Quantcast
Channel: စီးပွားရေး - ဧရာဝတီ
Viewing all 5004 articles
Browse latest View live

HyperBoost နည်းပညာနဲ့ OPPO A7 စမတ်ဖုန်း ထွက်ရှိ

$
0
0

လွန်ခဲ့တဲ့ ၁ လလောက်က စတင်ကာ ကောလာဟလတွေ ထွက်ရှိခဲ့တဲ့ OPPO A7 စမတ်ဖုန်းကတော့ တရားဝင် ထွက်ရှိလာပါပြီ။ OPPO A7 ကို တရုတ်နဲ့ နီပေါနိုင်ငံတို့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၂၂ ရက်နေ့ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

OPPO A7 မှာ Snapdragon 450 Chipset ၊ ရေစက်ပုံစံ Notch နဲ့ ကြီးမားတဲ့ 4,230mAh ဘက်ထရီတို့ ပါဝင်လာပါတယ်။ ဝယ်ယူသူတွေကို အဓိကဆွဲဆောင်မယ့် လုပ်ဆောင်ချက်ကတော့ OPPO ရဲ့ ကိုယ်ပိုင် HyperBoost နည်းပညာ ပါဝင်လာတာ ဖြစ်ပါတယ်။

CPU နဲ့ GPU လုပ်ဆောင်ရည်ကို ၃၁ ရာခိုင်နှုန်းအထိ မြှင့်ပေးပြီး ဂိမ်းတွင်းစွမ်းဆောင်ရည်ကို သိသိသာသာ ကောင်းမွန်စေမယ့် HyperBoost နည်းပညာကို ပြီးခဲ့တဲ့လကမှ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Huawei ရဲ့ GPU Turbo နည်းပညာကို ယှဉ်ပြိုင်မယ့် OPPO ရဲ့ ကိုယ်ပိုင် နည်းပညာပါ။ OPPO A7 ဟာ HyperBoost ပါဝင်တဲ့ ပထမဆုံး Mid-range OPPO ဖုန်းဖြစ်ပါတယ်။ OPPO RX17 Pro ဖုန်းပြီးနောက် ဒုတိယမြောက် ဖုန်းလည်း ဖြစ်ပါတယ်။

OPPO A7 ရဲ့ Display အရွယ်အစားက ၆ ဒဿမ၂ လက်မရှိပြီး 720p ရုပ်ထွက်အရည်အသွေး၊ 19:9 Aspect Ratio တို့နဲ့ ဖြစ်ပါတယ်။ နောက်ပိုင်း အသစ်ထွက်လာတဲ့ OPPO ဖုန်းတွေအတိုင်း ရေစက်ပုံစံ Notch ကို Display အပေါ်ဘက်မှာ တွေ့မြင်ရမှာပါ။ တရုတ်ဈေးကွက်မှာတော့ 4GB RAM/ 64GB Storage မော်ဒယ် ရောင်းချမှာဖြစ်ပြီး၊ နီပေါမှာတော့ 32GB မော်ဒယ်ပဲ ထွက်ရှိမယ်လို့ သိရပါတယ်။

ကျောကင်မရာကို 13MP+2MP နှစ်လုံးတွဲ အသုံးပြုထားပြီး၊ ရှေ့ကင်မရာကတော့ AI လုပ်ဆောင်ချက် အများအပြားပါဝင်တဲ့ 16MP ကင်မရာ ဖြစ်ပါတယ်။

OPPO A7 ကို တရုတ်နိုင်ငံမှာ ၂၃၀ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာဖြစ်ကာ၊ နီပေါမှာတော့ ၃၁၀ ဒေါ်လာလောက် အထိ ပေးရမှာ ဖြစ်ပါတယ်။ ရွှေရောင်၊ အပြာရောင်နဲ့ ပန်းရောင် ၃ မျိုး ထုတ်သွားမှာဖြစ်ပေမယ့် နိုင်ငံတိုင်းကို အရောင်စုံ ဝင်ဖို့တော့ မလွယ်ကူပါဘူး။

Ref: GSM Arena

The post HyperBoost နည်းပညာနဲ့ OPPO A7 စမတ်ဖုန်း ထွက်ရှိ appeared first on ဧရာဝတီ.


မြန်မာ့ဈေးကွက်ကို ကယ်တင်မည့် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူများ

$
0
0

မြန်မာနိုင်ငံအတွက် မိုးကုပ်စက်ဝိုင်းအနီးမှ တောက်ပသော အလင်းစက် အနည်းငယ်မျှထဲမှ တခုမှာ ထွန်းသစ်စ ဈေးကွက် များထဲမှ အစွန်အဖျားအကျဆုံးသော ဈေးကွက်တခုတွင် စီးပွားရေးအခွင့်အလမ်းများ အတွက် သတ္တိရှိရှိဖြင့် ရှေ့ဆောင်ဝင် ရောက်လာသူများဖြစ်ကြသည့် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူများထံမှ ရောက်လာခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် ကဲ့ သို့ ခက်ခဲသော နှစ်တခုအတွင်းမှာပင် မြန်မာ အခြေစိုက် ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော်ကို ကတိပြု ထားသည့်အတိုင်း ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ အပျံသင်စ ပုဂ္ဂလိက ကဏ္ဍတည်ဆောက်ရေးအတွက် ကူညီပေးခြင်းနှင့် အတူရရှိမည့် ဂုဏ်သိက္ခာ အပါအဝင် အကျိုးအမြတ် ရလဒ်များက ရေရှည်တွင်သာ ဖြစ်သည်။

စည်းအပြင်က အပြန်

များစွာ မကြာသေးသော ကာလတခုအထိ အပယ်ခံနိုင်ငံ ဖြစ်ခဲ့သော မြန်မာက နိုင်ငံတကာ၏ စောင့်ကြည့်မှုအောက်သို့ အသေအချာ ပြန်ရောက်လာသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်တွင် မွတ်ဆလင်များ အပေါ် တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ဒုက္ခသည် ၇၀၀၀၀၀ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့သည်။ ထိုအဖြစ်က တိုင်းပြည်၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေ အပေါ်တွင် မလိုလားအပ်သော အကျိုးဆက်များ သက်ရောက်ဖွယ်ရာ ရှိနေသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာလအတွင်းက အသေးစိတ် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာတွင် သိသာ ထင်ရှားသော လူမျိုးဖြုတ် သုတ်သင်မှုတခု အဖြစ် တံဆိပ်ကပ်ခဲ့သည်။ တာဝန်ရှိသော စစ်ဗိုလ်ချုပ်များကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာနိုင်ငံ၏ အရပ်သား အစိုးရအနေဖြင့် တပ်မတော်ကို လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းနှင့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ အစရှိ သည့် အရေးပါသည့် ဝန်ကြီးဌာန ၃ ခုကို ထိန်းချုပ်ခွင့်ပေးထားသည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဖက်စပ် အုပ်ချုပ်နေရသည့် အခြေအနေကြောင့် တောင်းဆိုချက်အတိုင်း ဆောင်ရွက်နိုင်ဖွယ်ရာ မရှိပါ။

ရခိုင်ပြည်နယ် ပြဿနာ၏ မလိုလားအပ်သော အကျိုးဆက်များက ခံစားနေရပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှု အသစ်များအတွက် လျှောက်ထားမှုက ၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလအတွင်းတွင် ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၄၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ အနောက်တိုင်း ကုမ္ပဏီများမှ လျှောက်ထားမှု သိသိသာသာ ကျဆင်းသွားခဲ့သည်။ အနောက်တိုင်း ကမ္ဘာလှည့် ခရီးသည်များက လည်း မြန်မာနိုင်ငံကို ရှောင်ကျဉ်လာကြသည်။ ဥရောပ သမဂ္ဂ(EU) က ရခိုင်ပြည်နယ်တွင် အပေါင်းလက္ခဏာဆောင်သော အရေးယူဆောင်ရွက်မှုများ မရှိခဲ့လျှင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး အထူးအခွင့်အရေး အဆင့်အတန်း(GSP) ကို ပြန်လည်ရုပ်သိမ်းရန် စဉ်းစားနေသည်။ ပြီးခဲ့သည့် နှစ်အတွင်း က နိုင်ငံခြားတင်ပို့မှု ၂.၇ ဘီလီယံဖိုး ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကဏ္ဍပြီးလျှင် နိုင်ငံခြားငွေ ဒုတိယအများဆုံး ရှာဖွေပေးနိုင်သည့် မြန်မာနိုင်ငံ၏ အရှိန်ရခါစ အထည်ချုပ်လုပ်ငန်းကို ထိခိုက်နစ်နာစေမည့် လုပ်ရပ် တခု ဖြစ်ပါသည်။ ကမ္ဘာဘဏ်က ၂၀၁၈ – ၁၉ ဘဏ္ဍာရေး နှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို ၆.၈ ရာခိုင် နှုန်း ခန့်မှန်းထားရာမှ ၆.၂ ရာခိုင်နှုန်းသို့ မကြာသေးမီက လျှော့ချခဲ့သည်။

လိုက်နာရန် ခက်ခဲသည်

တိုင်းပြည်၏ ရေရှည်စီးပွားရေး အလားအလာအတွက် ပို၍ စိတ်ပျက်ဖွယ်ရာကောင်းသည်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အ ဖွဲ့ချုပ် (NLD) ပါတီ အစိုးရက ယခင်သမ္မတဟောင်း ဦးသိန်းစိန်၏ ဒီမိုကရေစီ အမည်ခံ အစိုးရလက်ထက်တွင် စတင်ခဲ့ သော ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်နိုင်သည်။

နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဦးသိန်းစိန်က များစွာ ပြုလုပ်ခဲ့သည်။ တရုတ် ကျောထောက်နောက်ခံပေးသည့် အငြင်းပွားဖွယ်ရာ မြစ်ဆုံ စီမံကိန်းကို သူက ဆိုင်းငံ့ခဲ့သည်။ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများက ချမှတ်ထားသည့် ဆယ်စုနှစ် ၂ ခုကြာ စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ၂၀၁၂ ခုနှစ်တွင် ရုပ်သိမ်းရေးကို ဦးတည်၍ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးသို့ ဝင်လာရေး လမ်းဖွင့်ပေးခဲ့သည်။ နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီ ၂ ခု ဖြစ် သည့် Telenor နှင့် Ooredoo တို့ကို မိုဘိုင်းဖုန်း ကွန်ရက် လုပ်ပိုင်ခွင့်များ ရရှိစေခဲ့သည်။ (မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ထိုးဖောက်နိုင်မှုက ၂၀၁၁ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် ရှိနေပြီ ဖြစ်သည်။) နိုင်ငံခြားဘဏ် ၁၀ ခုကို လုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်ချ ထားပေးခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်အသစ်များ လုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။

နှိုင်းယှဉ်ကြည့်လျှင် NLD ၏ သက်တမ်းဝက် စွမ်းဆောင်ရည်က အားနည်းနေသည်။ NLD က FDI ဥပဒေသစ်တခုကို ပြဌာန်းခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံခြား ကုမ္ပဏီများ ကြားမှ ကစားကွင်းကို မျက်နှာပြင်ညှိခဲ့သည်။ ရှေးကျနေပြီ ဖြစ်သည့် ကုမ္ပဏီများ ဥပဒေကို ပြင်ဆင်၍ နိုင်ငံခြားသားများ မြန်မာနိုင်ငံမှ ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံရာတွင် လွယ်ကူစေခဲ့သည်။ သို့သော်လည်း စီးပွားရေးကို လှုံ့ဆော်ရန် အခွင့် အလမ်းများ ကျန်ရှိနေဆဲ ဖြစ်သည်။

NLD အနေဖြင့် ပြည်တွင်း ဘဏ်များကို သူတို့၏ ကိုယ်ပိုင်အတိုးနှုန်းများ သတ်မှတ်ရန် ခွင့်ပြုသင့်သည်ဟု အချို့က အကြံ ပြုခဲ့ကြသည်။ ငွေထုတ်ချေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဖြစ်သည်။ အထူးသဖြင့် ငွေကြေး အထောက်အပံ့ လိုအပ်နေသော အသေးစားနှင့် အလတ်စား လုပ်ငန်းများသို့ ဖြစ်သည်။ မြန်မာ ဘဏ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်အောင် လုပ်နိုင်ခဲ့သည်ဟု အခြားသူများက ဆိုသည်။ သို့သော်လည်း သီအိုရီအရသာ ခွင့်ပြုခြင်းဖြစ်ပြီး လက်တွေ့တွင် ဖြစ်ပေါ်မလာသေးပေ။

နိုင်ငံခြားကုမ္ပဏီများသို့ အာမခံလုပ်ငန်းလိုင်စင်များ ထုတ်ပေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။ ၎င်းတို့မှာ မရှိသလောက်နီးပါး ဖြစ်နေသည့် အာမခံဈေးကွက်အတွင်းသို့ ဝင်ရန် စောင့်ဆိုင်းနေကြသည်မှာ နှစ် နှင့်ချီ၍ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ (မကြာသေးမီက မြန်မာနိုင်ငံ ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များကို ဈေးကွက်အတွင်း ငွေချေးခွင့်အပါအဝင် မည်သည့် ဘဏ်လုပ်ငန်းမဆို လုပ်ကိုင်ခွင့် ပြုခဲ့ပြီ ဖြစ်သည်။) ထို့ပြင် အာဏာရပါတီအနေဖြင့် စီမံကိန်းများကို ပိုမိုလျှင်မြန်စွာ အတည်ပြုနိုင်ရေးအ တွက် ဝန်ကြီးဌာနများကြားတွင် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ရှိသင့်သည်ဆိုသည့် ခံစားချက်တခုက ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။

ထိုကဲ့သို့သော ပြုပြင်ပြောင်းလဲရေးများက FDI နှင့် စီးပွားရေးကို လှုံ့ဆော်နိုင်လိမ့်မည်ဟု မြန်မာနိုင်ငံမှ ဈေးကွက် စောင့်ကြည့်လေ့လာသူ အများအပြားက ယုံကြည်နေကြသည်။ “ရခိုင် ကိစ္စက အနုတ်သဘောဆောင်တဲ့ သဘောထားတွေကို ဖန်တီးပေးပါတယ်။ ရင်းနှီးမြှုပ်နှံမှု အပေါ်မှာ သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေးက အင်အားကောင်းနေမယ် ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက ဘယ်လိုပဲဖြစ်ဖြစ် လာကြလိမ့်မယ်လို့ ကျမ ပြောရဲပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှု အကြံပေး အဖွဲ့အစည်းတခု ဖြစ်သည့် Sandanila ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်သီရိသန့်မွန်က ပြောသည်။

ရယ်စရာ ကောင်းသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရက ယခင် တပ်မတော် ကျောထောက်နောက်ခံ အစိုးရနှင့်စာလျှင် ပုဂ္ဂလိကကဏ္ဍနှင့် အကျွမ်းတဝင်ရှိမှု နည်းသည်ဟု အများက မြင်ကြခြင်း ဖြစ်သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သည့် ဆိုရှယ်လစ်စနစ် နောက်ပိုင်း ၁၉၈၉ မှ ၂၀၁၀ အတွင်း စစ်အစိုးရလက်အောက် ခရိုနီ အရင်းရှင်စနစ် အင်အားကောင်းခဲ့ခြင်းတို့ကြောင့် ပုဂ္ဂလိက ကဏ္ဍအပေါ် မယုံကြည်မှု တခု နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့ခြင်းဟု ယူဆလျှင် ရနိုင်ပါလိမ့်မည်။ “ဆိုရှယ်လစ် စနစ်နဲ့ ခရိုနီစနစ်ရဲ့ အရိပ်လွှမ်းမိုးမှုကြောင့် ဒီအစိုးရက စီပွားရေးလုပ်ငန်းကို အလွန်သံသယ ရှိတဲ့ သဘောဖြစ်နေပါတယ်။ (သူတို့ စိတ်ထဲမှာ) စီးပွားရေးသမားက လောဘကြီးတဲ့ သူတွေနဲ့ တူတူပဲ” ဟု ဒေါ်သီရိသန့်မွန်က ပြောသည်။

အကြောက်အရွံ့မရှိသော ရှေ့ဆောင်များ

ထိုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူက ရင်းနှီးမြှုပ်နှံရဲပါသနည်း။ ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများ၊ စတော့ အိတ်ချိန်းတွင် လူသိရှင်ကြား စာရင်းသွင်းထားသော မြန်မာနိုင်ငံ၏ စွန့်စားရမှုများသော ရင်းနှီးမြှုပ်နှံမှုတွင် ကျွမ်းကျင်သည့် ကုမ္ပဏီများမှ ကြိုဆိုပါသည်။ ထိုကဲ့သို့သော ကုမ္ပဏီ ၃ ခု ရှိပါသည်။ သေးငယ်သော်လည်း တိုးတက်နေသော ကုမ္ပဏီများအတွက် လန်ဒန်စတော့ အိတ်ချိန်း၏ နိုင်ငံတကာ ဈေးကွက်တွင် စာရင်းသွင်းထားသည့် Myanmar Investment နှင့် Myanmar Strategic Holdings၊ စင်ကာပူအိတ်ချိန်းတွင် စာရင်းသွင်းထားသော Singapore Myanmar Investco တို့ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံက ကမ္ဘာနှင့် တံခါးဖွင့်လာပြီး အနောက်တိုင်း စီးပွားရေး ပိတ်ဆို့ဒဏ်တ်မှုများ ဖယ်ရှားခဲ့သည့် ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ (private equity fund) များထဲမှ တခုဖြစ်ပြီး တကမ္ဘာလုံး အတိုင်းအတာအရ အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံကို စီမံခန့်ခွဲနေ၍ အာရှတွင် ဒေါ်လာ ၇.၈ ဘီလီယံ ရှိသည့် TPG က မြန်မာနိုင်ငံသို့ အစောဆုံး ရောက်လာသည့် ကုမ္ပဏီများထဲမှ တခုဖြစ်သည်။ TPG က YGA Capital ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးသူရကိုကို ကို မြန်မာနိုင်ငံမှ ၎င်းတို့၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်။

TPG က တိုင်းပြည်၏ လျှင်မြန်စွာ ဖွံ့ဖြိုးနေသော မိုဘိုင်းဖုန်း ကွန်ရက်များ အထောက် အကူ ဖြစ်စေရန် ဆက်သွယ်ရေး တာဝါတိုင်များ ထောင်သည့် ကုမ္ပဏီတခု ဖြစ်သော Apollo Towers Myanmar တွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံခဲ့သည်။ Myanmar Distillery Company တွင်လည်း အစုရှယ်ယာ ထည့်ဝင်ခဲ့ပြီး ထိုင်းနိုင်ငံမှ Thai Beverage သို့ ဒေါ်လာ ၄၉၄ သန်း ဖြင့် အလျှင်အမြန် ပြန်လည်ရောင်းချခဲ့သည်။ TPG က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကုမ္ပဏီမှ ၎င်း၏ အစုရှယ်ယာအတွက် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ပေးခဲ့သည်။ TPG က နောက်ထပ် တယ်လီဖုန်းတာဝါတိုင် တည်ဆောက်ရေး ကုမ္ပဏီတခုဖြစ်သည့် Pan Asia Pacific နှင့် ပူးပေါင်းရန် ဆောင်ရွက်နေသည်။ အကယ်၍ အောင်မြင်ခဲ့လျှင် Pan Asia Pacific ကို ပြည်တွင်းဈေးကွက်၏ ဦးဆောင်သူ ဖြစ်အောင် လုပ်ပေးနိုင်လိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခြင်းက ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း (ကမ္ဘာ့ဘဏ်၏ စီးပွားလုပ်ငန်း လုပ်ကိုင်ရာတွင် လွယ်ကူ အဆင်ပြေမှု ညွှန်းကိန်းတွင် မြန်မာနိုင်ငံက နိုင်ငံ ၁၉၀တွင် အဆင့် ၁၇၁ ၌ ရှိနေသည်) TPG ကဲ့သို့ ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေများက ဖြစ်နိုင်ကြောင်း ပြသခဲ့ကြပြီး ဖြစ်သည်။

Delta Capital Myanmar က မြန်မာနိုင်ငံကို အဓိကထားသည့် ၎င်းတို့၏ ဒုတိယမြောက် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ ရှာဖွေမှုကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ပိတ်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း ၇၀ ဖြစ်ပြီး ၎င်း၏ တဝက်မှာ ကမ္ဘာ့ ဘဏ် ၏ International Finance Corporation (IFC) နှင့် အင်္ဂလန်နိုင်ငံမှ CDC Group တို့ကဲ့သို့သော ဖွံ့ဖြိုးရေး ဘဏ္ဍာရေး အဖွဲ့အစည်းများ (Development financial institutions – DFIs) မှ လာခြင်း ဖြစ်သည်။ ရခိုင်ပြဿနာက မူလက ဒေါ်လာ သန်း ၁၀၀ အထိ ရည်မှန်းထားခဲ့သော ရံပုံငွေ အသစ်အတွက် စိတ်အားထက်သန်မှုများကို လျော့ကျစေခဲ့သည်။ “တကယ်လို့ ရခိုင်ပြဿနာ မဖြစ်ခဲ့ဘူးဆိုရင် ကျနော်တို့ ဒေါ်လာ သန်း ၁၀၀ အထိ ရရှိပြီးဖြစ်ပါလိမ့်မယ်” ဟု Delta Capital Myanmar ၏ မန်နေးဂျင်းပါတနာ Nick Powell ကပြောသည်။ Delta Capital ရံပုံငွေ ၂ ခုပေါင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန်ဘိုးရှိပါသည်။

Nick Powell က မြန်မာနိုင်ငံ၏ အခွင့်အလမ်းများနှင့် ပတ်သက်၍ သေချာမှု ရှိနေဆဲ ဖြစ်သည်။ “ဒီဈေးကွက်နဲ့ ပတ်သက်တဲ့ အကြောင်းတခုကတော့ ဝင်ရောက်ဖို့အတွက် ကြီးမားတဲ့ အတားအဆီး မရှိတာပဲ။ တချိန်ချိန် တနေရာရာမှာ ခင်ဗျားက တိုင်းပြည်မှာ ရှေ့ဆောင်သူ ဖြစ်လာနိုင်ပါတယ်။ ၃ နှစ်ကနေ ၅ နှစ်အတွင်းမှာ နိုင်ငံထိပ်တန်း ကုမ္ပဏီတခု ဖြစ်လာအောင် ဘာမှမရှိတဲ့ အနေအထားကနေ စတင်နိုင်တဲ့ တခြားနိုင်ငံ မရှိပါဘူး” ဟု သူကပြောသည်။ ဥပမာ အားဖြင့် Delta fund က ပထမပိုင်းတွင် Frontiir ၌ ရင်းနှီး မြှုပ်နှံခဲ့သည်။ ယခုအခါ Frontiir က တိုင်းပြည်တွင် အင်တာနက် ဝန်ဆောင်မှုပေးသည့် ထိပ်တန်း ကုမ္ပဏီတခု ဖြစ်လာသည်။ ထို့ပြင် ပြည်တွင်း အသေးစား ငွေချေးလုပ်ငန်းတခု ဖြစ်သည့် Easy Finance တွင်လည်း ရင်းနှီးမြှုပ်နှံခဲ့သည်။

နောက်ဆုံးတွင် နာလန်ပြန်ထပြီ

မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍက ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ရပ်နိုင်ရန် အတွက် စတင်နေဆဲ ရှိသေးသည်။ ဦးနေဝင်းလက်ထက် ဆိုရှယ်လစ်ခေတ်(၁၉၆၂ မှ ၁၉၈၈) တွင် ပုဂ္ဂလိက ကဏ္ဍက အလုံးစုံ ပျောက်ကွယ်သွားခဲ့သည်။ စစ်အုပ်ချုပ်ရေး ကာလ(၁၉၈၉ မှ ၂၀၁၀) အတွင်းတွင် ခရိုနီ အရင်းရှင် စနစ် ဖြစ်ခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင် အများအပြားမှာ အစိုးရ ကျောထောက်နောက်ခံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အတုန့်အလှယ်အနေဖြင့် အကျိုးအမြတ် များပြားသည့် သတ္တုတွင်းနှင့် သစ်တော လုပ်ပိုင်ခွင့်များ ရရှိခဲ့သောကြောင့် အကျိုးစီးပွား ဖြစ်ထွန်းခဲ့ကြသည်။ အဆိုပါ စီးပွားရေး လုပ်ငန်းကြီးများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အများအပြားအတွက် ပြဿနာများ ချန်ထားခဲ့ကြသည်။ စာရင်းအင်း၊ ပွင့်လင်းမြင်သာမှုနှင့် ကောင်းမွန်သော အုပ်ချုပ်မှု ကိစ္စများတွင် များသောအားဖြင့် နိုင်ငံတကာ စံနှုန်းများနှင့် အကျွမ်းတဝင် မဖြစ်သေးဘဲ ရှိနေသည်။ ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုအတွက် ရှေ့ဆောင် ဝင်ရောက်လာသူများ အနေဖြင့် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေခြင်းက ကုမ္ပဏီ အသစ်များဖန်တီးခြင်းနှင့် ပမာဏ တူညီနေလေ့ ရှိပါသည်။

အာရှကို ဦးစားပေးသည့် ရင်းနှီးမြှုပ်နှံသူများက ကျောထောက်နောက်ခံပေးထားသည့် လွတ်လပ်သော ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခု အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က လုပ်ငန်းများ စတင်ခဲ့သော Anthem Asia က ပြီးခဲ့သည့် ၄ နှစ်အတွင်း ရန်ကုန်မြို့၏ ထိပ်တန်းစားသောက်ဆိုင်များထဲမှ တခုဖြစ်သည့် Rangoon Tea House အပါအဝင် ကုမ္ပဏီ ၁၀ ခု၏ အစုရှယ်ယာများကို ရယူခဲ့သည်။ အသေးစား ရင်းနှီးမြှုပ်နှံမှုများတွင် ကျွမ်းကျင်သော Anthem Asia က IFC ၊ Dutch Good Growth Fund နှင့် CDC Group စသည့် ဖွံ့ဖြိုးရေး ဘဏ္ဍာရေး အဖွဲ့အစည်း (DFI) ၃ ခု ထံမှ ဒေါ်လာ ၃၄.၅သန်း ရှာဖွေထားသည့် ၎င်း၏ ပထမဆုံး Myanmar SME Venture Fund ပိတ်သည့်အကြောင်းကို သြဂုတ်လ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။ “မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ ဆန့်ကျင်တိုက်ခိုက်မှုတွေ ရှိေနေတဲ့ အချိန်မှာတောင် ဒီငွေကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့တာကို ကျမတို့ တွေ့မြင်ခဲ့ရပါတယ်။ ကျမတို့ရဲ့ ကိုယ်ပိုင် မှတ်တမ်းအရ ဒါဟာ ထူးခြားထင်ရှားတဲ့ အာရှဈေးကွက်တခု ဖြစ်လာနိုင်တယ်လို့ အခြေခံကျကျ ယုံကြည်မှု ရှိကြောင်း ဆန္ဒမဲ ပါပဲ” ဟု မန်နေးဂျင်း ဒါရိုက်တာ Josephine Price ကပြောသည်။

မြန်မာနိုင်ငံကို ပေါ်ထွန်းစ ဈေးကွက်များတွင် ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ပေးရင်း သူတို့၏ ငွေကြေးများအတွက် အကျိုးအမြတ် အတော်အသင့်ရှာဖွေရန် ရည်ရွယ်ချက်ရှိသော ဖွံ့ဖြိုးရေး ဘဏ္ဍာရေး အဖွဲ့အစည်း DFI များအတွက် ဈေးကွက်ကောင်းတခု အဖြစ် ယူဆကြသည်။ စီးပွားဖြစ် ရင်းနှီးမြှုပ်နှံသူများနှင့် မတူသည်မှာ အစိုးရနှင့် ဆက်စပ်နေသော DFI များကသာ သူတို့ကို ထောက်ပံ့သည့် အစိုးရများနှင့် ပတ်သက်၍ စိုးရိမ်ရန် လိုအပ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာ ဂုဏ်သိက္ခာနှင့် စားသုံးသူတို့၏ သပိတ်မှောက်ခြင်းကို စိုးရိမ်ရန် လိုအပ်သော နိုင်ငံတကာ ကုမ္ပဏီကြီးများနှင့်စာလျှင် ရခိုင်အခြေအနေကို DFI များက ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက် ချမှတ်ရာတွင် အရေးထားရမှု နည်းပါးသည်။

“တိုင်းပြည်ရဲ့ ရှုပ်ထွေးနူးညံ့တဲ့ ကွဲပြားမှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အများစုက နားလည်ကြပါတယ်။ ရခိုင် ပြဿနာ ရှိနေပေမယ့် ဆက်လက်ပြီး ထိတွေ့ဆောင်ရွက်ကြပါတယ်။ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းက ရေရှည်မှာ လူမှုရေးနဲ့ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်စေပါတယ်။ ပိုကောင်းတဲ့ အလုပ်အကိုင်တွေ၊ ဘဝတွေကို ဖန်တီးပေးပါတယ်” ဟု CDC Group အတွက် အကြံပေးအဖြစ်လည်း ဆောင်ရွက်နေသည့် ဒေါ်သီရိသန့်မွန်က ပြောသည်။

အလုံးစုံ အမြင်

စင်ကာပူအခြေစိုက် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ အဖွဲ့အစည်းတခု ဖြစ်သည့် Emerging Markets Investment Advisers (EMIA) က အစွန်အဖျား ဈေးကွက်များ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ တို့ကို ဦးတည်သော ရံပုံငွေ ၂ ခုကို ထူထောင်ခဲ့သည်။ ယခုအချိန်တွင် ကမ္ဘောဒီးယားက ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုများတွင် အများဆုံး နေရာ ရယူထားသော်လည်း မြန်မာနိုင်ငံက ပိုမိုကောင်းမွန်သည့် အလားအလာတခု ဖြစ်လာနေသည်။ “တကယ်လို့ ခင်ဗျားမှာ ရေရှည် ဈေးကွက် အမြင်တခု ရှိတယ်ဆိုရင် ဒီနေ့အချိန်မှာ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံးနေရာလို့ ကျနော်တို့ မြင်ပါတယ်” ဟု EMIA ၏ အမှုဆောင် အရာရှိချုပ် Joshua Morris က ပြောသည်။ “တိုင်းပြည်မှာ အခု ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကြောင့် ၂၀၁၅ နဲ့ ၂၀၁၆ မှာ သူတို့ မြင့်တက်နေရာကနေ ပြန်ကျလာပေမယ့် မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင်သမားတွေ ရှာဖွေခဲ့တဲ့ တန်ဖိုးတွေက အတော်လေးကို မြင့်တက်နေတုန်းပါပဲ။”

ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူများက အကျပိုင်းသို့ ရောက်နေချိန်အတွင်း ဝင်ရောက်ကြပြီး အတက်ပိုင်းသို့ ရောက်သည့် အချိန်တွင် ပြန်ထွက်ရန် ရည်ရွယ်ကြသည်။ “တကမ္ဘာလုံးမှာ ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူတွေဆိုတာ ငွေဖြစ်မှု အနည်းဆုံးအချိန်မှာ ရင်းနှီးမြှုပ်နှံမှုကို ပုံအောလောင်းထည့်တတ်ကြတယ်။ ဆိုတော့ မြန်မာဈေးကွက်ကို ကြည့်ရင် ဈေးက အနိမ့်ဆုံး ဖြစ်နေတဲ့ အခြေအနေပဲ။ သီအိုရီ အရဆိုရင် ဒါက ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံး အချိန်ပဲ” ဟု Josephine Price ကပြောသည်။

စောင့်ကြည့်ရန် ကျန်နေသည်မှာ မြန်မာအမှတ်တံဆိပ် ယခုအခါ ရောင်းမစွံတော့သည်ကို ပြည်တွင်း ကုမ္ပဏီများက နားလည်သဘောပေါက်ခြင်း ရှိ မရှိပင် ဖြစ်သည်။ “လက်ရှိအချိန်မှာ ဝင်ဖို့က အရင်ကထက်စာရင် နည်းနည်း အန္တရာယ် ပို လျှော့လာတယ်လို့ ကျနော်ထင်ပါတယ်” ဟု Myanmar Investment ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ထွန်းက ပြောသည်။ “အဲဒါရဲ့ တခြားတဖက်ကတော့ တကယ်လို့ စည်းကမ်းရှိလာပြီဆိုရင်၊ ကုမ္ပဏီတွေက ပိုပြီး လက်တွေ့ကျလာပြီဆိုရင် ကောင်းမွန်တဲ့ ဈေးနှုန်းတခုနဲ့ ရင်းနှီးမြှုပ်နှံမှု ပြုနိုင်သင့်ပါတယ်။”

မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ အများစုမှာ ရေရှည်အတွက် ရှိနေကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်က ရောက်ရှိခဲ့သည့် Myanmar Strategic Holdings ၏ အမှုဆောင် အရာရှိချုပ် Enrico Cesenni က အပြောင်းအလဲအတွက် တိုင်းပြည်က တံခါးဖွင့်ထားသည့် အသွင်ရှိနေခြင်းအပေါ် ကျေနပ်ခဲ့သူ ဖြစ်သည်။ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်တခုဖြစ် သည့် Goldman Sachs တွင် လုပ်ကိုင်ခဲ့သည့် ဘဏ်လုပ်ငန်းရှင်ဟောင်း Enrico Cesenni က ကုမ္ပဏီတွင် ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသူ ဖြစ်သည်။ “မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူ အဖွဲ့တခု ရှိတယ်။ အများစုက ဥရောပက။ သူတို့ကို တစုတစည်းထဲ ဖြစ်စေတာက အချိန်ပဲ။ သူတို့ အားလုံးက နောက် အနှစ် ၂၀ ကြာတဲ့ အခါမှာ သူတို့ရဲ့ ပိုက်ဆံကို အဆ ၁၀၀ ဖြစ်လာစေမယ့် ရင်းနှီးမြှုပ်နှံမှုတခုကို ရှာဖွေနေကြတယ်” ဟု သူက ပြောသည်။ Myanmar Strategic Holdingက အခြားသော ရင်းနှီးမြှုပ်နှံမှုများနှင့် အတူ Wall Street အင်္ဂလိပ်ဘာသာသင် ကျောင်းခွဲတခု ဖွင့်လှစ်ထားသလို မြန်မာနိုင်ငံတွင် အကြီးဆုံး လုံခြုံရေး ကုမ္ပဏီတခုကိုလည်း လုပ်ကိုင်နေသည်။ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများမှာ အခြေခံ ကနဦးအဆင့်မှ စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု၏ ငွေကြေးပါဝင်မှု (စုစုပေါင်း ဒေါ်လာ သန်း ၅၀၀ ခန့်ရှိသည်)က တိုင်းပြည်တွင် လိုအပ်သည်နှင့် နှိုင်းစာလျွှင် မပြောပလောက်သော်လည်း ပုဂ္ဂလိက ကဏ္ဍအပေါ်တွင် ၎င်း၏ သက်ရောက်မှုက ရေရှည်တွင် သက်သေပြနိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် စင်ကာပူအခြေစိုက် ရင်းနှီးမြှုပ်နှံမှု အုပ်စုတခု ဖြစ်သည့် Seed Myanmar က ၂၀၁၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် အချိန်မှစ၍ တည်ထောင်စ နည်းပညာ ကုမ္ပဏီသစ် ၇ ခုတွင် ရင်းနှီး မြှုပ်နှံခဲ့ပြီး ဖြစ်သည်။ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုက သေးငယ်ပြီး ဒေါ်လာ ၅၀၀၀၀ မှ ၂၅၀၀၀၀ အတွင်းစီသာ ရှိကြသော်လည်း သက်ရောက်မှု အလားအလာက ကြီးမားသည်။ “ကျမတို့ ရင်းနှီးမြှုပ်နှံနေတဲ့ ကလေးတွေက ၁၀ နှစ် အချိန်အတွင်းမှာ တိုင်းပြည်ကို မောင်းနှင်လည်ပတ်တော့မယ့် သူတွေ” ဟု Seed Myanmar ၏ အမှုဆောင် အရာရှိချုပ် Rita Nguyen က ပြောသည်။ မြန်မာ့ စီးပွားရေး၏ လက်ရှိ အခြေအနေများအရ အဆိုပါ ခန့်မှန်းမှု မှန်ကန်ကြောင်း သက်သေပြရန် မျှော်လင့်ချက်ဖြင့် Rita Nguyen နှင့် ပူးပေါင်းမည့်သူ အများအပြားပင် ရှိပါလိမ့်မည်။

( The Banker ပါ Peter Janssen ၏ A private equity saviour for Myanmar? ကို ဘာသာပြန်ဆိုသည်။)

The post မြန်မာ့ဈေးကွက်ကို ကယ်တင်မည့် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူများ appeared first on ဧရာဝတီ.

ဖုန်း ၁ လုံးမှာ ဖုန်းနံပါတ် ၅ ခု အသုံးပြုနိုင်မယ့် ဝန်ဆောင်မှု Verizon မိတ်ဆက်

$
0
0

Verizon အသုံးပြုသူတွေအနေနဲ့ ဖုန်း ၃၊ ၄ လုံး ကိုင်စရာ မလိုဘဲ ဖုန်းနံပါတ် ၅ ခု အထိ တပြိုင်တည်း အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Verizon ကနေ မိတ်ဆက်လိုက်တဲ့ ယခုဝန်ဆောင်မှု အသစ်ကို My Numbers app ကနေ Android နဲ့ iOS devices တိုင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

My Numbers app မှာ နောက်ထပ် Verizon ဖုန်းလိုင်း ၄ ခု ထပ်မံ ထည့်သွင်းနိုင်ပြီး ဖုန်းထဲ ထည့်သွင်းထားတဲ့ SIM ကတ် အပါအဝင် စုစုပေါင်း ဖုန်းလိုင်း ၅ လိုင်းအထိ တပြိုင်တည်း အသုံးပြုလို့ရမှာပါ။ ဖုန်းလိုင်းတလိုင်း ထည့်မယ်ဆိုရင် တလကို ၁၅ ဒေါ်လာပေးရမှာဖြစ်ပြီး၊ အကန့်အသတ်မရှိ ဖုန်းခေါ်နိုင်၊ မက်ဆေ့ပို့နိုင်မယ့် လစဉ်ကြေးဝန်ဆောင်မှုဖြစ်ပါတယ်။

ဒါ့အပြင် My Numbers app ထဲကနေလည်း ဖုန်းလိုင်း တလိုင်းချင်းစီအတွက် Voicemail inbox၊ SMS ဝန်ဆောင်မှုတို့ကို သီးသန့် အသုံးပြုနိုင်ပါတယ်။ App ထဲက အပို ဖုန်းလိုင်း ၄ ခု ကနေ U.S အတွင်းပဲ ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ အဝင်ကောကိုတော့ U.S ကော၊ ပြည်ပဖုန်းတွေပါ လက်ခံနိုင်မှာပါ။

“My Numbers ဟာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ၊ ကြားပေါက်အလုပ် လုပ်ကိုင်သူတွေနဲ့ ဖုန်းနံပါတ် အများအပြားသုံးရတဲ့ အဆင်ပြေမှုကို လိုချင်ပေမယ့် နောက်ထပ်ဖုန်းတလုံး ထပ်မကိုင်ချင်သူတွေအတွက် အသုံးဝင်မယ့် ဝန်ဆောင်မှု ဖြစ်ပါတယ်” လို့ Verizon ရဲ့ ထုတ်ကုန်မားကတ်တင်း ဒါရိုက်တာဖြစ်သူ Keena Grigsby က ဆိုပါတယ်။

U.S က ဖုန်းအများစုဟာ SIM ကတ် ၁ ကတ်တည်း စိုက်နိုင်တဲ့ ဖုန်းတွေဖြစ်တာကြောင့် Verizon ရဲ့ ယခု ဝန်ဆောင်မှုအသစ်က ဖုန်းပိုင်ရှင်အများစုအတွက် အသုံးဝင်မှာပါ။ Apple ဟာ iOS 12.1 မှာ iPhone Xr၊ Xs ၊ Xs Max တို့အတွက် Dual-SIM အသုံးပြုနိုင်အောင် လုပ်ပေးပြီး ဖြစ်ပေမယ့် U.S ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေက အခုအချိန်ထိ Support မပေးသေးပါဘူး။

Ref: Apple Insider, The Verge

The post ဖုန်း ၁ လုံးမှာ ဖုန်းနံပါတ် ၅ ခု အသုံးပြုနိုင်မယ့် ဝန်ဆောင်မှု Verizon မိတ်ဆက် appeared first on ဧရာဝတီ.

အခွေထည့်စရာ မပါတဲ့ Xbox One မော်ဒယ်တမျိုးကို Microsoft ထုတ်လုပ်ရန်ရှိ

$
0
0

Microsoft ဟာ အခွေထည့်ဖို့ Disk Drive လုံးဝ မပါဝင်တဲ့ Xbox One မော်ဒယ် တမျိုးကို ၂၀၁၉ ခုနှစ်အတွင်း ထုတ်လုပ်သွားဖို့ ရှိပါတယ်။

Blu-Ray drive မပါဝင်ပေမယ့် ပုံမှန် Xbox One ဂိမ်းတွေ အကုန် ကစားနိုင်မယ့် မော်ဒယ်ဖြစ်ပါတယ်။ Xbox One ပိုင်ရှင် တွေအနေနဲ့ အခွေနဲ့ ဝယ်ထားတဲ့ ဂိမ်းတွေကို ဒီဂျစ်တယ်ဒေါင်းလုဒ်ကုဒ်နဲ့ ပြန်လဲနိုင်ဖို့အတွက် လည်း Microsoft က စီစဉ်ထားတယ်လို့ Thurott က ဖော်ပြထားပါတယ်။

Blu-Ray Drive ဖြုတ်ပစ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ Xbox One ကို ဒေါ်လာ ၂၀၀ အောက်နဲ့တင် ဈေးသက်သက်သာသာ ရောင်းချနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

“Xbox One family ထဲက ဈေးအသက်သာဆုံးဖြစ်တဲ့ Xbox One S ဝယ်မယ်ဆိုရင် ၂၉၉ ဒေါ်လာလောက် ရှိပါတယ်။ Microsoft ဟာ ဈေးနှုန်းကို တတ်နိုင်သမျှ လျော့ချဖို့ စဉ်းစားနေပါတယ်။ ဒေါ်လာ ၁၀၀ လောက် အထိ လျော့ချသွားနိုင်ပါတယ်။ ဒါကြောင့် Xbox One ဂိမ်းစက်အသစ်ဟာ ဒေါ်လာ ၂၀၀ ဒါမှမဟုတ် သူ့အောက်ပဲ ရှိမှာပါ”လို့ Thurott ရဲ့ အယ်ဒီတာဖြစ်သူ Brad Sams က ဆိုပါတယ်။

Microsoft ဟာ Xbox One ကို ၂၀၁၃ ခုနှစ်မှာ စတင်မိတ်ဆက်စဉ်တုန်းက ဒီဂျစ်တယ်ဂိမ်းတွေဘက်ကို ပိုတွန်းအားပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။

Microsoft ရဲ့ မူလရည်ရွယ်ချက်က အခွေနဲ့ ဂိမ်းတွေကို Xbox အကောင့်မှာ ချိတ်ပြီး၊ နောက်ပိုင်းမှာ အခွေ မထည့်ဘဲ ကစားနိုင်အောင် လုပ်ပေးဖို့ပါ။ ဒီဂျစ်တယ်ဂိမ်းတွေကို သူငယ်ချင်းတွေဆီ ရက် ၃၀ အထိ ငှားပေးနိုင်မယ့် နည်းလမ်း တခုကိုလည်း ကြံစည်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့အပြီးမှာတော့ Microsoft ဟာ အဲ့ဒီအစီအစဉ်ကို လက်လျှော့ခဲ့ရပါတယ်။ ယခုအချိန်မှာတော့ ဒီဂျစ်တယ်ဂိမ်းတွေက ပိုမိုခေတ်စားလာသလို အင်တာနက်လိုင်းတွေလည်း ပိုမိုမြန်ဆန်လာတာကြောင့် ဒီဂျစ်တယ်ဘက်ကို လုံးဝ ကူးပြောင်းဖို့ ပြန်လည်လုပ်ဆောင်လာတာပါ။

Gaming ရဲ့ အနာဂတ်ဟာ လစဉ်ကြေးစနစ်အပေါ်မှာပဲ မူတည်မယ်ဆိုတဲ့ Microsoft ရဲ့ အမြင်အတိုင်း အခုဆို ဂိမ်းတော်တော်များများကို တလ ဒေါ်လာ ၁၀ သွင်းရုံနဲ့ ကစားနိုင်မယ့် Xbox Game Pass တွေလည်း ရှိနေပါပြီ။

နောက်ပိုင်းမှာ ဂိမ်းစက်တောင် မလိုတော့ဘဲ Streaming ပုံစံနဲ့ ကစားနိုင်မယ့် Project xCloud တွေလည်း လုပ်နေပြီ ဖြစ်ပါတယ်။

Microsoft ဟာ လက်ရှိထက် အများကြီးဈေးပိုသက်သာမယ့် Xbox One S မော်ဒယ်တခုကိုလည်း ထပ်မံ ထုတ်ဖို့ စီစဉ်နေပါတယ်။ ဒီမော်ဒယ်မှာတော့ အခွေထည့်ဖို့ Disk Drive ပါဝင်လာမှာဖြစ်တဲ့အတွက် ဝယ်ယူသူတွေအနေနဲ့ Drive ပါ၊ မပါ စိတ်ကြိုက် ရွေးချယ်နိုင်မှာပါ။

Ref: Tech Crunch, Gadgets NDTV

The post အခွေထည့်စရာ မပါတဲ့ Xbox One မော်ဒယ်တမျိုးကို Microsoft ထုတ်လုပ်ရန်ရှိ appeared first on ဧရာဝတီ.

မြန်မာ-တရုတ် နယ်စပ် စီးပွားရေးဇုန်များ ဖော်ဆောင်ရန် ဆွေးနွေး

$
0
0

မြန်မာ- တရုတ် နယ်စပ်၌ စီးပွားရေးဇုန်များ အကောင်အထည် ဖော်ဆောင်ရွက်ရန် အတွက် နှစ်နိုင်ငံ ဆွေးနွေးမှုများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) က သိရသည်။

စီးပွား/ကူးသန်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက“နယ်စပ် စီးပွားရေးဇုန် ကတော့ ၃ ခုပေါ့ နော်။ ကချင်ပြည်နယ်မှာ က ကန်ပိုက်တီး၊ ရှမ်းပြည်နယ်မှာ မူဆယ်၊ ကိုးကန့်မှာ ကျတော့ ချင်းရွှေဟော်၊ အဲဒီ ၃ ခုကို ကျနော်တို့ အကောင်ထည် ဖော်မယ်။ အခု စတော့ အကောင်အထည် ဖော်နေပါပြီ။ ဆွေးနွေးမှုတွေ စနေပြီ”ဟု ပြောသည်။

ဆက်လက်၍ ဒုဝန်ကြီးက“ကျနော်တို့ အခု ပထမဆုံး ဦးစားပေး အကောင်ထည် ဖော်တာကတော့ မူဆယ်နဲ့ ရွှေလီရဲ့ ကြား မှာ ပေါ့။ စပြီး အကောင်ထည် ဖော်မယ်။ သူတို့ဘက်ကလည်း ကျယ်ဂေါင်ကို ခြံစည်းရိုး ကာပြီးပြီ။ ကျနော်တို့ ဘက်မှာ လည်း မူဆယ်က New Star Like ဆိုတဲ့ ကုမ္ပဏီ ရှိတဲ့ နေရာ ရှိတယ်။ အဲဒီနေရာကို ခြံစည်းရိုး ခတ်လိုက်ရင်တော့ ဒီဇုန် က အကောင်အထည် ဖော်ပြီးသွားတဲ့ အခြေအနေ ရှိတဲ့ အခါကျတော့ ကျနော်တို့ စလုပ်နေပြီ”ဟု ဆိုသည်။

အဆိုပါ စီးပွားရေးဇုန် အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် လာမည့် ဒီဇင်ဘာလ အတွင်း၌ မူဆယ်မြို့တွင် ပြု လုပ်မည့် နယ်စပ် ကုန်စည် ပြပွဲ၌ တရုတ်နိုင်ငံနှင့် အသေးစိတ် ထပ်မံ ညိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ယင်းသို့ ဆွေး နွေးရာတွင် အစိုးရ အချင်းချင်း ညိုနှိုင်းခြင်းနှင့် နှစ်ဖက် စီးပွားရေး လုပ်ငန်းရှင်များ ညိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။

“ဘယ်လို စက်မှုဇုန်တွေ ထောင်ကြမလဲ ဘာလုပ်မလဲ ဆိုတာ ဆွေးနွေးမယ်။ အစိုးရ အချင်းချင်း လုပ်ဆောင်ရမှာပဲ။ ဒါပေမယ့် ကျနော်တို့က ပုဂ္ဂလိကကိုလည်း ပါဝင်မယ့် သဘောပေါ့။ အစိုးရ အသိအမှတ်ပြုတဲ့ ကုမ္ပဏီတွေကို ပါဝင်ခွင့် ပေးတယ်။ ကျနော်တို့ မကြာခင်မှာ ဒီဇုန်မှာ ပါဝင် လုပ်ကိုင်ချင်တဲ့ သူတွေ Expression of Interest  (EOI) ခေါ်မယ်။ သူတို့ လုပ်နိုင်လား မလုပ်နိုင်လား ဆန်းစစ်ပြီးတော့ ပေးမယ်”ဟု ဦးအောင်ထူးက ရှင်းပြသည်။

ယင်းကဲ့သို့ နယ်စပ် စီးပွားရေးဇုန်များ ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာနိုင်ခြင်း၊ ဒေသတွင်း စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများ ရရှိလာခြင်း၊ ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ လာခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်း (SMEs)များ ဖွံ့ဖြိုး တိုးတက်လာ၍ ကုန်ထုတ်စွမ်းအား မြင့်မားလာခြင်းနှင့် အတူ နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်းများ တိုးတက်လာမည်ဟုလည်း စီးပွား/ကူးသန်း ဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင် လေးက“စီးပွားရေးဇုန်တွေ လုပ်ခြင်းက မြန်မာနိုင်ငံက တဖက်နိုင်ငံတွေကို သွားလုပ်ကိုင်နေတဲ့ အလုပ်သမားတွေက ကိုယ့် နိုင်ငံမှာ ပြန်ပြီး အလုပ်လုပ်လာ နိုင်မယ်။ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်နိုင်ငံထဲမှာတင် လုပ်ငန်းတွေ လုပ် ကိုင် လို့ရမယ်။ အကျိုး ရှိပါတယ်။ နှစ်ဖက် ပူးပေါင်း လုပ်ဆောင်တော့ နည်းပညာတွေလည်း ရလာနိုင်တယ်”ဟု ဧရာဝတီ သို့ ပြောဆိုသည်။

တရုတ်နိုင်ငံ အနေနှင့်လည်း စက်ရုံ၊ အလုပ်ရုံများကို ပူးပေါင်းပြီး လာရောက် တည်ထောင်၍ ရသောကြောင့် အကျိုး အမြတ် များ ရရှိနိုင်ကြောင်း၎င်းက ပြောသည်။

ဆက်လက်၍ ဒေါက်တာ မောင်မောင်လေးက“စီးပွားရေး လုပ်ငန်းတွေ လုပ်သာ ကိုင်သာ ရှိဖို့ကတော့ ကြိုးနီ စနစ်တွေကို  အစိုးရကလည်း အခု ဖြေလျှော့နေပါတယ်။ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ အကောက်အခွန် စည်းမျဉ်း စည်းကမ်းတွေလည်း ပြန်ဆွဲ လုပ်ကိုင်နေတာလည်း ရှိတယ်။ အဲဒီတော့ နယ်စပ်မှာ စက်မှုဇုန်ထောင်မယ် ဆိုရင် တဖက်နိုင်ငံက ကုန်ကြမ်းတွေ တင်သွင်းပြီး မြန်မာမှာ ကုန်ချော ထုတ်လို့ ရတယ်။ မြန်မာက ကုန်ကြမ်းကိုလည်း တဖက်နိုင်ငံက နည်းပညာနဲ့ လုပ်လို့ရ တယ်”ဟု ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် တည်ဆောက်မည့် နယ်စပ် စီးပွားရေးဇုန် ၃ ခုမှာ တရုတ်နိုင်ငံ၏ မဟာ ဗျူဟာကျသော စီးပွားရေး ရပ်ဝန်း တခု၊ လမ်းတခု၏ အစီစဉ် (BRI) အစိတ်အပိုင်း တခု ဖြစ်သည့် အပြင် နယ်စပ် စီးပွား ရေးဇုန်များ ပူးပေါင်း ဆောင်ရွက်ရန် အတွက် ပြီးခဲ့သည့် ဇူလိုင်လက အတည်ပြုခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံကြား နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု စက်မှုဇုန် တည်ဆောက်ရေးနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် သြဂုတ်လက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း သဘောတူညီချက် အရ ၂၀၁၇ ခုနှစ် မေလ၌ မြန်မာ- တရုတ် နှစ်နိုင်ငံကြား နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) အား လက်မှတ် ရေးထိုးခဲ့သည်။

စီးပွားရေး လုပ်ငန်းများ ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်ရန် တွေ့ကြုံရသည့် အခက်အခဲများအား အမြန်ဆုံး ဖြေရှင်း ဆောင် ရွက်နိုင်ရန်နှင့် အထူးစီးပွားရေးဇုန် တည်ထောင်ခြင်း ကိစ္စရပ်များနှင့် သက်ဆိုင်မှု မရှိသည့် စီးပွားရေး အကောင် အထည် ဖော်ရန် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သည် မြန်မာ-တရုတ် နှစ်နိုင်ငံကြား နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင် ရွက် မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟို ကော်မတီကို ယခုနှစ် ဧပြီလ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ သည်။

The post မြန်မာ-တရုတ် နယ်စပ် စီးပွားရေးဇုန်များ ဖော်ဆောင်ရန် ဆွေးနွေး appeared first on ဧရာဝတီ.

ဖားကန့် ပဋိပက္ခအတွင်း ရေမဆေး ကျောက်သမား တဦး အပစ်ခံရ

$
0
0

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော် ကျောက်စိမ်း လုပ်ကွက်အတွင်း ကုမ္ပဏီနှင့် ရေမဆေး ကျောက်သမားများ ပဋိပက္ခဖြစ်ကာ ရေမဆေးသမား တဦး သေနတ်ပစ်ခံရပြီး ကုမ္ပဏီပိုင် အဆောင်တခုလည်း မီးရှို့ ခံခဲ့ ရသည်ဟု သတင်းရရှိသည်။

ဆိပ်မူကျေးရွာအုပ်စု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးရွှေသိန်းက“အခုနေ့လယ် ၃နာရီခွဲ ၄နာရီ လောက် မှာ ဖြစ်တာ။ ကုမ္ပဏီက ရတနာစန်းရွှင် ကုမ္ပဏီလို့ သိရပါတယ်။ စဖြစ်တာက လုပ်ကွက်စောင့်တဲ့ ရဲတွေ စစ်တပ်တွေနဲ့ ရေမဆေးသမားတွေနဲ့ ပဋိပက္ခစဖြစ်ပြီး ရေမဆေးသမားကို သေနတ်နဲ့ ပစ်တာ။ အပစ်ခံရသူတော့ သေလားရှင်လား မသိဘူး”ဟု ပြောသည်။

ပဋိပက္ခဖြစ်ပြီးနောက် ကုမ္ပဏီဝင်းအတွင်းရှိ အဆောင်တခု မီးရှို့ခံရပြီး ညနေ ၆ နာရီကျော်သည်အထိ မီးငြှိမ်းသတ် နေရဆဲ ဖြစ်ကာ မည်သူမျှ အနားသို့ ကပ်ခွင့် မရသေးကြောင်းလည်း သိရသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် ရှိနေသည့် ရေမဆေး ကျောက်သမား ဦးနိုင်နိုင်က သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သဝဏ်ချောင်း ကျေးရွာမှ လာရောက် အလုပ်လုပ်ကိုင်သူ အသက် ၃၅ နှစ်အရွယ် မောင်အေးသန်း ဖြစ်သည်ဟု ဆိုကာ“ကျနော်နောက်ဆုံး မြင်ခဲ့တာတော့ အဲဒီနားမှာ မီးတွေ လောင်နေတယ်။ ဘယ်သူ တွေ စရှို့လည်းတော့ မသိဘူး။ ကားတွေ၊ အဆောင်တွေ မီးလောင်နေတာ တွေ့ခဲ့တယ်”ဟု ပြောသည်။

ဖားကန့်မြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးဒါရှီလဆိုင်းက အပစ်ခံရသည့် ရေမဆေးသမားတဦးမှာ အခြေအနေ စိုးရိမ်ရကြောင်းနှင့် နောက်ဆက်တွဲ သတင်းများ မကြားသိရသေးကြောင်း ဆိုသည်။

၎င်းက“ကျနော်နဲ့ ဖုန်းအဆက်သွယ်ရတော့ ကုမ္ပဏီဝန်ထမ်းတွေကို ရေမဆေးသမားတွေက ဝိုင်းထားတယ်လို့ သိရ တယ်။ အခုတော့ အခြေအနေက ဘယ်လိုဆိုတာ ကျနော်တို့လည်း မသိရသေးဘူး”ဟု ပြောသည်။

ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့ထံ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တဦးက အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်စုံစမ်းဆဲ ဖြစ်သည့်အတွက် ဖြစ်စဉ်အတိအကျကို မပြောပြနိုင်သေးကြောင်း ပြန်လည် ဖြေကြားသည်။

အလုပ်အကိုင် ရှားပါးမှုကြောင့် အနယ်နယ် အရပ်ရပ်မှ ဖားကန့်ဒေသသို့ ရေမဆေးကျောက် လာရောက်ရှာဖွေသူ တရားမဝင် လုပ်သား ၂ သိန်းခန့် ရှိကာ ကျောက်စိမ်း လုပ်ကွက်ဖြစ်သည့် မြေစာပုံများတွင် ယာယီတဲထိုး နေထိုင်ကာ ကုမ္ပဏီမှ စွန့်ပစ်သည့် မြေစာများမှ အဖိုးတန်ကျောက်များ ရှာဖွေကြခြင်း ဖြစ်သည်။

ကုမ္ပဏီများက ရေမဆေး ကျောက်သမားများ ရှာဖွေတွေ့ရှိသည့် ကျောက်များအား လိုက်လံ လုယက်ခြင်း၊ ရိုက်နှက် ခြင်းများ ရှိသည့်အပြင် ရေမဆေးသမားများမှာ မြေစာပုံများ ပြိုကျသည့်အတွက် အစုအပြုံလိုက် သေဆုံးမှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားတတ်သည်။

တချို့လုပ်ကွက်များတွင်မူ ကုမ္ပဏီနှင့် ရေမဆေး ကျောက်သမားများ ညှိနှိုင်းကာ ကုမ္ပဏီလုပ်သားများ နားနေသည့် အချိန်များတွင် ရေမဆေးသမားများအား စွန့်ပစ်မြေစာပုံများတွင် ဝင်ရောက်ရှာဖွေခွင့် ပြုသည်များလည်း ရှိသည်။

The post ဖားကန့် ပဋိပက္ခအတွင်း ရေမဆေး ကျောက်သမား တဦး အပစ်ခံရ appeared first on ဧရာဝတီ.

တရုတ် OBOR စီမံကိန်း မြန်မာအတွက် ကြွေးမြီ ထောင်ချောက် မဖြစ်ရန်လို ဟုဆို

$
0
0

တရုတ်နိုင်ငံက အကောင်အထည် ဖော်မည့် ခါးပတ်တကွင်း လမ်းတစင်း (OBOR) စီမံကိန်းသည် မြန်မာအတွက် ကြွေးမြီ ထောင်ချောက် မဖြစ်စေရန် အစိုးရအပါအဝင် ပြည်သူတို့ ကြိုတင်ပြင်ဆင်ရန် လိုအပ်ကြောင်း နယ်ပယ်ကဏ္ဍ အသီးသီးမှ ပညာရှင်အများစုက သုံးသပ် ပြောဆိုကြသည်။

မြန်မာ့ မဟာဗျူဟာ နှင့် မူဝါဒ လေ့လာရေး အင်စတီကျု(ISP-Myanmar) အဖွဲ့က နိုဝင်ဘာ ၁၈ ရက်က မန္တလေးမြို့ Hilton ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် “ခါးပတ်တကွင်းလမ်းတစင်း မြန်မာ့အကျိုးစီးပွား အသာရစေဖို့” ခေါင်းစဉ်ဖြင့် ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပစဉ် ယင်းသို့ ထောက်ပြဆွေးနွေး သုံးသပ် ပြောဆိုကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးက“ခါးပတ်တကွင်း လမ်း တစင်း ဆိုတာ အစားကြီးတဲ့ တရုတ် ဧည့်သည်ကြီးကို ထမင်းဖိတ်ကျွေးတာမျိုး မဖြစ်ဖို့ ကျနော်တို့ ပြည်သူတွေ ပြင် သင့် တာ ပြင်ဖို့လိုသလို အစိုးရကလည်း ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ သတင်း အချက်အလက်တွေ ချပြဖို့ လိုပါမယ်”ဟု ပြောသည်။

တရုတ်နိုင်ငံ၏ အကောင်အထည် ဖော်နေသည့် OBOR စီမံကိန်းမှာ မြန်မာနိုင်ငံအပါအဝင် အာရှ၊ ဥရောပ၊ သမုဒ္ဒရာ တွင်း နိုင်ငံများ၊ အရှေ့အာဖရိက စသည့် နိုင်ငံပေါင်း ၆၀ ခန့်ကို ဖြတ်သန်း ချိတ်ဆက်မည် ဖြစ်ပြီး ဆယ်စုနှစ်ချီ၍ ကြာမြင့်မည့် စီမံကိန်းကြီး ဖြစ်ကာ ခန့်မှန်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၄ ထရီလီယံ မှ ၈ ထရီလီယံ အထိ ဖြစ်နိုင်ကြောင်း ISP-Myanmar မှ သိရသည်။

စီမံကိန်း အစိတ်အပိုင်း တခုဖြစ်သည့် တရုတ် – မြန်မာစီးပွား ရေးစြင်္ကံ (China-Myanmar Economic Corridor (CMEC) စတင် အကောင်အထည် ဖော်ရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာက နှစ်နိုင်ငံ အစိုးရကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံအစိုးရ စီမံကိန်းများအနက် ရှမ်းပြည်နယ်အား ဖြတ်သန်း အကောင်အထည် ဖော်ခဲ့သည့် စီမံကိန်းများတွင် ဒေသတွင်း တိုင်းရင်းသားများအပေါ် မြေယာလျော်ကြေး၊ အလုပ်အကိုင် အခွင့်အလမ်း ကိစ္စတို့တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည့် အတွက် OBOR စီမံကိန်းကြောင့် ဒေသခံများ ထပ်မံ ထိခိုက်ရမည်ကို စိုးရိမ် မှုများလည်း ရှိနေသည်။

ရှမ်းပြည်နယ် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက“OBOR ကို ပိုးသားလို နူးညံ့ တဲ့လမ်းမလို့ ခံစားလို့ မရပါဘူ။ ဒါဟာ တရုတ်နိုင်ငံရဲ့ ခေတ်သစ် ကိုလိုနီ လက်နက်တခုလို့ပဲ မြင်မိပြီး ကျမတို့ တိုင်းရင်းသားတွေဟာ ပင့်ကူအိမ်မှာ ရုန်းမရတဲ့ ယင်ကောင်တွေလို ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်”ဟု ပြောသည်။

တရုတ်နိုင်ငံက ဥရောပနှင့် အာရှနိုင်ငံများကြား ကုန်းလမ်းနှင့် ရေလမ်း ကုန်သွယ်ရေးလမ်းကို တဆက်တစပ်တည်း ပေါင်းစည်းရန် ရည်ရွယ်၍ ကုန်သွယ်ရေးပိုးလမ်းမကြီးကို အခြေခံချဲ့ထွင်ပြီး One Belt One Road (OBOR) စီမံကိန်း ကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

စီမံချက် ဖြတ်သန်းရာ နိုင်ငံများ၏ စီးပွားရေး စည်ပင်ဝပြောမှုနှင့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးဖြစ်ထွန်းစေရန်၊ မတူညီသော ယဉ်ကျေးမှုများ ဖလှယ်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအား ပေး၍ တရုတ်နိုင်ငံက ဦးစီး ဆောင်ရွက်မည့် မဟာစီမံကိန်းဟု ပြီးခဲ့သည့်နှစ် မေလလယ်က တရုတ်နိုင်ငံ၊ ပေကျင်း မြို့ တွင် ပြုုလုပ်သည့် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင် က ပြောဆိုထားသည်။

တရုတ်နိုင်ငံ ယူနန်တက္ကသိုလ် မြန်မာ လေ့လာရေး ဌာနမှ တွဲဖက်ပါမောက္ခ Dr. Zhu Xianghui ကလည်း“မြန်မာ နိုင်ငံ နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့သမိုင်းကြောင်းမှာ ဖြစ်ပွားခဲ့တဲ့အရာတွေအပေါ် တရုတ်နိုင်ငံက သင်ခန်းစာတွေ၊ အတွေ့ အကြုံတွေလည်း ရခဲ့ပါတယ်။ ဒီအပေါ်မှာ နားထောင်ချင်တဲ့ စိတ်လည်း ရှိလာပါတယ်။ ဒီစီမံကိန်းဟာ ရေရှည်စီမံကိန်း တခုဖြစ်သလို One way မဟုတ်ဘဲ Two way ပါ”ဟု ဆိုသည်။

မြန်မာ စိုးရအနေဖြင့် OBOR စီမံကိန်း ဦးဆောင်နိုင်ငံဖြစ်သည့် တရုတ်အကျိုးစီးပွားအပြင် မိမိနိုင်ငံအတွက် ရေရှည် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းဖြစ်လာရန် အတွက် ကြိုးစားဆောင်ရွက်သင့်သည်ဟုလည်း တိုက်တွန်းပြောဆိုမှုများ ရှိသည်။

ISP-Myanmar China Desk တာဝန်ခံ မခင်ခင်ကျော်ကြီးက“ကျမတို့ နိုင်ငံဟာ ပထဝီနိုင်ငံရေးအရရော၊ သယံဇာတ အရင်းအမြစ်အရရော ရွှေခွက်ကိုင်ထားပြီးသား ဖြစ်ပါတယ်။ အဲဒါကြောင့် ထားရစ်ခဲ့မှာကို မစိုးရိမ်ပါနဲ့။ ဒီလို အခြေ အနေ မျိုးမှာ သံတမန်ရေးအရ သေချာ ကိုင်တွယ်နိုင်ရင် ကိုယ့်အတွက် အကျိုးရှိသလို အကိုင်အတွယ် မတတ်ရင် တော့ အင်အားကြီးနိုင်ငံတွေကြား သားကောင် ဖြစ်သွားနိုင်ပါမယ်”ဟု ပြောသည်။

မြန်မာနိုင်ငံကို ကန့်လန့်ဖြတ် ဖော်ဆောင်နေသည့် တရုတ် ရေနံပိုက်လိုင်း စီမံကိန်းတွင် စီးပွားရေး၊ လူမှုရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ များတွင် မြန်မာဘက်မှ အရှုံးပေါ်ခဲ့သည်ဟု ပြောဆိုမှုများလည်း ရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံမှဖြစ်ပြီး စွမ်းအင်နှင့် သတ္တု တူးဖော်ရေး ဆိုင်ရာ ကဏ္ဍများတွင် အများဆုံးဖြစ်ကြောင်း သဘာဝရင်းမြစ် စီမံခန့်ခွဲမှုဆိုင်ရာ အင်စတီကျု (NRGI) မှ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများမှ နိုင်ငံအတွက် အကျိုးအမြတ်များ ရသင့်ရထိုက်သည့် အနေအထားတွင် ရှိ၊ မရှိကို ပြန်လည် တွက်ဆကာ သင်ခန်းစာယူရန် လိုအပ်ကြောင်းလည်း NRGI ၏ မြန်မာနိုင်ငံ ဆိုင်ရာ မန်နေဂျာ ဦးမော်ထွန်းအောင် က အကြံပြုထားသည်။

ဆက်စပ်ဖတ်ရှုရန်

The post တရုတ် OBOR စီမံကိန်း မြန်မာအတွက် ကြွေးမြီ ထောင်ချောက် မဖြစ်ရန်လို ဟုဆို appeared first on ဧရာဝတီ.

Selfie အသားပေး ဖုန်းကုမ္ပဏီ Meitu ကို Xiaomi ဝယ်ယူ

$
0
0

Selfie App တွေနဲ့ Selfie အသားပေး စမတ်ဖုန်းတွေကို ထုတ်လုပ်လျက်ရှိတဲ့ တရုတ်ကုမ္ပဏီ Meitu ဟာ Xiaomi နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ Meitu ရဲ့ အမှတ်တံဆိပ်၊ နည်းပညာနဲ့ Hardware တွေကို တရုတ်အခြေစိုက်ကုမ္ပဏီ တခုပဲဖြစ်တဲ့ Xiaomi ကို လိုင်စင်ချပေးသွားမှာ ဖြစ်ပါတယ်။

နောက်ထွက်မယ့် စမတ်ဖုန်းတွေကိုလည်း Xiaomi က ဒီဇိုင်းထုတ်၊ သုတေသနပြု၊ အကောင်အထည်ဖော် ထုတ်လုပ်သွားမှာဖြစ်သလို ရောင်းချမှု၊ မားကတ်တင်းနဲ့ လုပ်ငန်းလည်ပတ်မှု အဝဝကိုလည်း Xiaomi ကပဲ တာဝန်ယူ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ Meitu ကတော့ ဓာတ်ပုံနဲ့ သက်ဆိုင်တဲ့ အယ်ဂရစ်သမ်တွေနဲ့ နည်းပညာတွေကို တာဝန်ယူသွားမှာပါ။

Xiaomi နဲ့ လက်တွဲမှုအရ Meitu ဟာရောင်းချရတဲ့ ဖုန်းတိုင်းရဲ့ အမြတ် ၁၀ ရာခိုင်နှုန်းကိုရရှိသွားမှာဖြစ်ကာ တနှစ်ကို ဒေါ်လာ ၁၀ သန်း အနည်းဆုံး ရရှိဖို့ အာမခံထားတယ်လို့ သိရပါတယ်။ စမတ်ဖုန်း မဟုတ်တဲ့ တခြားစမတ်ပစ္စည်းတွေ အတွက်တော့ ၁၅ ရာခိုင်နှုန်းအထိ ရရှိမှာ ဖြစ်ပါတယ်။

Meitu ဟာ App နဲ့ အောင်မြင်ပေမယ့်လည်း ဖုန်းထုတ်လုပ်ရာမှာတော့ အခက်အခဲတွေ့နေတဲ့ ကုမ္ပဏီ တခုဖြစ်ပါတယ်။ ပထမဆုံး Meitu ဖုန်းကို ၂၀၁၃ ခုနှစ်မှာ စတင်ရောင်းချခဲ့ပြီး၊ ယခုအချိန်ထိ အလုံးရေ ၃ ဒဿမ ၅ သန်း ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ မကြာသေးခင်ကတင် ကုမ္ပဏီရဲ့ Hardware ထုတ်လုပ်မှုကို ကုန်ကျစရိတ် လျော့ချခဲ့ရသလို၊ အရင်နှစ်က ဖုန်း ၅ လုံးထုတ်ခဲ့ရာကနေ ယခုနှစ်မှာ ဖုန်းတလုံးပဲ ထုတ်နိုင်ခဲ့ပါတယ်။

Meitu ဟာ ၂၀၁၇ ခုနှစ်က ဒေါ်လာ ၂၈ သန်းလောက်ပဲ အရှုံးပေါ်ခဲ့ပေမယ့်၊ ဒီနှစ်မှာတော့ဒေါ်လာ ၁၇၃ သန်းလောက် အရှုံးပေါ်မယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။ Xiaomi နဲ့ ပူးပေါင်းလိုက်ခြင်းက Meitu အတွက် အကျိုးအမြတ်ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Engadget, TechCrunch

The post Selfie အသားပေး ဖုန်းကုမ္ပဏီ Meitu ကို Xiaomi ဝယ်ယူ appeared first on ဧရာဝတီ.


ကမ္ဘာ့ပထမဆုံး Android ဂြိုလ်တုဖုန်း ထွက်ရှိ

$
0
0

UAE အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Thuraya ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Android စမတ်ဖုန်းဖြစ်တဲ့ X5-Touch ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ မိတ်ဆက်သွားခဲ့ပါတယ်။

X-5 Touch ဟာ Thuraya က ထုတ်တဲ့ တခြားကုန်ပစ္စည်းတွေလိုပဲ ဂြိုလ်တုစနစ်ပါဝင်တဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။ ဒီဇိုင်းကတော့ အရင်တုန်းက ဂြိုလ်တုဖုန်းတွေ ပုံစံဖြစ်ပြီး၊ ဈေးကွက်တွင်းက လက်ရှိ မော်ဒန်စမတ်ဖုန်းတွေနဲ့တော့ ကွဲပြားနေမှာပါ။

X-5 Touch ဟာ Android စနစ်နဲ့ ထွက်ရှိလာတဲ့ ကမ္ဘာ့ပထမဆုံး ဂြိုလ်တုဖုန်းလည်း ဖြစ်ပါတယ်။ မြေပြင်အခြေစိုက် ဆက်သွယ်ရေးတာဝါတိုင်တွေ အပြင် ဆက်သွယ်ရေးဂြိုလ်တုတွေနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် ကမ္ဘာ့နေရာမရွေး အသုံးပြုနိုင်ပါတယ်။

၅.၂ လက်မအရွယ် 1080p IPS touchscreen ၊ Snapdragon 625 Chipset တို့ကို အသုံးပြုထားပြီး၊ 2GB RAM နဲ့ 16GB Storage တို့ ပါဝင်ပါတယ်။

ကျောကင်မရာက 8MP ဆန်ဆာ တလုံးတည်းဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ 2MP ပါ။ ဘက်ထရီအနေနဲ့ 3,800mAh ဘက်ထရီ ပါဝင်ပါမယ်။ နည်းနည်း ခေတ်နောက်ကျနေပြီဖြစ်တဲ့ Android 7.1 Nougat နဲ့ အသုံးပြုရပါလိမ့်မယ်။

X-5 Touch ဟာ IP67 ရေစိုခံနိုင်စွမ်းအဆင့်နဲ့ ဖြစ်ပြီး၊ စစ်ဘက်ဆိုင်ရာ အရည်အသွေးစစ်ဆေးမှုဖြစ်တဲ့ MIL-STD-810 လက်မှတ်ရ ဖုန်းတလုံးလည်း ဖြစ်ပါတယ်။

ဆိုးရွားတဲ့ ရာသီဥတုတွေမှာ အဆက်အသွယ်မပြတ် အသုံးပြုနိုင်ဖို့ အဓိကရည်ရွယ်ထုတ်လုပ်ထားတာပါ။ NFC ပါဝင်ပြီး၊ လမ်းညွှန်စနစ်တွေအနေနဲ့ GPS ၊ BeiDou နဲ့ GLONASS တို့ အသုံးပြုနိုင်မှာပါ။

ဂြိုလ်တုခေါ်ဆိုမှုတွေအတွက် အထုတ်အသွင်းပြုလုပ်နိုင်တဲ့ အင်တာနာတိုင်တခု ဖုန်းအပေါ်ဘက်မှာ ပါရှိပြီး၊ SIM တကတ်က ပုံမှန်အတိုင်း 2G/3G/4G ကွန်ယက်တွေ ချိတ်ဆက်နိုင်ကာ၊ နောက် SIM တကတ်ကတော့ ဂြိုလ်တုနဲ့ ချိတ်ဆက်ဖို့ ဖြစ်ပါတယ်။

Thuraya X-5 Touch ဖုန်းကို ၉၉၉ စတာလင်ပေါင်နဲ့ နိုင်ငံပေါင်း ၁၆၀ မှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရ ဒီဇင်ဘာလအတွင်း ထွက်ရှိဖို့ ရှိပြီး၊ ဇန်နဝါရီလလောက်မှာ UK ကို ရောက်ရှိနိုင်ပါတယ်။

Ref: GSM Arena

The post ကမ္ဘာ့ပထမဆုံး Android ဂြိုလ်တုဖုန်း ထွက်ရှိ appeared first on ဧရာဝတီ.

ခေါက်ချိုးနိုင်တဲ့ 5G ဖုန်းကို MWC 2019 ပွဲမှာ Huawei ပြသမည်

$
0
0

Huawei ဟာ ကို တောင်ကိုရီးယား ဆက်သွယ်ရေးကုမ္ပဏီတွေကို သီးသန့် ဖိတ်ကြားကာ ခေါက်ချိုးအသုံးပြုနိုင်တဲ့ Foldable 5G ဖုန်း၊ Tablet ရှေ့ပြေးမော်ဒယ်တခု စမ်းသပ်ပြခဲ့တယ်လို့ သိရပါတယ်။

ယခုသတင်းကို တောင်ကိုရီးယားအခြေစိုက် ETNews သတင်းမီဒီယာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အစိုးရအကြီးတန်းအရာရှိတဦးကလည်း Huawei ဟာ ကွန်ယက်အသစ် သုံးနိုင်တဲ့ ကိုယ်ထည်ပျော့ ထုတ်ကုန်တခု ထုတ်လုပ်နေကြောင်း တရားဝင် အတည်ပြု ပြောကြားခဲ့ပါတယ်။ ETNews ကတော့ Huawei ဟာ အဆိုပါဖုန်းကို MWC 2019 မှာ ပြသသွားဖို့ စီစဉ်ထားတယ်လို့ အခိုင်အမာ ဆိုပါတယ်။

ရှေ့ပြေး Prototype မော်ဒယ်ဖြစ်ပေမယ့်၊ Huawei ဘက်က ပြသဖို့ အဆင်သင့် ဖြစ်နေတဲ့ သဘောပါ။ သတင်းအတည်ပြုခဲ့သူ အစိုးရအရာရှိ ကတော့ ဖုန်းရဲ့ ဆန်းသစ်ပြောင်းလဲမှုက သူ့ကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့တယ်လို့ ပြောထားပါတယ်။

Huawei ရဲ့ ခေါက်ချိုး 5G ဖုန်းဟာ ဖြန့်ထားမယ်ဆိုရင် ၈ လက်မ Screen အရွယ်အစားရှိတဲ့ Tablet တလုံး ပုံစံမျိုး ဖြစ်ပြီး၊ ခေါက်ချိုးလိုက်မယ်ဆိုရင်တော့ သာမန် ၅ လက်မအရွယ် ဖုန်းပုံစံ ဖြစ်သွားမှာပါ။ Samsung က ပြသထားတဲ့ ၇.၃ လက်မ နဲ့ ၄.၆ လက်မ အရွယ် Foldable ဖုန်းထက် ပိုကြီးပါတယ်။

Huawei ခေါက်ချိုးဖုန်းရဲ့ စခရင်ကို ဘေဂျင်းအခြေစိုက် BOE ကုမ္ပဏီက ထုတ်ပေးထားတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားဟာ 5G ကွန်ယက် အစောဆုံးအသုံးပြုနိုင်မယ့် နိုင်ငံတွေထဲမှာ ပါဝင်တာကြောင့် Huawei ဟာ တောင်ကိုရီးယားက ဆက်သွယ်ရေးကုမ္ပဏီနဲ့ အာဏာပိုင်အရာရှိတွေကို အရင်ပြသခဲ့တာ ဖြစ်နိုင်ပါတယ်။ တောင်ကိုရီးယားမှာ လာမယ့် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း 5G လွှင့်နိုင်ဖို့ ရှိပါတယ်။

Huawei က ခေါက်ချိုးအသုံးပြုနိုင်တဲ့ ဖုန်းတလုံး ထုတ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ Huawei ကုမ္ပဏီ CEO Richard Yu ကိုယ်တိုင်က အဆိုပါဖုန်းမျိုး တကယ်ထုတ်ဖို့ ကြိုးစားနေကြောင်း အတည်ပြုပြောကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။

MWC 2019 ပွဲကို စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ရှေ့နှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့ စတင်ကျင်းပမှာဆိုတော့ ၃ လ ဝန်းကျင်ပဲ စောင့်ဆိုင်းရတော့မှာပါ။

Ref: GSM Arena, Android Authority

The post ခေါက်ချိုးနိုင်တဲ့ 5G ဖုန်းကို MWC 2019 ပွဲမှာ Huawei ပြသမည် appeared first on ဧရာဝတီ.

မြန်မာ့ စီးပွားရေး လမ်းညွှန် မြေပုံ လာမည့်နှစ် စတင် အကောင်အထည် ဖော်မည်

$
0
0

မြန်မာ့ စီးပွားရေး လမ်းညွှန် မြေပုံကို ၂၀၁၉ ခုနှစ်တွင် အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း က ဧရာဝတီကို ပြောသည်။

“ဒါဟာ ကျနော်တို့ရဲ့လမ်းပြ မြေပုံ ဖြစ်ပြီး အဲဒီထဲမှာ ပါတဲ့ အရာတွေဟာ တော်တော်လေး အသေးစိတ်ကျပြီး ပြည့်စုံပါ တယ်။ ၂၀၁၉ မှာ အကောင်အထည် ဖော်နိုင်ဖို့ မျှော်မှန်း ထားတယ်။ ပြည်ထောင်စု စီမံကိန်း ဆိုပေမယ့် တိုင်းနဲ့ ပြည် နယ် အားလုံးမှာ တပြိုင်နက်တည်း အကောင်အထည် ဖော်သွားမှာပါ”ဟု ၎င်းက ပြောပြသည်။

မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan -MSDP) စီးပွားရေး လမ်းညွှန် မြေပုံသည် မဏ္ဍိုင် သုံးခုကို အခြေခံကာ ရည်မှန်းချက် ငါးခုဖြင့် ရေးဆွဲထားသည့် ပြည် ထောင်စုအဆင့် ဖွံ့ဖြိုးရေး စီမံချက် ဖြစ်ကြောင်း သိရသည်။

ယင်းမဏ္ဍိုင် ၃ ခုမှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု၊ သာယာဝပြောမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ ပြည်သူများနှင့် ကမ္ဘာ မြေတို့ကို အခြေခံ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။

ရည်မှန်းချက် ပန်းတိုင် ၅ ခုမှာ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အသေးစားနှင့် အလတ်စား စီးပွား ရေး လုပ်ငန်း (SME) စီမံ ခန့်ခွဲမှု၊ အလုပ်အကိုင် ဖန်တီးရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ဦး ဆောင်သည့် ဖွံ့ဖြိုးရေး၊ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ သယံဇာတနှင့် သဘာဝရင်းမြစ်များ အသုံးပြုခြင်းတို့ ဖြစ်ကြသည်။

စီမံကိန်း ကာလကို၂၀၃၀ ပြည့်နှစ် အထိ သတ်မှတ်ထားပြီး ရေတို၊ ရေရှည် လုပ်ငန်းစဉ်များလည်း ပါဝင်ကာ တရုတ် နိုင်ငံ၏ One Belt One Road စီမံကိန်းတွင် ပါဝင်သည့် မြန်မာ အနေဖြင့် MSDP ကို အခြေခံကာ ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းစဉ်ကို ထည့်သွင်းရေးဆွဲထားကြောင်း ကော်မရှင်၏ အထွေထွေ အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။

ထို့ပြင် MSDP တွင် တိုင်းနှင့် ပြည်နယ် အလိုက် သက်ဆိုင်ရာ အစိုးရအဖွဲ့က အကောင်အထည် ဖော်ကြမည့် စီမံကိန်း များကိုလည်း ထည့်သွင်း သိမ်းဆည်းထားမည့် ဖွံ့ဖြိုးရေး စီမံကိန်း ဘဏ်တိုက်ကြီး (Project Bank) တခုလည်း ဖြစ် သည် ဟု ဆိုသည်။

စိုက်ပျိုးရေး လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား၊ SME နှင့် ပွင့်လင်းမြင်သာ တာဝန်ခံခြင်း ဆိုသည့် ခေါင်းစဉ် ၄ ခုကို အခြေခံ ရေးဆွဲထားသည့် မန္တလေးတိုင်း စီးပွားရေး မူဝါဒ မူကြမ်းသည် ယခုနှစ်ဆန်းပိုင်းက ထွက်ရှိခဲ့ပြီးနောက် ယင်းအား MSDP သို့ တင်သွင်းသွားရမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဧရာဝတီကို ပြောသည်။

“MSDP ရဲ့ပရောဂျက် ဘဏ်ထဲကို ကျနော်တို့ ပေါ်လစီက သွတ်သွင်းရမယ်။ ဒါမှသာ ကျနော်တို့ ပေါ်လစီက အဲဒီ ပြည်ထောင်စု စီမံကိန်းကြီးရဲ့ တစိတ်တဒေသ ဖြစ်သွားမယ်။ အဲဒီအခါကျမှ နိုင်ငံတော်က ဘယ်လို ပံ့ပိုး ရမယ်ဆို တာမျိုး သိလာနိုင်မယ်။ အရင် ပုံစံနဲ့တော့ မတူတော့ဘူး” ဟု ဒေါက်တာ ဇော်မြင့်မောင်က ရှင်းပြသည်။

Project Bank သို့ ရောက်ရှိလာသည့် စီမံကိန်းများအား စိစစ် ရွေးချယ်၍ အကောင်အထည် ဖော်ရာတွင် အစိုးရ ဘတ် ဂျက် အပြင် ဖွံ့ဖြိုးရေး အကူအညီနှင့် ပုဂ္ဂလိက ကဏ္ဍ စသည့် ငွေကြေး အရင်းအမြစ်များ ရှာဖွေသုံးစွဲကာ ထောက်ပံ့ သွားမည့် အစီအစဉ်လည်း ဖြစ်သည်ဟု သိရသည်။

The post မြန်မာ့ စီးပွားရေး လမ်းညွှန် မြေပုံ လာမည့်နှစ် စတင် အကောင်အထည် ဖော်မည် appeared first on ဧရာဝတီ.

ရန်ကုန် မြို့ပတ် ရထားလမ်း အဆင်မြှင့် စီမံကိန်း ၂၀၂၃ တွင် အပြီးသတ်ရန် ခန့်မှန်း

$
0
0

ဂျပန်အစိုးရ ဖွံ့ဖြိုးရေးချေးငွေ (ODA) ဖြင့် လုပ်ဆောင်နေသည့် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံ ကိန်းကို ၂၀၂၃ ခုနှစ်တွင် အလုံးစုံပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးက ပြောသည်။

ပြည်သူ့လွှတ်တော် (အင်းစိန်) ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ရန်ကုန်မြို့ပတ် ရထားလမ်းပြေးဆွဲမှုနှင့် ပတ်သက် ကာ ပြီးစီးမည့် ကာလကို သိလိုကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့ ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် မေးမြန်း ထား မှုနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ဒုဝန်ကြီး ဦးကျော်မျိုးက“တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်ရန် လျာထားခဲ့သော် လည်း တင်ဒါဈေးနှုန်း ညှိနှိုင်းမှုများ ဆောင်ရွက်ရခြင်းကြောင့် ၂၀၁၈ ခုနှစ်မှသာ စတင်နိုင်ခဲ့ပြီး လုပ်ငန်းတခုလုံး ၂၀၂၃ ခုနှစ်တွင်သာ ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားပါတယ်”ဟု ဖြေကြားသည်။

ရန်ကုန် မြို့ပတ်နှင့် ဆင်ခြေဖုံးတွင် ပြေးဆွဲနေသည့် မီးရထားစက်ခေါင်းနှင့်လူစီးတွဲများ သက်တမ်းကျော်ကာ ချို့ယွင်း ခြင်း၊ အချက်ပြစနစ်နှင့် လမ်းပိုင်းအချက်ပြ ကိရိယာများ ပြုပြင်နေရခြင်း၊ မြို့ပတ်ရထားများ အချိန်မှန်ကန်မှု မရှိခြင်း တို့ကြောင့် အဆင့်မြှင့်တင်ရန်အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အကူ အညီ ဖြင့် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် အစိုးရချင်း ညှိနှိုင်းကာ ဖွံ့ဖြိုးရေးချေးငွေ ဂျပန်ယန်း ၂၄ ဒသမ ၈၆၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၀၇ ဒသမ ၈၀ သန်း) ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ၂၀၁၅ ခုနှစ်က ရယူခဲ့ခြင်း ဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယင်းချေးငွေဖြင့် အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ အဆင်မြှင့်တင်ခြင်းနှင့် ဒီဇယ်လျှပ်စစ် (DEMU) တွဲဆိုင်းအသစ် ၁၁ ဆိုင်း (၆၆ တွဲ ) ဝယ်ယူမည်ဖြစ်ကာ ရထားလမ်း၊ ဘူတာ၊ တံတား၊ ကားလမ်းနှင့် လူကူး ခုံးကျော် တံတားစသည့် တည်ဆောက်ခြင်းလုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည်ဟု ဆိုသည်။

အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ၏ ၂၀၁၆ ခုနှစ် အစီရင်ခံစာတခုတွင် ရန်ကုန်မြို့နေ လူထုမှာ သွားလာရေး လုပ်ငန်းများ အတွက် စက်ဘီး အသုံးပြုမှု ၂၂ ဒသမ ၅ ရာခိုင်နှုန်း၊ ဆိုင်ကယ် ၇ ဒသမ ၂ ရာခိုင်နှုန်း၊ ဘတ်စ်ကား ၄၉ ဒသမ ၄ ရာခိုင် နှုန်းနှင့် မြို့ပတ်ရထား အသုံးပြုမှုမှာ ၁ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိသည်ဟု သိရသည်။

ပြည်သူ့လွှတ်တော် (အင်းစိန်) ကိုယ်စားလှယ် ဦးမောင်မောင်ဦးက“ဒီအချက်ကို ကြည့်မယ်ဆိုရင် ခရီးသည် ၁၀၀ မှာ ၁ ယောက်သာ မြို့ပတ်ရထားကို အသုံးပြုနေတာဖြစ်ပြီး အကျိုးဆက်အနေနဲ့ ရန်ကုန်မြို့တော်ကြီးမှာ ကားလမ်းတွေ ပိတ်နေတာ၊ လိုရာခရီးကို ရောက်ဖို့ နာရီပေါင်းများစွာ လမ်းပေါ်မှာ အချိန်ကုန်နေရတာ၊ အချိန်မီရောက်ဖို့ ၃ နာရီ လောက် အိမ်က စောထွက်ရတာ၊ အိမ်ပြန်နောက်ကျတာ ပြည်သူလူထုအနေနဲ့ နေ့စဉ် ခါးစည်းခံနေရတာ တွေ့ရပါ တယ်”ဟု ၎င်း၏ မေးမြန်းမှုတွင် ထည့်သွင်း ပြောဆိုထားသည်။

ဦးမောင်မောင်ဦးက ဆက်လက်ပြီး“ရန်ကုန်ရဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ ကားလမ်းပိတ်မှုပြဿနာ၊ ကားကြပ်မှု ပြဿနာ၊ ညနေ အောက်ဆိုဒ်ကား ပြဿနာ၊ တက္ကစီစီးသူတွေ မလုံခြုံတဲ့ ပြဿနာတွေကို ကျော်လွှားနိင်ဖို့ အဓိက ထွက်ပေါက်က ရန်ကုန်မြို့ပတ်ရထား ပို့ဆောင်ရေးစနစ်ကို မဖြစ်မနေ အဆင့်မြှင့်တင် ဖြေရှင်းရေးဆိုတာ အလွန် ထင်ရှားနေပါတယ်”ဟုလည်း ပြောဆိုသည်။

ဒုဝန်ကြီး ဦးကျော်မျိုးက အဆင့်မြှင့်တင်မှုများ ပြီးစီးပါက ၁ နာရီလျှင် ပျမ်းမျှ ၃၄ မိုင်ဖြင့် မြို့တပတ်လျှင် ရထားပြေးဆွဲ ချိန် ၁ နာရီ ၄၅ မိနစ်သာ ကြာမြင့်မည်ဖြစ်ကာ တရက်လျှင် ခရီးသည်ဦးရေ ၈၅,၀၀၀ အထိ ဝန်ဆောင်မှု ပေးနိုင်မည် ဟု ဆိုသည်။

ယခင်က မြို့ပတ်ရထားများမှာ ၁ နာရီလျှင် ပျမ်းမျှ မိုင် ၂၀ နှုန်းဖြင့် ပြေးဆွဲကာ မြို့တပတ် ပြေးဆွဲချိန် ၂ နာရီ ၅၀ မိနစ် ခန့် ကြာမြင့်ကာ လက်ရှိတွင် ရန်ကုန်ဘူတာကြီးအား အခြေပြု၍ ပြေးဆွဲနေသည့် မြို့ပတ်ရထားလမ်းမှာ ခရီးမိုင် ၃၀ ခန့် ရှိကာ ဘူတာပေါင်း ၃၈ ခု ရှိသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း လက်မှတ်ခကို ၁၅ မိုင်အတွင်း ၂၀၀ ကျပ်နှင့် ယင်းထက်ကျော်ပါက ၂၀၀ ကျပ်သာ ထပ်မံ ပေး ဆောင်ရသည်ဟု မြန်မာ့မီးရထားထံမှ သိရသည်။

ရန်ကုန်မြို့ပတ်ရထားစီးနင်းလေ့ရှိသူ မောင်ညီညီက“ရထားရော ကားရော စီးဖြစ်ပါတယ်။ ရထားလည်း အဆင်ပြေပါ တယ်။ ရုံးတက် ရုံးဆင်းချိန်ကျရင်တော့ လူကြပ်တယ်။ တခါတလေကျရင်တော့ အချိန်မမှန်ဘဲနဲ့ နောက်ကျသွားတာ တွေ ရှိတယ်။ ၇ နာရီခွဲရောက်ရမယ့်ဟာက ၈နာရီခွဲ ဖြစ်သွားတာရှိတယ်။ အဲဒီလိုကျ ကားပြောင်းစီး ရတာပေါ့”ဟု ပြော သည်။

မြို့ပတ်ရထားပေါ်တွင် စည်းကမ်းမလိုက်နာသော စီးနင်းသူများ ရှိသည့်အပြင် ဈေးသည်များကြောင့်လည်း အနှောင့် အယှက် ဖြစ်ရသည့်အတွက် ပြုပြင်ပေးရန် လိုအပ်သည်ဟု ထောက်ပြပြောဆိုမှုများလည်း ရှိသည်။

ရန်ကုန်မြို့ခံ တဦးဖြစ်သူ မဝေဝေမိုးက“ခရီးသည်တချို့က ၅ ယောက်ခုံကို သုံး၊ လေးယောက်နဲ့ ပြည့်အောင် စီးကြ တာတွေ ရှိတယ်။ တချို့လူတွေက အရမ်းဆူညံတယ်၊ စကားတွေ အကျယ်ကြီး ပြောကြတယ်။ သီချင်းတွေ စပီကာနဲ့ ဖွင့်ကြတယ်။ လိုက်အော်ဆိုတယ်။ ရထားပေါ် ဈေးသည်တွေလည်း များတယ်။ အဲဒါတွေကိုလည်း ပြင်ပေးနိုင်ရင် ပို အဆင်ပြေမယ်”ဟု ပြောသည်။
မြို့ပတ်ရထား ပြေးဆွဲမှုကို ရထားကြီး ၁၅ ဆိုင်း၊ RBE ၁၀ ဆိုင်းဖြင့် နံနက် ၅ နာရီမှ ည ၁၁ နာရီအထိ တနေ့လျှင် ၂၂၁ ကြိမ် ပြေးဆွဲလျက်ရှိကာ တရက်လျှင် ပျမ်းမျှ ခရီးသည် ၇၃,၀၀ ခန့် စီးနင်းလျက်ရှိသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးက လွှတ်တော်တွင် ဖြေဆိုထားသည်။

ဆက်စပ် ဖတ်ရှုရန် 

မြို့ပတ်ရထားလမ်း အဆင့်မြှင့်ရန် အင်းစိန်- တညင်းကုန်း အစုန်လမ်းကို ပိတ်မည်

အရှုံးပေါ်နေသည့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကို စစ်ဆေးရန် တပ်မတော်ပြော

The post ရန်ကုန် မြို့ပတ် ရထားလမ်း အဆင်မြှင့် စီမံကိန်း ၂၀၂၃ တွင် အပြီးသတ်ရန် ခန့်မှန်း appeared first on ဧရာဝတီ.

ရခိုင်ဒေသ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံရန် ပြည်ပနိုင်ငံများ စုံစမ်းမှုရှိ

$
0
0

ရခိုင်ပြည်နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်များတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ပြည်ပနိုင်ငံများမှ လာရောက် စုံစမ်းမှုများ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က ပြောသည်။

ရခိုင်မြောက်ပိုင်း ပဋိပက္ခများကြောင့် နိုင်ငံတကာ သတင်း မီဒီယာများတွင် အထူးပြု ဖော်ပြခံနေရသည့် ရခိုင်ပြည်နယ် အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု နည်းပါးချိန်တွင် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံလိုသူများ ရှိနေခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံများက လာရောက် စုံစမ်းနေသည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက“ရခိုင်နဲ့ ပတ်သက်ရင်တော့ ရခိုင်မှာ ရင်းနှီးမြှုပ်နှံမှု စိတ်ဝင်စားတာ ရှိပါ တယ်။ ကျနော်တို့ ရခိုင်မှာ သွားလုပ်ဖို့ ဆိုပြီး ပြီးခဲ့တဲ့ တပတ်က လာပြီး စုံစမ်းတာတွေတောင် ရှိပါတယ်။ ရခိုင်က တော်တော် များတယ်။ ဘာလို့လဲဆိုတော့ ရခိုင်ရဲ့ ကမ်းလွန် ကမ်းရိုးတန်း သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ ဝင်ထားတာ ရှိတယ်။ ရခိုင်က ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လာရင် ထိပ်တန်းမှာ ရှိနေတယ်”ဟု ပြောသည်။

လက်ရှိတွင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင်သာ ပြည်ပရင်းနှီးမြှုပ်နှံမှုတချို့ ဝင်ရောက်ထားပြီး အခြား ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင်မူ ဝင်ရောက်မှု နည်းနေသေးသည့် အတွက် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို လုပ်ဆောင်သွားရန် အတွက် အစိုးရက စီစဉ်ထားသည်ဟု ဆိုသည်။

အဆိုပါ ဖိုရမ်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် သံတွဲမြို့နယ် ငပလီ၌ ကျင်းပရန် လျာထားပြီး ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ပိုမို ဝင်ရောက်ရန်နှင့် ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အတွင်းရေးမှူးလည်း ဖြစ်သူ ဦးအောင်နိုင်ဦးက“ရခိုင်ကျတော့ အခု ကတော့ ဘာဖြစ်လဲ ဆိုတော့ အရောက်အပေါက် နည်းကြတယ်။ အဲဒီတော့ ဘာဖြစ်လဲ ဆိုတော့ ရခိုင်ရဲ့ ရင်းနှီးမြှုပ်နှံမှု အတွက်ဆိုရင် ကမ်းလွန်မှာပဲ သွားပြီးတော့ များတယ်။ ရခိုင်ပြည်နယ် ကုန်းတွင်းပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု နည်းသေးတာ ပေါ့။ အလားတူပဲ ကျနော်တို့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလည်း နည်းသေးတာပေါ့။ ရခိုင်မှာ အခုက များများစားစား ဝင်တာ ဆိုလို့ ဟိုတယ် လုပ်ငန်းတွေပဲ။ ကျန်တဲ့ စက်မှုလက်မှု လုပ်ငန်းတွေ ဝင်တာ နည်းသေးတယ်”ဟု ဆိုသည်။

လက်ရှိတွင် တရုတ်နှင့် မြန်မာ အစိုးရတို့ ပူးတွဲ အကောင်အထည် ဖော်မည့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် အတွက် အလားအလာကောင်းသည့် စီမံကိန်း ဖြစ်သည်ဟု သုံးသပ်မှု များလည်း ရှိသည်။

ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် ပြည်နယ်အစိုးရနှင့် ဒေသတွင်း တိုင်းရင်းသား လုပ်ငန်းရှင်များ ပူးပေါင်း ကာ အကောင်အထည် ဖော်ရန် ပြင်ဆင်နေမှု အခြေအနေများအပြင် ပုဏ္ဏားကျွန်း စက်မှုဇုန် အကောင်အထည် ဖော်မှု အခြေအနေများကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်နိုင်ရန် အတွက် လာမည့် နှစ်ဆန်း ပိုင်းတွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် ရှင်းပြသွားရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) လက်အောက်ခံ ရခိုင် ကုန်သည်စက်မှု အသင်း ကလည်း စီစဉ်ထားသည်ဟု သိရ သည်။

ရခိုင် ကုန်သည်စက်မှု အသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက“ရခိုင်မှာတော့ ရင်းနှီးမြှုပ်နှံမှုတွေ လိုနေတာတော့ အမှန်ပဲ။ အဲဒါတွေကတော့ စွမ်းအင်ကဏ္ဍ တခုတည်းတော့ မဟုတ်ဘူး။ ကျန်တဲ့ ကဏ္ဍတွေမှာ လိုနေတာ အမှန်ပဲ။ ပြီးတော့ အခြေခံ အဆောက်အအုံ ကဏ္ဍမှာ လိုတယ်။ လမ်းပန်းဆက်သွယ်ရေး ကလည်း အရမ်းခက်တာ မို့လို့ပါ”ဟု ဧရာဝတီ ကို ပြောသည်။

၎င်းက ဆက်လက်ပြီး“လျှပ်စစ်မှာဆိုရင်လည်း အခုမှ ကျနော်တို့ စစ်တွေလည်း ၂၄ နာရီ မီးရတာ။ လေး၊ ငါးနှစ်ပဲ ရှိသေးတယ်။ တခြား မရသေးတဲ့ မြို့နယ်တွေလည်း အများကြီး ကျန်သေးတယ်။ အခုတော့ ပြည်နယ်အစိုးရရော ပြည်ထောင်စုကရော ကြိုးစားတော့ ပေးနေပါတယ်။ မြို့ကြီးတွေ ရနေပေမယ့် ရွာတွေ အများကြီး ကျန်ပါသေးတယ်။ ဒါတွေလည်း လိုအပ်နေပါတယ်”ဟု ဆိုသည်။

ရခိုင်ဒေသ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ စက်မှုလုပ်ငန်း ကဏ္ဍတွင် ၂ ခု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍ တွင် ၁၁ ခု၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ၁ ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ၅ ခုနှင့် အခြားကဏ္ဍများတွင် ၂ ခု ရှိကာ ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၁၅ ဒသမ ၅၆၀ သန်း ရှိသည်ဟု MIC စာရင်းဇယားများ အရ သိရသည်။

နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုမှာ သတ္တုတူးဖော်ရေး ကဏ္ဍတွင် ၁ ခု၊ စွမ်းအင် ကဏ္ဍတွင် ၂၆ ခုနှင့် အခြား ဝန်ဆောင်မှု လုပ်ငန်း ကဏ္ဍများတွင် ၁ ခုရှိကာ မြှုပ်နှံမှုပမဏ ဒေါ်လာ ၁၀၂၄၁ ဒသမ ၃၈၃ သန်း ရှိသည်ဟု MIC မှတ်တမ်းများ တွင် ဖော်ပြထားသည်။

The post ရခိုင်ဒေသ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံရန် ပြည်ပနိုင်ငံများ စုံစမ်းမှုရှိ appeared first on ဧရာဝတီ.

လူသိပ်မသိရာက အဓိက လေကြောင်းလိုင်းဖြစ်လာတဲ့ Lion Air

$
0
0

အောက်တိုဘာလ ၂၉ ရက်နေ့တွင် Lion Air လေကြောင်းမှ ခရီးစဉ်အမှတ် ၆၁၀ ပင်လယ်တွင်းသို့ ပျက်ကျသွားခဲ့သည့် အချိန်တွင် ဒေါ်လာဘီလီယံများစွာတန်သော လေယာဉ် အော်ဒါမှာယူမှုများ ပြုလုပ်ခဲ့သော်လည်း အရှေ့တောင်အာရှနှင့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်း အသိုင်းအဝိုင်းအပြင်ဘက်တွင် လူသိနည်းသည့် တန်ဖိုးနည်း လေကြောင်းလိုင်းတခု ဖြစ်သည့် Lion Air အပေါ် နိုင်ငံတကာက အာရုံစိုက်မိလာခဲ့သည်။

နှစ် ၂၀ မရှိသည့် အချိန်အတွင်းတွင် Lion Air က အင်ဒိုနီးရှားနိုင်ငံ၏ ထိပ်တန်းလေကြောင်း ကုမ္ပဏီ ဖြစ်လာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ပထမဆုံးအနေဖြင့် ပြည်တွင်း လေကြောင်း ခရီးစဉ်များ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့သည်ဟု CAPA Center for Aviation ၏ အဆိုအရ သိရသည်။ လေယာဉ် အစီးရေအရ ကြည့်မည်ဆိုလျှင် အရှေ့တောင်အာရှတွင် အကြီး ဆုံး လေကြောင်းကုမ္ပဏီအုပ်စုလည်း ဖြစ်လာသည်။ သြဂုတ်လ ၁ ရက်နေ့ အထိ ပြေးဆွဲနေသည့် လေယာဉ် ၃၀၂ စီးရှိရာ ဒုတိယနေရာတွင် ရှိနေသည့် Air Asia ထက် အစီး ၁၀၀ နီးပါး ပိုများနေ ကြောင်း CAPA က ဆိုသည်။

Lion Air က လေယာဉ်ဝယ်ယူမှုများသည့် ကုမ္ပဏီလည်း ဖြစ်သည်။ ယခုနှစ် စက်တင်ဘာလအထိ Lion Air က အာရှ-ပစိ ဖိတ်မှ လေကြောင်းလိုင်းများထဲတွင် လေယာဉ်မှာယူမှု ဒုတိယ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံ တန် သည့် လေယာဉ် ၃၆၉ စီး ပို့ပေးခြင်းကို စောင့်ဆိုင်းနေကြောင်း Airfinance ဂျာနယ်မှ လေ့လာဆန်းစစ်သူ တဦးက ပြော သည်။

လူ ၁၈၉ ယောက် သေဆုံးခဲ့ရသည့် လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို အင်ဒိုနီးရှား အာဏာပိုင်များက စုံစမ်းစစ် ဆေးမှုများ ဆက်လက် ပြုလုပ်နေသည့် ယခုအချိန်တွင် လေ့လာစောင့်ကြည့်သူများက လျှို့ဝှက်သော ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတခု၏ ပုံရိပ်ကို အများပြည်သူသိသည့် ရှားရှားပါးပါးသတင်း အချက်အလက်များမှတဆင့် ဆက်စပ် ကြည့်ရန် ဖြစ်လာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှ တန်ဖိုးနည်း လေကြောင်းလိုင်းများဖြစ်သည့် Lion Air နှင့် Wings Air ၊ ဝန်ဆောင်မှုအပြည့်ပေးသည့် လေကြောင်းလိုင်းဖြစ်သော Batik Air တို့ပါဝင်သလို မလေးရှားနိုင်ငံမှ တန်ဖိုးနည်းလေကြောင်းလိုင်း ဖြစ်သည့် Malindo Air နှင့် ထိုင်းနိုင်ငံမှ Thai Lion Air တို့လည်းပါဝင်သည့် ကုမ္ပဏီအုပ်စု၏ အသေးစိတ်အချက်များက မှတ်တမ်းမှတ်ရာ အပြည့်စုံဆုံးဖြစ်သည်။

အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပျက်ကျသွားခဲ့သည့် Lion Air လေကြောင်း ခရီးစဉ်အမှတ် ၆၁၀ မှ ဆယ်ယူရခဲ့သည်များ/Reuters

Lion Air ကို ၁၉၉၉ ခုနှစ်တွင် Rusdi နှင့် Kusnan Kirana ညီအစ်ကို ၂ ယောက်က ထူထောင်ခဲ့သည်။ သမ္မတ ဆူဟာတို အစိုးရ ပြုတ်ကျသွားခဲ့ပြီး များမကြာမီတွင် ဖြစ်သည်။ ဆူဟာတို အစိုးရ ပြုတ်ကျသွားခြင်းက လေကြောင်းလုပ်ငန်းကို အစိုးရက လက်ဝါးကြီးအုပ်ထားခြင်းကို အဆုံးသတ်စေခဲ့သည်။ နောက်တနှစ် အကြာတွင် သူတို့လေကြောင်းလိုင်းက ပျံသန်းမှုများ စတင်ခဲ့သည်။

သူတို့ ညီအစ်ကိုက အလယ်အလတ်တန်းစား နောက်ခံမှ လာသူများဖြစ်ကြသည်။ Kusnan နှင့် ပတ်သက်၍ အနည်းငယ် မျှသာ သိကြသော်လည်း ယခုအခါ အသက် ၅၅ နှစ် ရှိပြီဖြစ်သော Rusdi က တက္ကသိုလ်ကျောင်းသား ဘဝတွင် ဂျကာတာ မှ Soekarno-Hatta လေဆိပ်တွင် လက်မှတ်ရောင်းသမားအဖြစ် အချိန်ပိုင်း အလုပ်လုပ်ခဲ့ဖူးသည်။ Lion Air ကို မတည် ထောင်မီ သူတို့ ညီအစ်ကိုက Lion Tours အမည်ရှိ ခရီးသွားအေဂျင်စီတခုကို ပိုင်ဆိုင်လုပ်ကိုင်ခဲ့ကြသည်။

အင်ဒိုနီးရှားနှင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများ ပိုမိုချမ်းသာကြွယ်ဝလာကြပြီး လေယာဉ်ဖြင့် ခရီးသွားလာခြင်း စတင်၍ ပိုများလာသည့် အချိန်တွင် “We Make People Fly” ဆိုသည့် ဆောင်ပုဒ်အောက်တွင် Lion အုပ်စု၏ စီးပွားရေးက အရှိန်ရလာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် Boeing ကုမ္ပဏီ ယခင်က မရဖူးသည့် အများဆုံးအနေဖြင့် လေယာဉ် ၂၃၀ အတွက် အမေရိကန် ဒေါ်လာ ၂၁.၇ ဘီလီယံ တန် အော်ဒါရရှိခဲ့သည့် အချိန်တွင် Lion အုပ်စုက ကမ္ဘာ့သတင်းခေါင်းစဉ်များပေါ် ရောက်ရှိခဲ့သည်။

လက်မှတ်ရေးထိုးပွဲ အခန်းအနားသို့ တက်ရောက်ရန် ထိုစဉ်က အမေရိကန်သမ္မတ Barack Obama ဘာလီသို့ လာ ရောက်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် Lion က ဥရောပမှ Airbus ကုမ္ပဏီထံမှ A320 အမျိုးအစား လေယာဉ် ၂၃၄ စီးဝယ်ယူ ရန် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံတန် သဘောတူညီချက်တခု ပြုလုပ်ခဲ့ပြန်သည်။ အဆိုပါ သဘောတူညီချက်ကို ပါရီ ရှိ Elysee နန်းတော်၌ လက်မှတ်ထိုးသည့်အခါတွင် ထိုစဉ်က ပြင်သစ်သမ္မတ Francois Hollande က အသိသက်သေပြု တက်ရောက်ခဲ့သည်။

Lion အုပ်စုက လေယာဉ်အရေအတွက်နှင့် စီးပွားရေးကို လျှင်မြန်စွာ တိုးချဲ့သလို Rusdi က နိုင်ငံရေးသို့ ဝင်ရောက်ခဲ့သည်။ အာဏာရ ညွှန့်ပေါင်း အဖွဲ့ဝင်တခု ဖြစ်သည့် National Awakening ပါတီ၏ ဒုတိယ ဥက္ကဌ အဖြစ် ၂၀၁၄ ခုနှစ်တွင် ခန့် အပ်ခြင်းခံခဲ့ရသည်။ ထို့နောက် သမ္မတ Joko Widodo ၏ အကြံပေးတဦး ဖြစ်လာသည်။ ယခုနှစ် အစောပိုင်းတွင် မလေးရှားနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး တာဝန်ကို ထမ်းဆောင်ရန် အတွက် ထိုရာထူးကို သူက စွန့်လွှတ်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ Commission for the Supervisory of Business Competition မှ ရရှိသည့် ၂၀၁၀ ခုနှစ် က စာရွက် စာတမ်းများအရ Rusdi က Lion Air အော်ပရေတာဖြစ်သော PT Lion Mentari Airlines ၏ အစုရှယ်ယာ ၄၅ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ထားပြီး ကျန် ၅၅ ရာခိုင်နှုန်းကို Kusnan က ပိုင်ဆိုင်သည်။ ပိုင်ဆိုင်မှု အချိုးအစားက ယခုအချိန်အထိ ထို အတိုင်းရှိနေသည် ဟု ယူဆရပါသည်။ Rusdi နှင့် Kusnan တို့က Wings Air ၏ အော်ပရေတာ ဖြစ်သော Wings Abadi Airlines ၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားကြသည်။

သူတို့ ညီအစ်ကို ၂ ဦးကို Forbes မဂ္ဂဇင်းက စုစုပေါင်း အသားတင် ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ သန်း ၉၇၀ ဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ အချမ်းသာဆုံး လူ ၅၀ တွင် အမှတ်စဉ် ၃၃ အဖြစ် ပြီးခဲ့သည့် နှစ်က သတ်မှတ်ခဲ့သည်။ သို့သော်လည်း Forbes မဂ္ဂဇင်း၏ နောက်ဆုံး ခန့်မှန်းချက်တွင် သူတို့၏ ချမ်းသာကြွယ်ဝမှုက ဒေါ်လာ သန်း၅၂၀ သို့ ကျဆင်းသွားခဲ့သည်။ ထိုသို့ ကျဆင်းရခြင်းမှာ အင်ဒိုနီးရှားငွေ ရူပီးယားတန်ဖိုးကျဆင်းခြင်းကြောင့်လည်း တစိတ်တပိုင်း ပါဝင်သည်။

လေယာဉ်ခ ဈေးသက်သာခြင်းက Lion အုပ်စုကို လေကြောင်းလုပ်ငန်း ရှေ့ဆောင်သူ အဖြစ်သို့ ရောက်ရှိစေခဲ့သည်။ မကြာခဏဆိုသလို လျှော့ဈေးများပေးခြင်းနှင့် ဒေသတွင်းမှ တန်ဘိုးနည်းလေကြောင်းလိုင်း အများအပြားနှင့် ယှဉ်လျှင် ဈေးနှုန်းအရ အားသာချက်ဖြစ်အောင် ပြုလုပ်ခြင်းများအားဖြင့် ဝင်ငွေနည်းသော၊ ဝင်ငွေ အလယ်အလတ်ရှိသော အင်ဒိုနီးရှား နိုင်ငံသားများအတွက် အဆင်အပြေဆုံး လေကြောင်းလိုင်းတခု ဖြစ်လာသည်။

သို့သော်လည်း လေယာဉ် အရေအတွက်ကိုရော စီးပွားရေးလုပ်ငန်းကိုပါ အလျှင်အမြန်တိုးချဲ့ခြင်းက ပေးဆပ်ရမည့် တန်ဖိုးတခု ရှိနေနိုင်ပါသည်။ ပြည်တွင်း မီဒီယာမှ သတင်းများအရ ၂၀၁၆ နှင့် ၂၀၁၇ တို့တွင် Lion အုပ်စု ငွေကြေးများ ဆုံး ရှုံးခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် Lion က ဥရောပမှ Airbus ကုမ္ပဏီထံမှ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံတန် သဘောတူညီချက်ကို ပါရီ ရှိ Elysee နန်းတော်၌ လက်မှတ်ထိုးသည့်အခါတွင် ထိုစဉ်က ပြင်သစ်သမ္မတ Francois Hollande က အသိသက်သေပြု တက်ရောက်ခဲ့သည်/Reuters

“သမိုင်းကြောင်းအရ ပြောရမယ်ဆိုရင် လေကြောင်းလိုင်းတခုက အလျှင်အမြန် တိုးချဲ့တဲ့အချိန်မှာ ဘေးကင်းလုံခြုံမှုကိစ္စ က အန္တရာယ်အရှိဆုံး ဖြစ်လာပါတယ်” ဟု ဂျပန်နိုင်ငံ J.F. Oberlin တက္ကသိုလ်မှ ပါမောက္ခနှင့် လေကြောင်းလုပ်ငန်း ကျွမ်းကျင်သူ တဦးဖြစ်သော Ryu Tanji က ပြောသည်။ “သင့်တော်တဲ့ ကော်ပိုရိတ် ဖွဲ့စည်းပုံနဲ့ စနစ်တခုကို ထိန်းသိမ်း ထားဖို့ အလွန်ကို ခက်ခဲလာပါတယ်။ အဲဒါက ဘေးကင်းလုံခြုံရေးဆိုင်ရာ ကျဆင်းမှုကို ဦးတည်သွားစေပါတယ်။”

အောက်တိုဘာ ၂၉ ရက်နေ့ လေယာဉ်ပျက်ကျခြင်းက ၂၀၀၄ ခုနှစ်က အလယ်ဂျာဗားပြည်နယ်၏ မြို့တော် Solo တွင် ကွင်းဆင်းချိန်၌ အမှားအယွင်းရှိခဲ့သည့်အတွက် လူ ၂၅ ဦး သေဆုံးခဲ့ရပြီး နောက်ပိုင်းတွင် Lion Air အတွက် ပထမဆုံး လူအသေအပျောက်ရှိခဲ့သည့် အဖြစ်အပျက်ဖြစ်ပါသည်။ သို့သော်လည်း Lion Air က ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ အနာအဆာများသော မှတ်တမ်းတခု ရှိနေခဲ့သည်။ ပြေးလမ်းကို ကျော်လွန်သွားခြင်း အပါအဝင် အသေးစား မတော်တဆ မှုများ အများအပြား ရှိခဲ့သည်။ လူသိအများဆုံး ဖြစ်ရပ်မှာ ၂၀၁၃ ခုနှစ်က ခရီးသည် ၁၀၈ ဦးကို သယ်ဆောင်လာသော Lion Air လေယာဉ်တစီးသည် ဘာလီကျွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းအပြင်ဘက် ရေပြင်ထဲသို့ ထိုးကျခဲ့သည်။ သို့သော်လည်း လူတဦးတယောက်မျှ မသေဆုံးခဲ့ပါ။

Lion Air က နောက်ထပ် မတော်တဆမှုတခု နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြန်သည်။ Bengkulu ပြည်နယ် Fatmawati Soekarno လေဆိပ်မှနေ၍ ဂျကာတာသို့ ထွက်ခွာမည့် လေယာဉ်တစီးသည် ပျံတက်ရန် ပြင်ဆင်နေစဉ် အတောင်ပံ တဖက်က တိုင်တတိုင်ကို ဝင်တိုက်မိခဲ့ပြီးနောက် ခရီးစဉ်ကို ပယ်ဖျက်လိုက်ရသည်။ Lion Air တွင် အလုပ် လုပ်သည့် လေယာဉ်မှူးများကို မက်သဖက်တမင်းများနှင့်အတူ တွေ့ရှိရသည့် အကြိမ်ကလည်း အများအပြား ရှိခဲ့သည်။ ထို့ပြင် ခရီးစဉ် နှောင့်နှေး ကြန့်ကြာမှုများက နာတာရှည်ရောဂါလို ဖြစ်နေသောကြောင့်လည်း နာမည်ပျက်သည့် လေကြောင်းလိုင်းတခု ဖြစ်သည်။

ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်းတွင် Lion Air က နိုင်ငံတကာ အဖွဲ့အစည်းများ၏ စစ်ဆေးမှုရလဒ်များ မှတဆင့် အကဲ ဖြတ်သည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းများ တိုးတက်ရေး ဆောင်ရွက်ခဲ့သည့် အသွင်ရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် ဥရောပ လေကြောင်းအာဏာပိုင်များက Lion Air ကို ၉ နှစ်ကြာ ပျံသန်းခွင့် ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ပေးခဲ့သည်။ Lion Air က၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် လေကြောင်းလိုင်း လုပ်ငန်းဆောင်ရွက်မှု ဘေးကင်းလုံခြုံရေး အတွက် ကမ္ဘာ့အဆင့် စံနှုန်းဖြစ်သော IOSA သို့မဟုတ် Operational Safety Audit စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့သည်။ ယခုနှစ် အတွက် အသစ်ပြန်လည် စစ်ဆေးမှုလည်း ပြီးမြောက်ခဲ့သည်ဟု စစ်ဆေးရေး အစီအစဉ်တွင် ပါဝင်သည့် အဖွဲ့အစည်းတခု ဖြစ်သည့် International Air Transport Association ၏ အဆိုအရ သိရသည်။

ခရီးစဉ် ၆၁၀ ပျက်ကျရခြင်းသည် Lion Air ၏ အမှားအယွင်းကြောင့်လားဆိုသည်မှာ မသဲကွဲသေးပါ။ သို့သော်လည်း ဘဏ္ဍာရေး အခြေအနေအပါအဝင် ၎င်း၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ သတင်းအချက်အလက် မရနိုင်သလောက် နီးပါး ရှိနေခြင်းနှင့် အတူ Lion အုပ်စုတွင် ပွင့်လင်းမြင်သာမှုက အမြဲတမ်း အားနည်းနေခဲ့သည်။ ၎င်းတို့၏ အစုရှယ်ယာများကို အများပြည်သူသို့ ထုတ်ရောင်းမည်ဟု ကြိုတင်ခန့်မှန်းမှုများ ပြီးခဲ့သည့်နှစ်အတွင်းတွင် တကြိမ်မက ပေါ်ပေါက်ခဲ့သော်လည်း နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့သည်။

“ကျနော် စုစည်းရသလောက်အရဆိုရင် Lion Air က အငှားချတဲ့ အပေါ်မှာ အရမ်းကို မှီခိုလွန်းတယ်” ဟု Airfinance ဂျာနယ်မှ အာရှ ဘဏ္ဍာရေးဆိုင်ရာ အယ်ဒီတာ Michael Allen ကပြောသည်။ “သူတို့ရဲ့ အငှားသဘောတူညီချက်အများ အပြားကို စင်ကာပူမှာ အခြေစိုက်တဲ့ Transportation Partners ဆိုတဲ့ ကုမ္ပဏီကနေ တဆင့် ပြုလုပ်ပါတယ်။”

အငှားချသည့် ကုမ္ပဏီ(Transportation Partners) ကို Rusdi က ၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ Lion အုပ်စုက ရောင်းချပြီးမှ ပြန်လည်ငှားရမ်းသည့် သဘောတူညီချက်များကို သဘောကျသည့် အသွင်ရှိသည်။ Lion က လေယာဉ်ကို အငှားကုမ္ပဏီသို့ ရောင်းချသည်။ ထို့နောက်တွင်မှ သူတို့၏ ထိုလေယာဉ်ကို ပြန်လည် ငှားရမ်းခြင်း ဖြစ်သည်။ ၎င်း၏ စာရင်းများထဲတွင် လေယာဉ်များရှိ မနေပါ။

အငှား ကုမ္ပဏီက စုစုပေါင်း ဒေါ်လာ ၄၀ ဘီလီယံ တန်ကြေးရှိသည့် ဘိုးအင်း ၇၃၇ ခရီးသည်တင်လေယာဉ် ၂၀၁ စီးနှင့် Airbus A320neo အမျိုးအစား ဂျက်လေယာဉ် ၁၇၄ စီးကို စောင့်မျှော်နေသည်ဟု ၂၀၁၅ ခုနှစ်တွင် South China Morning Post သတင်းစာက ရေးသားခဲ့သည်။

“Transportation Partners ကို အသုံးပြုခြင်းကြောင့် Lion က ရတဲ့ အားသာချက်တခုကတော့ တကယ်လို့ အငှားကို စင်ကာပူကနေလုပ်မယ် ဆိုရင် Lion အနေနဲ့ စင်ကာပူရဲ့ လေယာဉ်ငှားရမ်းရေး အစီအစဉ်အရ အခွန် အထူးနှုန်းတခု ရနိုင်ခြင်း ဖြစ်ပါတယ်” ဟု Michael Allen ကပြောသည်။

ထိုအစီအစဉ်အရ လေယာဉ် သို့မဟုတ် လေယာဉ်အင်ဂျင် ငှားရမ်းခြင်းနှင့် အထောက်အကူ ဖြစ်စေသော လုပ်ငန်းများမှ ရရှိသည့် ဝင်ငွေ အပေါ်တွင် အခွန် ၈ ရာခိုင်နှုန်းသာ ပေးဆောင်ရန် ခွင့်ပြုထားသည်ဟု စင်ကာပူ နိုင်ငံမှ Economic Development Board ၏ အဆိုအရ သိရသည်။

၂၀၁၃ ခုနှစ်က ခရီးသည် ၁၀၈ ဦးကို သယ်ဆောင်လာသော Lion Air လေယာဉ်တစီးသည် ဘာလီကျွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းအပြင်ဘက် ရေပြင်ထဲသို့ ထိုးကျခဲ့သည်/Reuters

“Transportation Partners က Lion မှာယူထားတဲ့ လေယာဉ်အချို့ကို Lion နဲ့ မသက်ဆိုင်တဲ့ တခြားလေကြောင်း လိုင်းတွေကိုလည်း ငှားရမ်းထားပါတယ်။ အဲဒါက Lion အတွက် လေယာဉ်အုပ်ထဲကို ဝင်လာနေတဲ့ များပြားတဲ့ ပမာဏကို စီမံခန့်ခွဲဖို့ အထောက်အကူ ဖြစ်စေပါတယ်” ဟု Michael Allen ကပြောသည်။

Lion က GE Capital Aviation Services နှင့် ၎င်း၏ လုပ်ငန်းခွဲ ဖြစ်သော PK Airfinance တို့ထံမှ ဘဏ္ဍာရေး အထောက် အပံ့လည်း ရရှိခဲ့သည်။ ဧပြီလအတွင်းတွင် GE Capital Aviation က ၎င်းတို့ အနေဖြင့် အရေးပါသည့် လေကြောင်း ဘဏ္ဍာရေး လွှဲပြောင်းမှုတခုကို Lion နှင့် အတူ အပြီးသတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ Lion Air က လက်ရှိ လုပ်ကိုင်နေသည့် ဘိုးအင်း ၇၃၇-၉၀၀ER လေယာဉ် ၂၁ စီးနှင့် ဘိုးအင်း၇၃၇ Max 8s နှင့် 9s နှင့် Airbus A320/A321neo လေယာဉ်များအပါအဝင် Lion Air က မှာယူထားသော လေယာဉ် အစီး ၃၀ နှင့် ပတ်သက်၍ ဖြစ်သည်။ အဆိုပါ သဘောတူညီချက်တွင် ကိုရီးယား ဖွံ့ဖြိုးရေးဘဏ်(Korea Development Bank) လည်း ပါဝင်ပတ်သက်ခဲ့သည်။

အမေရိကန် သွင်းကုန်-ထုတ်ကုန်ဘဏ် ကလည်း Lion ၏ ဘိုးအင်းလေယာဉ်များ မှာယူမှုတွင် ငွေကြေးထောက်ပံ့ခဲ့သည်။ နယူးယောက်မှ Apple Bank for Savings က ဆောင်ရွက်ပေးခဲ့သည့် လေယာဉ်ဝယ်ယူမှုအတွက် ဒေါ်လာ ၁.၁ ဘီလီယံ ထောက်ပံ့ပေးရန် အပြီးသတ် ကတိကဝတ်ကို အတည်ပြုခဲ့ကြောင်း အမေရိကန် သွင်းကုန်-ထုတ်ကုန်ဘဏ် က ၂၀၁၃ ခုနှစ်တွင် ပြောသည်။

အဆိုပါ အစီအမံများက Lion အုပ်စုအတွက် တိုက်ရိုက်ပိုင်ဆိုင်ခြင်းထက်စာလျှင် ဘဏ္ဍာရေးအရ ဖိအားများ နည်းပါးစွာဖြင့် ကြီးမားသော လေယာဉ်အုပ်စုကြီးကို လုပ်ကိုင်နိုင်စေခဲ့သည်ဟု ယူဆရပါသည်။ လေကြောင်းပို့ဆောင်ရေး ကဏ္ဍမှ အမည် မဖော်လိုသူ အတွင်းလူတဦးက ဘဏ္ဍာငွေထောက်ပံ့သူများအတွက် အငှားချသည့် ကုမ္ပဏီသို့ ငွေချေးခြင်းက Lion သို့ တိုက်ရိုက်ချေးခြင်းထက် ပိုသဘောကျစရာ ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် Transportation Partners က အခြားသော ကုမ္ပဏီများသို့လည်း အငှားချနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ပြောသည်။ စွန့်စားရနိုင်ခြေများကို ဖြန့် ခွဲထုတ်ခြင်း ဖြစ်သည်။

ခရီးစဉ် ၆၁၀ ပျက်ကျခြင်းအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေချိန်တွင် အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနက Lion Air ကို ၎င်းတို့၏ နည်းပညာ ဒါရိုက်တာနှင့် ပြုပြင်ထိန်းသိမ်းရေးနှင့် အင်ဂျင်နီယာ ဒါရိုက်တာ အပါအဝင် လူ ၅ ဦးကို သူတို့၏ တာဝန်များမှ ရပ်နားထားရန် ညွှန်ကြားခဲ့သည်။

အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီး Budi Karya Sumadi က ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ “ဒါမှလည်း လေကြောင်းလိုင်း အနေနဲ့ စုံစမ်းစစ်ဆေးမှုမှာ အထောက်အကူပေးဖို့ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။ သို့သော်လည်း “ တာဝန်ကနေ ရပ်ဆိုင်းလိုက်တာက သူတို့လုပ်ခဲ့တာတွေအတွက် သူတို့တွေ တာဝန်ယူရမယ်ဆိုတဲ့ အရိပ်အယောင် တခု၊ သတိပေးချက် တခုဖြစ်ပါတယ်” ဟု သူက ထပ်ပြောခဲ့သည်။

ပျံသန်းရေး မှတ်တမ်းတင် ကိရိယာ (black box) ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က ပြန်လည်ရရှိခဲ့သည်။ သို့သော်လည်း အာဏာပိုင်များအနေဖြင့် လေယာဉ်တွင် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို နားလည်ရန် အချိန်ယူရလိမ့်မည် ဖြစ်သည်။ မည်သည့် အကြောင်းကြောင့် Lion Air လေယာဉ် ပျက်ကျခဲ့သည်ကို ဆုံးဖြတ်ရန် တနှစ်အထိ အချိန်ယူရလိမ့် မည်ဟု အင်ဒိုနီးရှားနိုင်ငံ၏ ပို့ဆောင်ရေးဘေးကင်းလုံခြုံရေး အမျိုးသားကော်မတီမှ တာဝန်ရှိသူများက ပြောသည်။ သို့သော်လည်း အာရုံခံ ကိရိယာတခုမှ မှားယွင်းသော သတင်းပေးပို့ချက်က အဖြစ်ဆိုးကို ပေါ်ပေါက်စေနိုင်သည့် အကြောင်းတခု အဖြစ် အဆိုပါ ကော်မတီက ထောက်ပြခဲ့သည်။

“ပြည်တွင်း ခရီးသွားအများစုကတော့ Lion Air ကို အင်ဒိုနီးရှားနိုင်ငံအတွင်း ဈေးနှုန်းချိုသာစွာ ခရီးသွားနိုင်ဖို့ အတွက် ရနိုင်တဲ့ ရွေးချယ်စရာ အနည်းငယ်ထဲက တခုလို့ မြင်နိုင်ပါတယ်” ဟု အတိုင်ပင်ခံ ကုမ္ပဏီတခု ဖြစ်သည့် SCP/Asia ၏ မန်နေးဂျင်း ဒါရိုက်တာ Michel Brekelmans ကပြောသည်။

“နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ မတော်တဆမှုက ဈေးကွက်အတွင်းမှာ ကာလတိုတခုအတွက်တော့ သတိပေးချက် ဖြစ်စေမှာ သံသယ ရှိစရာ မလိုပါဘူး။ ဒါပေမယ့် နောက်ဆုံးကျရင်တော့ ခရီးသည်အများစုက လေကြောင်းခရီးသွားလာမှုနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေ၊ မတော်တဆမှုတွေရဲ့ အန္တရာယ်က ဖြစ်နိုင်ခြေနည်းတယ်လို့ သဘောထားပြီး ဆက်စီးကြမယ်လို့ ကျနော် ထင်ပါတယ်” ဟု သူက ပြောသည်။

(Nikkei Asian Review မှ Shotaro Tani ၏ Lion Air: How a secretive startup became a major player ကို ဘာသာပြန်ဆိုသည်။)

The post လူသိပ်မသိရာက အဓိက လေကြောင်းလိုင်းဖြစ်လာတဲ့ Lion Air appeared first on ဧရာဝတီ.

Facebook သုံးချိန်ကို စစ်ဆေးထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်အသစ် ပါဝင်လာ

$
0
0

 

App အသုံးပြုမှု ကြာချိန်ကို ကြည့်ရှု၊ ထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်အသစ်တခုကို Instagram က ထုတ်ပေးပြီးနောက်၊ တပတ်အကြာမှာ Facebook ကလည်း အလားတူ လုပ်ဆောင်ချက် တခုကို ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

“Your Time on Facebook” လို့ အမည်ပေးထားတဲ့ ယခု Tool ကို လွန်ခဲ့တဲ့ ၄ လ လောက်က စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး ယနေ့မှာ တကမ္ဘာလုံးက အသုံးပြုသူတွေအတွက် တရားဝင် ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အသုံးပြုသူကိုယ်တိုင် မိမိရဲ့ လူမှုကွန်ရက် သုံးစွဲမှုကို စစ်ဆေးထိန်းချုပ်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ပေးထားတဲ့ Tool တခု ဖြစ်ပါတယ်။

အသုံးပြုချင်သူတွေအနေနဲ့ အရင်ဆုံး Facebook App ကို သက်ဆိုင်ရာ App Store တွေမှာ Update ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Update လုပ်ပြီးသွားရင် App ရဲ့ More tab > Settings & Privacy ထဲမှာ “Your Time on Facebook” ဆိုတဲ့ Dashboard အသစ်တခုကို တွေ့မြင်ရပါတယ်။

အထဲဝင်လိုက်ရင်တော့ ယနေ့ Facebook မှာ ကုန်ဆုံးသွားတဲ့အချိန်၊ တပတ်အတွင်း ကုန်ဆုံးသွားတဲ့ ပျှမ်းမျှ အချိန်တို့ကို မိနစ်နဲ့ ဖော်ပြပေးထားတာ တွေ့ရပါမယ်။ ပြီးခဲ့တဲ့ တပတ်အတွင်း တရက်ကို အချိန် ဘယ်လောက်ကုန်ခဲ့လဲ ဆိုတာကိုလည်း အတိအကျ ထောက်ကြည့်နိုင်ပါတယ်။

Facebook အသုံးပြုချိန်ကို ကန့်သတ်ချင်သူတွေအနေနဲ့လည်း “Set Daily Reminder” ကနေ တနေ့ သုံးမယ့်အချိန်ကို ကြိုတင် သတ်မှတ်ပေးထားလို့ ရပါတယ်။ တနေ့ အသုံးပြုချိန် ပြည့်သွားပြီဆိုရင် သတိပေးချက် ထွက်လာမှာပါ။ သတိပေးချက် တက်လာရင် အလွယ်တကူ ပြန်ဖျောက်လို့ရတာကြောင့် ဆက်သုံး၊ မသုံးက မိမိ အပေါ်ပဲ မူတည်ပါလိမ့်မယ်။

ယခုနှစ်အတွင်း ထိပ်သီးနည်းပညာကုမ္ပဏီကြီးတွေဟာ အသုံးပြုသူတွေရဲ့ ဘဝနေထိုင်မှုပုံစံ တိုးတက်ကောင်းမွန်စေဖို့အတွက် အားစိုက် လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။

Android နဲ့ iOS စနစ်အသစ်တွေမှာ ဖုန်းအသုံးပြုမှု ကြာချိန်ကို စစ်ဆေး၊ ထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်တွေ စတင်ပါဝင်လာပြီ ဖြစ်ပါတယ်။ Operating System တွေ သာမက၊ YouTube, Instagram စတဲ့ Social App တွေမှာလည်း အလားတူ လုပ်ဆောင်ချက်တွေကို ထည့်သွင်းလာကြပါတယ်။

Ref: Tech Crunch, The Verge

The post Facebook သုံးချိန်ကို စစ်ဆေးထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်အသစ် ပါဝင်လာ appeared first on ဧရာဝတီ.


ပြည်တွင်း၌ ကျပ်ငွေကိုသာ သုံးစွဲရန် တင်းကြပ်သွားမည်ဟု ဗဟိုဘဏ် ပြော

$
0
0

ပြည်တွင်း၌ မြန်မာ ကျပ်ငွေကိုသာ သုံးစွဲရန် အတွက် တင်းတင်းကြပ်ကြပ် အကောင်အထည် ဖော်ဆောင်ရွက် သွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။

ကယား ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း က နိုင်ငံပိုင် ငွေကြေး ပိုမို ခိုင်မာလာစေရန် နှင့် တရားမဝင် ငွေကြေး သုံးစွဲမှုများကို ထိန်းချုပ်နိုင်ရန် နိုင်ငံခြားငွေအား မြန်မာနိုင်ငံ တဝန်းလုံးတွင် ပြည်တွင်း၌ ကျပ်ငွေ အဖြစ် လဲလှယ် သုံးစွဲစေရန် တွန်းအားပေးမည့် အစီအမံများ ရှိ၊ မရှိ သိရှိလိုခြင်းနှင့် ဆက်စပ် သည့် မေးခွန်းကို ဦးဘိုဘိုငယ်က နိုဝင်ဘာ ၂၀ ရက်နေ့ကျင်းပသည့် အမျိုးသားလွှတ်တော်၌ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ပြည်တွင်း ကျပ်ငွေ သုံးစွဲရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရနှင့် ပူးပေါင်း၍ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကျပ်ငွေနှင့် သုံးစွဲနေမှုကို လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့် အတွက် မည်သို့ အရေးယူ ဆောင်ရွက်မည်၊ မည်သည့် ကာလတွင် ဆောင်ရွက်မည် ဆိုသည်ကို ပြည်သူလူထုအား အသိပေး၍ ပညာပေးကာလတခု သတ်မှတ်ပြီး တင်းတင်း ကြပ်ကြပ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဟုလည်း သိရသည်။

ကျပ်ငွေဖြင့် သုံးစွဲခြင်း မရှိသည့် အတွက် အသိပညာပေး ကာလတခု အနေဖြင့် သတ်မှတ်၍ လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးဘိုဘိုငယ်က ဆိုသည်။

ဆက်လက်၍ ၎င်းက“ကျနော်တို့အနေနဲ့ ကြပ်မတ်ကွပ်ကဲဖို့က တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက် ရမှာဖြစ်ပါတယ်”ဟု ပြောသည်။

ထို့ပြင် နိုင်ငံပိုင် ငွေကြေး ခိုင်မာမှု အပြည့်အဝ မရှိခြင်းမှာ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေ အားနည်းမှုကြောင့် ဖြစ် ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဦးဘိုဘိုငယ်က “နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေ၏ အားနည်းချက်များကြောင့် ဖြစ်တာ။ ၂၀၁၂ ခုနှစ်က ဥပဒေ ဆွဲခဲ့တာ။ အဲ့ဒါကို ကျနော်တို့ ပြန်လေ့လာတဲ့ အခါကျတော့ ဖြည့်စွက်စရာ အချို့ အချက်တွေ ရှိပါတယ်။ လွှတ်တော်နဲ့ လည်း တိုင်ပင်ပြီးတော့ လုပ်နေပါတယ်။ ဥပဒေပိုင်း အရ အခိုင်မာဆုံး ပြင်စရာရှိတာ ပြင်နေပါတယ်”ဟု လွှတ်တော် အစည်းအဝေး အပြီး တွင် မီဒီယာများကို ပြောသည်။

ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်း လှိုင် ကမူ ဗဟိုဘဏ်ဘက်က ဆောင်ရွက်ချက်များမှာ အလွန်နှေးကွေးကြောင်း၊ ဒေါ်လာဈေးနှုန်း တဟုန်ထိုး တက်စဉ် ကာလကလည်း ငွေဈေး ကစားသူများကို ထိထိရောက်ရောက် အရေးယူရန် ဗဟိုဘဏ်သို့ တိုက်တွန်း ပြောဆိုရ ကြောင်း ပြောသည်။

ဒေါ်ခင်စန်းလှိုင်က “ဥပဒေရဲ့ အားနည်းချက်က ရှိတယ် ဆိုပေမယ့်လည်း ရှိတဲ့ အားနည်းချက်ကို အသုံးချလို့ ရပါ တယ်။ ရှိတဲ့ ဥပဒေ အပေါ် အသုံးမချဘဲနဲ့ ဥက္ကဋ္ဌ ကိုယ်တိုင်ကိုက ဘာလုပ်လို့ လုပ်ရမလဲ မသိဘူးဖြစ်နေတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ကမ္ဘောဇဘဏ် လီမိတက်မှ အကြီးတန်း အကြံပေး ဦးသန်းလွင်ကလည်း“ဒေါ်လာဈေးက တက်လာပြီး ကျပ်တန်ဖိုးက ကျလာတော့ ကျပ်ငွေ အပေါ်မှာ ယုံကြည်မှု အားနည်းလာတယ်။ ဒေါ်လာ လက်ထဲရှိရင် အကောင့်သွားဖွင့်ပြီး လုပ်တာ မျိုးတော့ မလုပ်သင့်ဘူး။ ပေးဖွင့်နေတာတွေ မကောင်းတဲ့ လက္ခဏာပါဘဲ။ မလိုအပ်ဘဲ ဒေါ်လာ အကောင့်တွေ အရမ်း ပေးမဖွင့်ရင် အကောင်းဆုံးပါပဲ”ဟု ပြောဆိုသည်။

လက်ရှိတွင် ဟိုတယ်များ၊ စားသောက်ဆိုင် တချို့၊ ပြည်တွင်းသို့ လာရောက် ဖွင့်လှစ်သည့် ရင်းနှီးမြှုပ်နှံသူ တချို့၊ ကျောင်း များ၊ နိုင်ငံခြားသားများအား တိုက်ခန်းငှားသည့် လုပ်ငန်း၊  အမှတ်တရ ပစ္စည်း အရောင်းဆိုင်များ၊ ကျောက် မျက် ရတနာ ရောင်းဝယ်ဆိုင်များတွင် ကျပ်ငွေ အစား ဒေါ်လာကို သုံးစွဲနေကြောင်း၊ ထို့အတူ မြေငှားရမ်းခြင်း ကိစ္စများ၊ နိုင်ငံခြားဖက်စပ် လုပ်ငန်းများတွင်လည်း ဝင်ငွေကို နိုင်ငံခြားငွေဖြင့်  လက်ခံ ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း ဗဟိုဘဏ်က ဆိုသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ် အနေဖြင့် ကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ ရောင်းချခြင်း ဝန်ဆောင်မှု ဆောင်ရွက်ချက်များ အတွက် ငွေပေးချေခြင်း၊ ဈေးနှုန်း ဖော်ပြခြင်းများကို နိုင်ငံခြားသုံးငွေဖြင့် တောင်းခံ သုံးစွဲခြင်း မပြုဘဲ ပြည်တွင်း သုံးငွေ ဖြင့်သာ သုံးစွဲရန် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များနှင့် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများသို့ မိမိတို့ လက်အောက်ခံ အဖွဲ့အစည်းများကို ဆက်လက်ညွှန်ကြားရန် ညှိနှိုင်း အကြောင်းကြားထား ကြောင်း လွှတ်တော် အစည်းအဝေးတွင် ဦးဘိုဘိုငယ်က ပြောသည်။

ပြည်သူ လူထု လက်ဝယ်တွင် ရှိသည့် အမေရိကန် ဒေါ်လာများကို ကျပ်ငွေ အဖြစ် လွယ်လွယ်ကူကူ လွှဲပြောင်း သုံးနိုင် ရန် အတွက် နိုင်ငံခြားသုံးငွေ ဝယ်ယူ ရောင်းချပေးသည့် ငွေလဲကောင်တာများကို တိုင်းနှင့် ပြည်နယ်များတွင် ခွင့်ပြု ထား ပြီး ဖြစ်ကြောင်း၊ ငွေလဲကောင်တာ ၁၄၃၇ ခု ဖွင့်လှစ်ခွင့် ပြုထား၍ အမေရိကန် ဒေါ်လာ၊ စင်ကာပူ ဒေါ်လာ၊ ထိုင်း ဘတ်၊ ယူရို အခြား ရင်းဂစ် စသည့် ငွေကြေးတို့ကို လဲလှယ်ခွင့် ပြုထားကြောင်း ဗဟိုဘဏ်မှ သိရသည်။

ငွေကြေးများကို စီမံခန့်ခွဲနေသည့် ဗဟိုဘဏ်၌ စာရင်းပေးသွင်းထားသည့် နိုင်ငံခြား ဘဏ်ခွဲ ၁၃ ခု ရှိကာ တရုတ်၊  ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံတို့မှ ဖြစ်ပြီး ဘဏ်ခွဲ မဖွင့်ဘဲ ကိုယ်စားလှယ်ရုံး ဖွင့်ထားသည့် နိုင်ငံခြား ဘဏ်ရုံး ၄၉ ရုံး ရှိသည်ဟု ဗဟိုဘဏ် စာရင်းများ၌ ဖော်ပြထားသည်။

The post ပြည်တွင်း၌ ကျပ်ငွေကိုသာ သုံးစွဲရန် တင်းကြပ်သွားမည်ဟု ဗဟိုဘဏ် ပြော appeared first on ဧရာဝတီ.

လောက ကောင်းကျိုး ရည်မျှော်၍လည်း မြန်မာတွေ လှူတတ်ပါစေ

$
0
0

လူအများ နားမခံသာအောင် လော်စပီကာများ အသံကုန် ဖွင့်ပြီး အလှူခံတတ်သော မြန်မာနိုင်ငံသည် ပရဟိတ လှုပ်ရှားမှုများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးရာတွင် အနိမ့်ဆုံးဖြစ်နေကြောင်း ဟောင်ကောင်အခြေစိုက် အာရှပရဟိတနှင့်လူ့အဖွဲအစည်း စင်တာ (Centre for Asian Philanthropy and Society – CAPS) က ဆိုလိုက်သည်။

CAPS သည် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို လုပ်ဆောင်နေသော ပရဟိတသမားများနှင့် လူမှုကူညီရေးအဖွဲ့များ တိုးတက်ရေးအတွက် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ပရဟိတ အရည်အသွေးနှင့် အရေအတွက် တိုးတက်ရေးကို လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။

CAPS ၏ ကောင်းမှုအညွှန်းကိန်း Doing Good Index တွင် မြန်မာသည် ပရဟိတ လုပ်ငန်းများကို အားပေးသည့် ပတ်ဝန်းကျင် ဖန်တီးပေးရာတွင် “လုံလောက်စွာ လုပ်ဆောင်ခြင်းမရှိ” သို့မဟုတ် အများအားဖြင့် နောက်ကျကျန်ရစ်ကြောင်း ဆိုထားသည်။ ထိုအညွှန်းကိန်းသည် အလှူဒါနပြုရန်အတွက် ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ မက်လုံးများကို လေ့လာသော အညွှန်းကိန်းဖြစ်သည်။

ထိုအညွှန်းကိန်းက နိုင်ငံများ၏ လောကီကောင်းကျိုး ပြုမှုကို လေ့လာရာတွင် အုပ်စုလေးစု ကွဲသွားပြီး ဂျပန်၊ စင်္ကာပူနှင့် ထိုင်ဝမ်တို့က စွမ်းဆောင်ရည်ကောင်းသော အုပ်စုတွင်ပါဝင်ပြီး စွမ်းဆောင်ရည် တိုးတက်သော နိုင်ငံများ အုပ်စုတွင် ဟောင်ကောင်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ် တို့ပါဝင်သည်။ လုံလောက်သော စွမ်းဆောင်ရည်ရှိသည့် တတိယ အုပ်စု နိုင်ငံများတွင် တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန် တို့ ပါဝင်သည်။

ထိုသို့ နိုင်ငံများကို အဆင့်ခွဲရာတွင် နိုင်ငံတွင် ကျင့်သုံးနေသော အခွန်၊ ဘဏ္ဍာရေးနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ မူဝါဒများသည် ယဉ်ကျေးမှုနှင့် လူမှု ပတ်ဝန်းကျင်ကို အထောက်အကူပြု မပြု၊ ငွေကြေးလှူဒါန်းခြင်း၊ စားရေရိက္ခာ အဝတ်အထည် လှူဒါန်းခြင်းနှင့် ပရဟိတလုပ်ငန်းများ အပါအဝင် လူမှုရေးရာများတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု (private social investments) ကို ဟန့်တားခြင်းပြု မပြု စသည်တို့ကို အခြေခံပြီး အုပ်စုခွဲခြားသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများနှင့် အလှူရှင်အဖွဲ့အစည်းများအပါအဝင် လူမှုကူညီရေး အသင်းများသည် ပြည်တွင်း ပြည်ပ ပရဟိတသမားများ သို့မဟုတ် အလှူရှင်များထံမှ ရန်ပုံငွေ လက်ခံ ရယူနိုင်ခြင်း ရှိ မရှိနှင့် ရရှိသောငွေကို လူမှုရေး လိုအပ်ချက်များအား စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိ မရှိကိုလည်း သုံးသပ်သည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ CAPS ၏ ကောာင်းမှုအညွှန်းကိန်းတွင် အနိမ့်ဆုံးဖြစ်သော မြန်မာနိုင်ငံသည် မကြာသေးမီက Charities Aid Foundation ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့လှူဒါန်းမှု အညွှန်းကိန်းတွင်မူ ထိပ်ဆုံးဖြစ်နေခြင်းပင်။ ထိုအညွှန်းကိန်း ၂ ခုအပေါ် မည်သို့နားလည်နိုင်ပါသနည်း။

Charities Aid Foundation သည် စုစုပေါင်းလူဦးရေ ၅.၂ ဘီလျှံရှိသည့် နိုင်ငံပေါင်း ၁၄၆ နိုင်ငံ၏ ရက်ရောမှုကို လေ့လာသောအဖွဲ့ဖြစ်သည်။ ၎င်းတို့၏ စစ်တမ်းသည် သင် ယခင်လက လူစိမ်းတဦးကို ငွေလှူပါသလား။ လွန်ခဲ့သောလက လူစိမ်းတဦးကို ကူညီပါသလားနှင့် လွန်ခဲ့သောလက အချိန်ပေးပြီး စေတနာ့ဝန်ထမ်း လုပ်ခဲ့လားဟူသော မေးခွန်း ၃ ခုသာ မေးသည်။ ထိုမေးခွန်း ၃ ခုတွင် မြန်မာတို့၏ အလှူရေစက် လက်နှင့်မကွာချင်မှုက ကွက်တိသွားကျနေသည်။

သို့သော် ကောင်းမှု အညွှန်းကိန်းတွင်မူ မေးခွန်းပေါင်း ၁၅၀ ပါဝင်ပြီး ရလဒ်များကို ကျွမ်းကျင်သူများနှင့် အကျိုးအမြတ်မယူသော အဖွဲအစည်းဝင်များက အကဲဖြတ်ကြသည်။

စစ်တမ်း ၂ ခု၏ ရလဒ်များကို ချိန်ထိုးကြည့်လျှင် ဘာသာရေးဆိုင်ရာ ဘုရား ကျောင်းကန်များ၊ ပရဟိတ အဖွဲ့များနှင့် လမ်းပေါ်မှ အလှူခံများကို စေတနာ ထက်သန်စွာ လှူဒါန်းလိုက်သော မြန်မာတို့၏ အလှူငွေသည် ကောင်းမွန်သော အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကဲ့သို့ လူမှု စီးပွား စနစ်ဆိုင်ရာ အပြောင်းအလဲကို အထောက်အပံ့ မဖြစ်သေးခြင်းကို တွေ့ရမည်။ ရက်ရောခြင်းသည် ကောင်းသော စရိုက် လက္ခဏာဖြစ်သည်။ သို့သော် မြန်မာတို့၏ အလှူဒါနသည် လောကကောင်းကျိုး မပြုသေးဟု ဆိုရမည်။

ဤသို့ဆို၍ မြန်မာတို့၏အလှူများသည် အဟောသိကံဖြစ်ရသည်ဟု မဆိုလို။ မြန်မာနိုင်ငံတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေကြသူ၊ အကျိုးအမြတ်မယူသော လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသူ အမြောက်အမြား ရှိသည်။ လူအများ နာရေး သေရေး ဘေးဒုက္ခရောက်လျှင် ပရဟိတ အကျိုးဆောင်ရန် ထွက်လာကြသူ အများအပြား ရှိသည်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုကူညီစောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူ့အခွင့်အရေး ကာကွယ်ထိန်းသိမ်းရေးတို့ကို ရှေးရှုရည်ရွယ်သော ပရဟိတ အင်စတီကျူးရှင်းများနှင့် သမဂ္ဂများလည်း ခိုင်ခိုင်မာမာ ရှိနေသည်။

ထို့အပြင် Corporate social responsibility ဟုခေါ်သည့် စီးပွားရေး လုပ်ငန်းကြီးများ၏ လူမှုရေး တာဝန်သိမှု အလှူဒါန အစီအစဉ်များကိုလည်း တွေ့မြင်လာနေရပြီး Social business ဟုခေါ်သည့် အလုပ်လုပ်သူတိုင်း အကျိုးအမြတ်ခံစားခွင့်ရှိသည့်အပြင် ရပ်ရွာနှင့် သဘာဝပတ်ဝန်းကျင် ကောင်းကျိုးပါ ဖြစ်ထွန်းစေသော စီးပွားရေးလုပ်ငန်းငယ်များ ဟိုဟိုသည်သည်မှာ စတင် ပေါ်ထွက်လာနေသည်။

၎င်းတို့၏ စေတနာ သို့မဟုတ် အရင်းအနှီးကို ပိုမိုကြီးမားကျယ်ပြန့်လာစေသင့်သည်။ ရေရှည်တည်တံ့ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး သို့မဟုတ် နိုင်ငံ၏ စီးပွားဖွံ့ဖြိုးမှုတို့နှင့် အပြန်အလှန် ဆက်စပ် ချိတ်နွယ်စေရေး မူဝါဒ ရေးဆွဲချမှတ်သူများက နားလည် သဘောပေါက်ပြီး အားပေးအားမြှောက်ပြုသည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအား ရေးဆွဲ ချမှတ် ကျင့်သုံးသင့်သည်။ မိမိ ရှေ့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အကျိုးခံစားနေရသော နိုင်ငံများကို ဥပမာယူ၍ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။

အစိုးရ၊ လွှတ်တော်နှင့် စီးပွားရေးလုပ်ငန်းရှင်များသာမက သာမာန် လူပုဂ္ဂိုလ် တဦးချင်းစီကလည်း မိမိတို့၏ လှုဒါန်းမှုသည် သေလွန်ပြီးနောက် ရှိနိုင်သေးသော ဘဝ အဆက်ဆက်၏ အကျိုးကို မျှော်မှန်းရုံမျှမက ယခု မျက်မှောက်ကြုံတွေ့နေရသော လောက၏ ဆိုးကျိုးများကို တားဆီးပြီး ကောင်းကျိုးများကို ရည်မျှော်သော အလှူအတန်းများ ပြုသင့်ကြောင်း နားလည်သဘောပေါက် လက်ခံကျင့်သုံးလာစေရေးကလည်း အရေးကြီးသည်။

အမှန်တကယ် လိုအပ်နေသူများကို ကိုယ်တိုင် လှူဒါန်း ဖြည့်တင်းပေးခြင်းနှင့် လောကကောင်းကျိုး ရည်မျှော်၍ လုပ်ကိုင်နေသော သမဂ္ဂ အဖွဲ့အစည်း အင်စတီကျူရှင်းများသို့ တတ်အားသ၍ လူအား ငွေအား ပါဝင်ထည့်ဝင်ခြင်းများသည် နတ်လူသာဓု ခေါ်ကြမည့် အကျင့်အကြံကောင်းများဖြစ်ကြောင်း တင်ပြအပ်ပေသည်။

The post လောက ကောင်းကျိုး ရည်မျှော်၍လည်း မြန်မာတွေ လှူတတ်ပါစေ appeared first on ဧရာဝတီ.

အဆင်းရဲဆုံးနိုင်ငံများကြား မြန်မာ FDI အဝင်ဆုံးဖြစ်

$
0
0

ရခိုင်မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ ဂုဏ်သတင်းထိခိုက်ပြီး ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေသော်လည်း ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ (LDCs) အကြားတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အများဆုံး စွဲဆောင်နိုင်သော နိုင်ငံဖြစ်ကြောင်း ဂျပန် စီးပွားရေး သတင်းဌာန Nikkei Asian Review ၏ သတင်းတပုဒ်က ဆိုသည်။

သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် လက်တွေ့ကျသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄.၃ ဘီလီယံကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေး၏ အောက်ခြေအုပ်စု ၄၇ နိုင်ငံတွင် ထိပ်ဆုံးသို့ရောက်နေသည် ဟု ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် တိုးတက်မှု ညီလာခံ အစီရင်ခံစာကို ကိုးကား၍ သတင်းက ဆိုသည်။

မြန်မာနိုင်ငံသည် ဒုတိယနေရာမှ အီသီရိုပီးယားကို ကျော်တက်ပြီး အာရှအိမ်နီးချင်း ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို တတိယနှင့် ပဉ္စမနေရာများတွင် ချန်ထားခဲ့သည်။ သို့သော် ထိုနိုင်ငံများသည် အင်ဒိုနီးရှားနှင့် ဗီယက်နမ်ကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်များနှင့် ယှဉ်လျှင် များစွာ နောက်ကျ ကျန်နေသေးသည်။

ကမ္ဘောဒီးယားနိုင်ငံက လက်ခံရရှိသော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂.၈ ဘီလီယံသည် လွန်ခဲ့သော ၇ နှစ်က ရရှိသည်ထက် နှစ်ဆတိုးလာကြောင်း ကမ္ဘာ့ဘဏ်၏ စာရင်းများအရ သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံရရှိသော ဒေါ်လာ ၂.၁၅ ဘီလီယံမှာ လွန်ခဲ့သော တနှစ်ကထက် ဒေါ်လာ သန်း ၇၀၀ နီးပါး ကျဆင်းသွားသည်။ ထိုသို့ ကျဆင်းသွားရခြင်းမှာ နိုင်ငံ၏ အဓိကကျသော အထည်ချုပ်ကဏ္ဍမှ အခြားကဏ္ဍများတွင်လည်း စီးပွားရေးကို ဖြန့်ခွဲထားရန် လုပ်ဆောင်မှု နှေးကွေးသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ အဆင်းရဲဆုံးနိုင်ငံအဆင့် သတ်မှတ်သည့် နည်းလမ်းမှာ ထိုနိုင်ငံများမှ လူတဦးချင်း ပျမ်းမျှဝင်ငွေသည် တနှစ် ဒေါ်လာ ၁၂၃၀ အောက် နိမ့်ကျခြင်းကို သတ်မှတ်ခြင်းဖြစ်သည်။ ထို့ကြောင့် အာရှမှ ထိုနိုင်ငံများသည် အထည်ချုပ်နှင့် ဖိနပ်ကဲ့သို့သော လုပ်အားခနိမ့်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ကို အားထားနေကြရသည်။ ထို ၄၇ နိုင်ငံအနက် ၃၁ နိုင်ငံမှာ အာဖရိကမှဖြစ်သော်လည်း အာရှမှ အာဖဂန်နစ္စတန်၊ ဘူတန်၊ အရှေ့တီမော၊ ယီမင်၊ လာအိုနှင့် နိပေါတို့လည်း ပါဝင်ကြသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ၏ ၃၆ ရာခိုင်နှုန်းမှာ တရုတ်နှင့် ဟောင်ကောင်မှဖြစ်သည်ဟု မြန်မာနိုင်ငံ၏ တရားဝင်စာရင်းများအရ သိရသည်။

လွန်ခဲ့သော နှစ် ၃၀ အတွင်း ရင်းနှီးမြှုပ်နှံမှုများ၏ ထက်ဝက်ခန့်မှာ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် သတ္တု တူးဖေါ်ရေးကဏ္ဍတွင်ဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍတွင် ၁၇ ရာခိုင်နှုန်းနီးပါးနှင့် ကုန်ထုတ်လူပ်မှုကဏ္ဍတွင် ၁၀ ရာခိုင်နှုန်းကျော်သာရှိသည်။ လွန်ခဲ့သောနှစ်က ဆက်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှုမှာ နှစ်စဉ် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်း အသီးသီး ရှိလာသည်။

လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ၄၅ ရာခိုင်နှုန်းကျော် တိုးလာပြီး ထိုပမာဏသည် ကမ္ဘောဒီးယားသို့ စီးဝင်သောပမာဏထက် သုံးဆ ပိုမိုမြန်ဆန်သည်။ လာအိုတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းကြောင့် ကုန်းတွင်းပိတ်လာအိုတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်နှစ် ဆက်တိုက် ကျဆင်းရသည်။ တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နှင့် ကမ္ဘောဒီးယားတွင်လည်း အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်သည်။

တရုတ်နိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့ အကြီးမားဆုံး စီးပွားရေးဖြစ်လာမည်ဟု ခန့်မှန်းတွက်ချက်မှု အများအပြားရှိနေသောကြောင့် အာရှ၏ အဆင်းရဲဆုံးနိုင်ငံများသည် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်မှတဆင့် တရုတ်နိုင်ငံ၏ စီးပွားရေး အဝန်းအဝိုင်းအတွင်း ရောက်ရှိသွားနိုင်ခြေ ရှိနေသည်။

သို့သော် အမေရိကန်နိုင်ငံက ရပ်ဝန်းတခု၊ လမ်းတခုအစီအစဉ်ကို ၎င်းတို့၏ အခြေခံအဆောက်အအုံဆိုင်ရာ ကတိကဝတ်များနှင့် တရုတ်သွင်းကုန်များကို အခွန်မြှင့်တင်ခြင်းတို့ဖြင့် တန်ပြန်ရန် ရည်မှန်းထားသောကြောင့် ပြည်ပကုမ္ပဏီးများသည် တရုတ်နိုင်ငံ၏ ကြီးမားသော ဈေးကွက်တွင် လုပ်ငန်းကုန်ကျစရိတ်မြင့်မားခြင်းကို ကြုံရပြီး ပြန်လည်သုံးသပ်နေသောကြောင့် လုပ်အားခနိမ့်သော အာရှနိုင်ငံငယ်များအတွက် အကျိုးအမြတ် ထွက်နိုင်သည်။

တရုတ်နှင့်အမေရိကန်တို့ အာရှတွင် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု စစ်ပွဲဖြစ်လာလျှင်လည်း ဖွံ့ဖြိုးမှုနည်းသော အာရှနိုင်ငံများသို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တိုးလာနိုင်သည်။

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် လာအိုတို့သည် လာမည့်နှစ်အတွင်း အဆင်းရဲဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်မည်ဟုလည်း ထို အစီရင်ခံစာက ဆိုသည်။ တဦးချင်း ဝင်ငွေ ဒေါ်လာ ၁၃၀၀ ရှိသော ကမ္ဘောဒီးယားသည်လည်း ထိုသို့နိမ့်ကျသော သတ်မှတ်ချက်ကို ကျော်လွှားနိုင်ခြေ ရှိသည်။

နောက်အဆင့်တခုသို့ တက်လာခြင်းကြောင့် ပေးဆပ်ရသော တန်ဖိုးများလည်း ရှိသည်။ နိုင်ငံအဆင့်တက်လာပါက အလှူငွေ ကျဆင်းမှုနှင့် ကုန်သွယ်ရေး အထူးအခွင့်အရေးများ ဆုံးရှုံးခြင်းကို ရင်ဆိုင်ရမည်ဟု ကမ္ဘာ့ဘဏ်က သတိပေးခဲ့သည်။

လက်ရှိတွင်မူ ကမ္ဘောဒီးယားနှင့်မြန်မာနိုင်ငံတို့သည် အဆင်းရဲဆုံးနိုင်ငံအဆင့်မှ တက်မလာမီမှာပင် ဥရောပသမဂ္ဂဈေးကွက်သို့ အထူးအခွင့်အရေး ဆုံးရှုံးနိုင်ခြေကို ရင်ဆိုင်နေရသည်။ ထိုသို့ ဆုံးရှုံးပါက ရင်းနှီးမြှုပ်နှံရန်နေရာများအဖြစ် ၎င်းတို့၏ စွဲဆောင်နိုင်မှု ကျဆင်းသွားမည်ဖြစ်သည်။

နိုင်ငံက အဓိက အတိုက်အခံပါတီကို ချေမှုန်းလိုက်ခြင်းနှင့် မြန်မာစစ်တပ်က ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များကို မြေလှန်စစ်ဆင်ခဲ့သောကြောင့် ဥရောပသမဂ္ဂက ထိုနှစ်နိုင်ငံအတွက် ကုန်သွယ်ရေး အထူးအခွင့်အရေး ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ထားသည်။

မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ထိုင်းတို့ ရသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအောက် များစွာနိမ့်ကျနေသေးသည်။ လွန်ခဲ့သောနှစ်က ထိုနိုင်ငံများသည် ဒေါ်လာ ၂၃.၁ ဘီလီယံ၊ ၁၄ ဘီလီယံ၊ ၁၀ ဘီလီယံနှင့် ၉.၁ ဘီလီယံ အသီးသီးရရှိကြသည်ဟု ASEAN ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအရ သိရသည်။

The post အဆင်းရဲဆုံးနိုင်ငံများကြား မြန်မာ FDI အဝင်ဆုံးဖြစ် appeared first on ဧရာဝတီ.

ရန်ကုန်မြို့သစ် တည်ဆောက်ရေး စီမံကိန်းများ မကြာမီ တင်ဒါ ခေါ်တော့မည်

$
0
0

ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ဆိုနိုင်ရန် ပြင်ဆင်မှု အပြီးသတ်တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (NYDC) က နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ တင်ဒါ ခေါ်ဆိုနိုင်ရန် ပါဝင်မည့် တည်ဆောက်ရေး လုပ်ငန်းများ အတွက် လိုအပ်သော စီမံကိန်း အကြို အဆိုပြုလွှာ (Pre-Project Documents -PPD)ကို ဟောင်ကောင် စတော့အိတ်ချိန်းဝင် China Communications Construction Company Ltd(CCCC) ကုမ္ပဏီနှင့် ညှိနှိုင်း ဆွေးနွေးနေကြောင်း သိရသည်။
NYDC ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဦးသိမ်းဝေက “NYDC တင်ဒါ ခေါ်ဆိုနိုင်ရေး အတွက် လိုအပ်တဲ့ ဆွေးနွေး ညိုနှိုင်း မှုတွေ လုပ်တာ နောက်ဆုံး အဆင့် ရောက်နေပါပြီ။ မကြာခင် အချိန်တွင်းမှာ PPD မှာပါတဲ့ အချက်တွေကို အများပြည်သူ သိရှိအောင် ကြေညာနိုင်မှာပါ”ဟု ပြောဆိုထားသည်။

တင်ဒါ ခေါ်ယူရန် ပါဝင်မည့် အချက်များမှာ ကြည့်မြင်တိုင် မြို့နယ် ကမ်းနားလမ်း၊ ဗားကရာလမ်း အနီးမှ မြို့သစ်အထိ လှိုင်မြစ် ပေါ်တွင် တည်ဆောက်မည့် ၆ လမ်းသွား တံတား၊ လက်ရှိ ပန်းလှိုင် မြစ်ကူး တံတားနှင့် ယှဉ်လျက် ၂ လမ်းသွား တံတား၊ ၂၆ ကီလိုမီတာ ရှိသော အဓိက လမ်းမကြီးများ၊ ပြန်လည် နေရာချထားမည့် မြို့ရွာ ၅ ခု၏ အခြေခံ အဆောက် အအုံများ၊ ကနဦး ဆောက်လုပ်မည့် ၁၀ စတုရန်း ကီလိုမီတာ ရှိသော စက်မှုဇုန် ဧရိယာ (Industrial Estate) အခြေခံ အဆောက်အအုံများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်း တခုလုံးကို ရေပေးဝေနိုင်မည့် ပမာဏရှိသော ရေသန့်စင် စက်ရုံ (Water Treatment Plant)၊ စီမံကိန်း တခုလုံး အသုံးပြုနိုင်သည့် ပမာဏရှိသော ရေဆိုး သန့်စင်စက်ရုံ (Wastewater Treatment Plant)၊ တိုးမြစ် အနီး မြို့ သစ်နှင့် ၃၂ ကီလိုမီတာခန့် ကွာဝေးသော နေရာတွင် တည်ဆောက်မည့် ရေပေးဝေရေး ပင်မ အဆောက်အအုံ (Water Intake Facility) နှင့် အဓိက ရေဖြန့်ဝေရေး ပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး ကွန်ရက်(Power Distribution& Transmission facilities) တို့မှာ တည်ဆောက်ရေး တင်ဒါ ခေါ်ဆိုမည့် အချက်များတွင် ပါဝင်သည်။

အဆိုပါ PPD မူကြမ်းတွင် ပါဝင်သော အချက်များကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ကို ရှင်းလင်း တင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထား သည်။

“ဒီ PPD မှာပါဝင်တဲ့ အသေးစိတ် အချက်တွေကို တင်ဒါ စတင်တဲ့ အချိန်မှာ ကြေညာသွားမှာပါ။ အခု ကျနော် ပြောခဲ့တာ တွေက NYDC ရဲ့ လုပ်ငန်းစဉ် တချို့ဖြစ်တယ်။ NYDC အနေနဲ့ PPD အမြန်ဆုံး အပြီးသတ်နိုင်ဖို့၊ NYDC Challenge ကို အမြန်ဆုံးစနိုင်အောင် ကြိုးစားသွားပါမယ်”ဟု ဦးသိမ်းဝေက ပြောသည်။

မြို့သစ်အတွက် Master Plan ရေးဆွဲခြင်းနှင့် စီမံကိန်း ဒီဇိုင်းကို စင်ကာပူ ကုမ္ပဏီ တခု ဖြစ်သည့် AECOM မှ လုပ်ဆောင် လျက်ရှိကာ စီမံကိန်း နယ်နိမိတ် အတွင်း အကြောင်း တစုံတရာ ပေါ်ပေါက်လာလျှင်လည်း ဖြေရှင်းပေးနိုင်မည့် အဖွဲ့ (Social and Compliance ) တခုကို ထားရှိ သွားမည် ဟု ဆိုထားသည်။

ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်ရေး အတွက် ပြည်ထောင်စု အစိုးရက တိုင်းနှင့်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဘတ် ဂျက်ချထားပေးသည့် ရန်ပုံငွေထဲမှ ကျပ် ၁၀ ဘီလီယံ မတည်ထားပြီး စီမံကိန်း တခုလုံး၏ ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ကုန်ကျမည်ဟု ရန်ကုန်တိုင်း အစိုးရက ခန့်မှန်းထားသည်။

ထို့ပြင် စီမံကိန်းကို မြေဧက ၂ သောင်းကျော်ပေါ်တွင် ပထမအဆင့် စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး စင်ကာပူ နိုင်ငံ ထက် ၂ ဆ ကျယ်ဝန်းမည် ဖြစ်ကာ မြို့သစ် စီမံကိန်းသည် အလုပ်အကိုင်သစ် ၂ သန်းကိုလည်း ဖော်ဆောင်ပေးမည် ဟုလည်း တိုင်း အစိုးရက ပြောကြားထားသည်။

ရန်ကုန်တိုင်း လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက“မြို့သစ် စီမံ ကိန်း က ရန်ကုန်တိုင်း လွှတ်တော်အဆင့်ကတော့ မှတ်တမ်းပဲ တင်ထားတာပေါ့နော်။ အသေးစိတ်လည်း မရှင်းရသေး ပါ ဘူး။ အသေးစိတ် ဆိုတာက ကျနော်တို့ ရန်ကုန်တိုင်း လွှတ်တော် ပထမ အကြိမ်တုန်းကတော့ လွှတ်တော် သက်တမ်း ကုန်ခါနီး လေးမှာ အတည်ပြုခဲ့တယ်။ ဒါကို အစိုးရက အရင်လွှတ်တော်မှာ အတည်ပြုသွားလို့ တို့လွှတ်တော်မှာ အတည်ပြု စရာ မလိုတော့ဘူး၊ လွှတ်တော် အတည်ပြုပြီးပြီလို့ ယူကောင်း ယူဆနိုင်ပါတယ်။ ဒါ ကျနော့် အမြင် ပြောတာ။ ဒီအမြင်ကို ကျနော်တို့ က လက်မခံတာ”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက“ဘာလို့လဲဆိုတော့ အရင်လွှတ်တော်က အတည်ပြုတာ မှန်သော်လည်း လုပ်နည်းလုပ်ဟန်တွေ အရမ်း ပြောင်းသွားပြီ။ အရင် ကုမ္ပဏီနဲ့လည်း စာချုပ်ဖျက်လိုက်ပြီ။ နောက်တခါ ကျနော်တို့ကလည်း မေးခွန်းတွေ မေး တယ်။ မေးခွန်းတွေကလည်း လုံလုံလောက်လောက် လာမဖြေသေးဘူး။ ဒါကိုလည်းပဲ သူဆက်ပြီး လုပ်မယ်ဆိုတော့ ကျနော်တို့ ကန့်ကွက်သွားမှာပါ”ဟု ပြောဆိုသည်။

စီမံကိန်း လုပ်ဆောင်မည် ဆိုလျှင် တိုင်းဒေသကြီး လွှတ်တော်၏ အဆုံးအဖြတ်ကို မခံယူဘဲ လုပ်ဆောင်၍ မရသော ကြောင့် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့မှာ စီမံကိန်း ကော်မတီလည်း ရှိတယ်။ ကော်မတီနဲ့ ဆွေးနွေးပြီးတော့ အစိုးရရဲ့ တကယ်တမ်း လုပ်ပြီ ဆိုရင် ဘယ်လိုလုပ်နေလဲ ဆိုတာ ကျနော်တို့ လွှတ်တော် ဝက်ဘ်ဆိုက်ကနေ ဥပဒေနဲ့ ဘယ်လိုဆောင်ရွက် သွားလို့ ရမလဲ ဆို တာ လုပ်ဖို့ အစီအစဉ် ရှိပါတယ်”ဟု ဦးကျော်ဇေယျက ဆိုသည်။
ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး လက်ရှိ အချိန်ထိ တိုင်းလွှတ်တော်၌ ဝေဖန်မှုများလည်း ရှိနေသည်။

New Yangon Development Co.,Ltd (NYDC) ကို ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်ရန် အတွက် ၂၀၁၈ ခုနှစ် မတ် လ ၃၁ ရက်က စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အိမ်ခြံမြေ လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း အစရှိသည့် စီးပွားရေး လုပ်ငန်းများကို ဦးဆောင်နေသည့် မစ္စတာ ဆပ်ချ်ပန်း (ခေါ်) ဦးသိမ်းဝေကို ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်ရေး အတွက် တိုင်းအစိုးရက တာဝန်ပေးထားခြင်း ဖြစ်သည်။

မြို့သစ်တွင် ယာဉ်ကြော ပိတ်ဆို့မှု မရှိသည့် အများပြည်သူသုံး သယ်ယူ ပို့ဆောင်ရေး စနစ် (Mass transit system) ထားရှိရန် အတွက် Oriental Consultants Japan Co., Ltd ကို လမ်းပန်းနှင့် ပို့ဆောင် ဆက်သွယ်ရေး ဆိုင်ရာ စီမံကိန်း ရေးဆွဲရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှု ဆိုင်ရာ အကဲဖြတ်ချက် အကြံပေး (Transport planner and traffic impact assessment consultant)အဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်က ခန့်အပ်ခဲ့ကြောင်း သိရသည်။

The post ရန်ကုန်မြို့သစ် တည်ဆောက်ရေး စီမံကိန်းများ မကြာမီ တင်ဒါ ခေါ်တော့မည် appeared first on ဧရာဝတီ.

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးရေး အကောင်အထည် ဖော်နေ

$
0
0

နိုင်ငံတကာ လေကြောင်း အတက်အဆင်း ပိုမိုအဆင်ပြေစေရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နောက်ထပ် အဆင့်မြှင့်တင် မွမ်းမံလျက်ရှိကြောင်း Airport Council International ၏ airport-world.com သတင်းဝက်ဘ်ဆိုက်က ရေးသားသည်။

အဆိုပါ မွမ်းမံမှုအတွက် အဓိက ကိုင်တွယ်ဆောင်ရွက်နေသူ ရန်ကုန်လေဆိပ် ဝန်ဆောင်မှု ကုမ္ပဏီ Yangon Aerodrome Company Limited –YACL က ၎င်း၏ နိုင်ငံတကာ လေကြောင်းလိုင်းကွန်ရက် ဖွံ့ဖြိုးရေး အတွက် ဈေးကွက်ဆိုင်ရာ ကြိုးပမ်းမှု ခြေလှမ်းများကို အကောင်အထည် ဖော်နေကြောင်းလည်း သတင်းက ဆိုသည်။

လတ်တလော ၅ နှစ်တာ ကာလအတွင်း ၂၀၁၈ ခုနှစ်သည် လေကြောင်းခရီးသည် ရောက်ရှိလာမှုနှုန်း အနှေးကွေးဆုံး ဖြစ်ကြောင်း ကိုမူ အဆိုပါကုမ္ပဏီက ဝန်ခံသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၀၁၈ ခုနှစ်အတွက် ယခင် သီတင်းပတ် အကုန်အထိ ခရီးသည် ၅ သန်း ရောက်ရှိလာခဲ့ပြီး ယခုနှစ် အကုန်ပိုင်းအထိ ခရီးသည် ၆ သန်း (+၂.၅ %) ဝန်းကျင်ကို လေဆိပ် အနေဖြင့် နိုင်နိုင်နင်းနင်း ဝန်ဆောင်မှု ပေးနိုင်ရန် လျာထား ကြောင်း သိရသည်။

သို့ရာတွင် ပြီးခဲ့သည့် ၅ နှစ်ကျော် အတွင်း မြန်မာနိုင်ငံတွင် ခရီးသည် အဝင်အထွက် အများဆုံး လေဆိပ် ၃ ခု ရှိသည့်အနက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်သူနှုန်းမှာ တနှစ်လျှင် ၈ ဒသမ ၆ ရာခိုင်နှုန်း တိုးခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အာရှခရီးသွား ဈေးကွက်မှ လာရောက်သည့် ခရီးသည် အရေအတွက်မှာ တိုးလာခဲ့ သော်လည်း ဥရောပနှင့် မြောက်အမေရိက ဈေးကွက်အတွက် ရခိုင်ပြည်မြောက်ပိုင်း အကြောင်း ပြည်ပ မီဒီယာများ ထုတ်လွှင့်ချက်၏ အကျိုးသက်ရောက်မှု ရှိနေခဲ့ကြောင်း YACL က ပြောသည်။

“ခရီးသွား လာရောက်မှုက နှေးကွေးနေတုန်းမှာ ကျနော်တို့အနေနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ စွမ်းရည်နဲ့ စွမ်းဆောင်နိုင်မှုကို တိုးချဲ့နေဆဲပါပဲ။ ဈေးကွက် အသစ်တွေ ဖွင့်နိုင်ဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်” ဟု YACL ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဟိုချီတောင်က ပြောသည်။

“ခရီးသွားလုပ်ငန်း၊ မြန်မာလူမှု အသိုင်းအဝိုင်းနဲ့ မြန်မာအစိုးရဘက်က သင့်တော်တဲ့ Stakeholder တွေနဲ့ မိတ်ဖက်အဖြစ် လက်တွဲပြီးတော့ ၂၀၁၉ ခုနှစ် လေကြောင်းခရီးသည် ဝင်ထွက်သွားလာမှုဟာ ၂၀၁၈ ခုနှစ်ထက် ကျော်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု သူက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွက် လှုပ်ရှား လည်ပတ်သူနဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ကျနော်တို့မှာ လုံခြုံစိတ်ချမှုနဲ့ ဝန်ဆောင်မှု အဆင့်မြှင့်ဖို့ အခြေခံ အဆောက်အဦ တိုးတက်စေရေး တာဝန် ရှိပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ မြန်မာပြည်ရဲ့ ဝင်ပေါက်ဖြစ်ပြီးတော့ တိုးရစ်နဲ့ စီးပွားရေးအတွက် လာသူတွေအတွက် ထူးခြားတဲ့ အတွေ့အကြုံတွေ ဖန်တီးပေးဖို့ အရေးကြီးပါတယ်” ဟု သူက ဆက်ပြောသည်။

YACL ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက ရန်ကုန် လေဆိပ်၏ လှုပ်ရှားလည်ပတ်မှုနှင့် စီမံခန့်ခွဲတာဝန်ကို လေကြောင်း ဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တင်ဒါစနစ်ဖြင့် အများပိုင် – ပုဂ္ဂလိကပိုင် မိတ်ဖက်အဖြစ် လွှဲပြောင်းရယူခဲ့သည်။ အဆိုပါ လုပ်ကိုင်ခွင့်မှာ နှစ် ၃၀ သဘောတူညီချက် ဖြစ်ပြီး နောက်ထပ် နှစ် ၂၀ (၁၀+၁၀) သက်တမ်းတိုး ပြင်ဆင်နိုင်သည်။

၂၀၁၈ ခုနှစ်တွင် ခရီးသွားလာရောက်မှု ၆ သန်းနှင့် ထင်ရှားသည့် ရင်းနှီးမြှုပ်နှံမှု အချက်အလက်များအပေါ် အခြေခံ၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် လက်ရှိရေးဆွဲထားသည့် ဒီဇိုင်း စွမ်းရည်အောက်တွင် ကောင်းစွာ လှုပ်ရှားလည်ပတ်နေ ကြောင်း သိရသည်။

အဆိုပါ လေဆိပ်၏ အခြေခံအဆောက်အအုံကို ထပ်ဖြည့်မွမ်းမံရာတွင် လေဆိပ် လည်ပတ်မှု ထိန်းချုပ်ရေး ဌာန (AOCC) ကို A320 နှင့် B737 ဂျက်လေယာဉ်များ အတွက် လေယာဉ်ပေါ်မှ ခရီးသည် အတင်အချ ပြုလုပ်နိုင်သော Apron A ၈ နေရာ (သို့မဟုတ်) ပန်ကာတပ် လေယာဉ်များအတွက် Apron A ၁၀ နေရာ၊ လေယာဉ်ပြေးလမ်း နှစ်ခု၊ Terminal 1 ၌ ရောက်ရှိကြောင်း စာရင်းသွင်း (Check-in) ကောင်တာသစ် ၁၀ ခု တို့နှင့် ဖွဲ့စည်းထားပြီး ဝန်စည်စလှယ် ရွေးသည့်နေရာသစ် ၅ ခု၊ နားနေခန်း အသစ်များနှင့် စားဖျော်ဆိုင်သစ် များ ပါဝင်သည်။

“ကျနော်တို့က အခြေခံအဆောက်အအုံ၊ ဘေးကင်း စိတ်ချရရေးနဲ့ စွမ်းဆောင်ရည်ပြည့် လုပ်ငန်းစဉ်တွေကို ဆက်လက် တိုးတက်အောင် ဆောင်ရွက်နေပါတယ်” ဟု YACL ၏ လုပ်ငန်း ဆောင်ရွက် အရာရှိချုပ်အဖြစ် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ခန့်အပ်ခံရသူ ဂျိုစီအန်ဂျီဂျာက ပြောသည်။

“ရန်ကုန်လေဆိပ်ဟာ အခုဆိုရင် B777-300ER နဲ့ A350 လေယာဉ် အမျိုးအစားအပါအဝင် ကိုယ်ထည် ကြီးမားတဲ့ လေယာဉ်ကြီးတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ အနေအထား ရောက်ပါပြီ။ လက်ရှိ စွမ်းဆောင်ရည် အနေနဲ့ ပြေးလမ်း တခုတည်းနဲ့တောင် နှစ်ပေါင်းများစွာ ထပ်တိုးချဲ့ဖို့ လိုအပ်ပါသေးတယ်” ဟု သူကဆိုသည်။

“နောက်ထပ် တိုးချဲ့ဖို့က တီထွင်ဆန်းသစ်မှု၊ နည်းပညာ အဆင့်မြှင့်တင်ရေးနဲ့ အတူ ရန်ကုန်လေဆိပ်အတွက် နောက်ထပ် စွမ်းဆောင်ရည် တိုးတက်ဖို့ အလားအလာတွေ ရှိနေပါတယ်” ဟု သူက ဆက်ပြောသည်။

ရန်ကုန်လေဆိပ်တွင် တနှစ်လျှင် လေယာဉ် အတက်အဆင်း ပြုလုပ်မှုပေါင်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက ၆၂၉၃၇ ကြိမ် ရှိရာမှ လက်ရှိတွင် ၇၇၀၀၀ ကြိမ်ရှိသဖြင့် (+၁.၂) ရာခိုင်နှုန်း တိုးတက်လာကြောင်း အန်ဂျီဂျာက မှတ်ချက်ချသည်။ သို့သော် လေယာဉ်ပြေးလမ်း တခုတည်းစီရှိသည့် ကမ္ဘာပေါ်ရှိ အရေးပါသည့် လေဆိပ်များနှင့် နှိုင်းယှဉ်သော် အိန္ဒိယနိုင်ငံ မွန်ဘိုင်း-ချဟာထရာပတီ လေဆိပ်မှာ တနှစ်လျှင် လေယာဉ် အတက်အဆင်းနှုန်း ၃၂၀၀၀၀ ကြိမ်ရှိပြီး တရုတ်နိုင်ငံ ရှီယားမန်းလေဆိပ်မှာ ၁၉၂၀၀၀ ကြိမ်ရှိသဖြင့် ရန်ကုန် လေဆိပ်၏ လက်ရှိအတက်အဆင်း ကိုင်တွယ်နိုင်စွမ်းက နိမ့်ကျနေဆဲဖြစ်သည်။

လက်ရှိ ထိန်းသိမ်း လက်ခံနိုင်စွမ်းနှင့် နိုင်ငံတကာစံချိန်ကို အခြေခံ၍ မြန်မာနိုင်ငံ၏ လေကြောင်း ထိန်းချုပ်မှု စနစ်ဖြင့် ဆိုက်ရောက်ရာ၊ ထွက်ခွာရာ လမ်းကြောင်းနိုင်မှု အဓိက အာရုံစိုက်၍ ရန်ကုန်လေဆိပ်သည် တနှစ်လျှင် လေယာဉ် အတက်အဆင်းနှင့် အရွှေ့အပြောင်း ကြိမ်ရေပေါင်း ၁၇၀,၀၀၀ အထိ ကိုင်တွယ် ထိန်းသိမ်းနိုင်မည်ဟု အလားအလာ ရှိကြောင်း ယုံကြည်ရသည် (သို့မဟုတ် တနာရီလျှင် ၁၉ ကြိမ် တက်/ဆင်း နိုင်မှုကို လက်ရှိ ပျမ်းမျှ ၈ ကြိမ်သာ လုပ်နိုင်ခြင်းနှင့် နှိုင်းယှဉ်နိုင်သည်)။

“အခြေခံအဆောက်အအုံ၊ ဘေးကင်းစိတ်ချရေး၊ နည်းပညာ၊ ဝန်ဆောင်မှုအဆင့်နဲ့ တခြား အရေးကြီး ကိစ္စတွေကို ကျနော်တို့ အဆင့်မြှင့်တင် နေပါတယ်။ အနာဂတ်မှာ ရန်ကုန်လေဆိပ်ကို ကြီးကြပ်ကွပ်ကဲမယ့် မြန်မာ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု အဆင့်မြှင့်တင်တာလည်း ပါပါတယ်” ဟု အန်ဂျီဂျာက ပြောသည်။

ရလဒ်အနေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နောက် ၂ နှစ် သို့မဟုတ် ၃ နှစ်တွင် ဘိုးအင်း ၇၃၇ ကဲ့သို့ 13 Code C လေယာဉ်ကြီးများ ဆိုက်ရောက်ရန် နေရာ နောက်တခု၊ လေယာဉ်ပြေးလမ်းသို့ အမြန် ထွက်လမ်း နောက်တခု၊ လေယာဉ် ပြင်ဆင် ထိန်းသိမ်းရေး အဆောက်အဦ နောက်တခု၊ မီးသတ်ဌာန နောက်တခု၊ Terminal 2 ကို ပြန်လည်ပြင်ဆင်ခြင်းနှင့် နည်းပညာ မြှင့်တင်မှုများကို တိုးချဲ့နိုင်မည်ဖြစ်သည်။

ယနေ့ ရန်ကုန် လေဆိပ်သည် နောက်ဆုံး ဝင်ရောက်လာသည့် တရုတ်နိုင်ငံမှ စီချွမ်အပါအဝင် လေကြောင်းလိုင်း ၃၁ လိုင်းအတွက် ဝန်ဆောင်မှု ပေးနေပြီး ယင်းလေကြောင်းလိုင်းများမှာ နိုင်ငံတကာ ဦးတည်နေရာ ၂၉ နေရာနှင့် ပြည်တွင်း ဦးတည်နေရာ ၂၈ နေရာတို့ အတွက် ဖြစ်သည်။

The post ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးရေး အကောင်အထည် ဖော်နေ appeared first on ဧရာဝတီ.

Viewing all 5004 articles
Browse latest View live