသည် အမေရိကန် အာဏာပိုင်များ၏တောင်းဆိုချက်အရ ဒီဇင်ဘာလ ၁ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။ အမေရိကန် ပိတ်ဆို့ဒဏ်ခတ်ထားမှုကို ချိုးဖောက်၍ အီရန်နိုင်ငံနှင့် ငွေအလွှဲအပြောင်း လုပ်ခဲ့သည့်စွဲချက်ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

အမေရိကန်အစိုးရက သက်သေအထောက်အထားဖြင့် တရားခံလွှဲပြောင်းရေး ဆောင်ရွက်ရန် သူ ဖမ်းဆီးခံရသည့်နေ့မှ ရက်ပေါင်း ၆၀ အချိန်ရရှိထားသည်။

ကိုးကား။ ။ Bloomberg

The post ဟွာဝေး CFO ဒေါ်လာ ၇.၅ သန်းဖြင့် အာမခံရ appeared first on ဧရာဝတီ.

Viewing all 5004 articles
Browse latest View live