Quantcast
Channel: စီးပွားရေး - ဧရာဝတီ
Viewing all articles
Browse latest Browse all 5004

ကြိမ်၊ ၀ါးဖြင့် ပရိဘောဂ ထုတ်လုပ်မှု မြှင့်တင်ရန်ကြိုးပမ်း

$
0
0
ကျွန်းသစ်, ၀ါး, ကြိမ်

ကြိမ်၊ ၀ါးဖြင့် ပြုလုပ်ထားသော အသုံးအဆောင် ပစ္စည်းများကို ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းဈေး တနေရာ၌ တွေ့ရစဉ် (ဓာတ်ပုံ – myanmartravelessentials.com)

ပရိဘောဂ ထုတ်လုပ်ရာတွင် ကြိမ်၊ ၀ါး စသည်တို့ဖြင့် ပြုလုပ်သော ပရိဘောဂများကို တိုးချဲ့မြှင့်တင် ထုတ်လုပ်သွားရန် ကြိုးပမ်းနေ ကြောင်း မြန်မာနိုင်ငံ ပရိဘောဂ လုပ်ငန်းရှင်များအသင်းက ပြောသည်။

ယင်းသို့ ထုတ်လုပ်ရာ၌ ထုထည်ကြီး ပစ္စည်းများဖြင့် ထုတ်လုပ်ခြင်းကို လျှော့ချသွားပြီး နည်းပညာကိုပိုမို အသုံးပြု၍ ဒီဇိုင်းများကို ဆန်းသစ်တီထွင်သွားမည် ဖြစ်ကြောင်းလည်း အဆိုပါအသင်း၏ အတွင်းရေးမှူး ဦးဝေလွင်က ဇန်န၀ါရီလ ၂၁ ရက်က ရန်ကုန်မြို့ရှိ စီးတီးစတား ဟိုတယ်တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဝါးနှင့် ထုတ်လုပ်သည့် အသုံးအဆောင် ပစ္စည်းအမျိုးအစား များစွာရှိသော်လည်း ငါးမျှားတံ၊ စွန်ကိုင်း၊ အမွှေးတိုင်များသာ ပြည်ပသို့ ပို့နိုင်သေးသောကြောင့် ပြည်ပဈေးကွက်မြှင့်တင်သွားရန် ရှိကြောင်း၊ ကြိမ်နှင့် ထုတ်လုပ်သည့် ပစ္စည်းအမျိုးအစားများမှာ ရာကျော်ရှိပြီး ထိုင်ခုံ၊ စားပွဲနှင့် ခြင်းအမျိုးမျိုးကို ထုတ်လုပ်တင်ပို့နေကြောင်း သိရသည်။

ကြိမ် ၊ ၀ါး အခြေခံ ပရိဘောပစ္စည်းများကို အဓိကအားဖြင့် ဥရောပနိုင်ငံများသို့ တင်ပို့နေပြီး အမေရိကန်နှင့် အာရှနိုင်ငံများသို့ ထိုးဖောက်ရန် ဈေးကွက်ရရှိမှု နည်းပါးသေးကြောင်း၊ ကြိမ်၊ ၀ါး ပရိဘောဂပစ္စည်း တင်ပို့မှုသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်း ခန့်ရှိကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့် ၀ါး လုပ်ငန်းရှင်များအသင်းက ပြောသည်။

မြန်မာနိုင်ငံ ကြိမ်နှင့် ၀ါး လုပ်ငန်းရှင်များအသင်းမှ ဒု ဥက္ကဌ ဦးတင်ဦး ကလည်း“နိုင်ငံတိုင်းမှာ ၀ါးကပေါတာ မဟုတ်ဘူး၊ မြန်မာနိုင်ငံ မှာက ၀ါးသယံဇာတက ပေါတယ်၊ ဒါတွေကို အသုံးချနိုင်ဖို့နဲ့ ၀ါးကုန်ကြမ်းတွေကို တန်ဖိုးမြင့် ထုတ်လုပ်နိုင်ဖို့၊ များများလုပ်ကိုင်နိုင် လာလေ ကျွးန်းသစ်ကိုလည်း ကာကွယ်ပြီးသားဖြစ်လာမယ်။ ကျွန်းသစ်ကို အသုံးပြုတာ လျှော့လာနိုင်တာပေါ့”ဟု ပြောသည်။

လက်ရှိ အခြေအနေအရ ပရိဘောဂထုတ်လုပ်ရာတွင် ကျွန်းသစ် ကုန်ကြမ်းကို အသုံးပြုပြီး ဒီဇိုင်းပုံစံ အနေဖြင့် ထုထည်ကြီးများဖြင့် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“လက်ရှိ မြန်မာမှာ ကျွန်းနဲ့လုပ်မှ ပရိဘောဂ ဖြစ်တယ်ဆိုတဲ့ လူတွေရဲ့ကိုယ်ပိုင်အသိစိတ် တခုကို ပြောင်းချင်တယ်၊ ကျွန်းနဲ့လုပ်မှ ပရိဘောဂဖြစ်တာ မဟုတ်ဘူး အခြားအမျိုးအမည် မသိတဲ့ အမျိုးအစားနဲ့ လူသိနည်းတဲ့ သစ်တွေနဲ့လည်း ထုတ်လို့ရတယ်”ဟု မြန်မာနိုင်ငံ ပရိဘောဂ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝေလွင်က ပြောသည်။

မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးတင်ဦးကလည်း“သွင်းကုန်တွေ အစားထိုး လာတာကလည်း ကုန်ကြမ်းပြဿနာ တွေ ပါလိမ့်မယ်၊ အထူးသဖြင့်ဆိုရင်တော့ သစ်မှာဆိုရင်လည်း ကျွန်းချည်းပဲ ထင်နေတာ၊ အခြားအသားတွေကို အသုံးပြုဖို့လိုတယ် အခြားအသားနဲ့ လုပ်တဲ့လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ရအောင် နိုင်ငံတော် တာဝန်ရှိသူတွေ အနေနဲ့ ဖန်တီးပေးဖို့ အကြံပြုချင်တယ်”ဟု ပြောသည်။

သစ်အခြေခံ ပရိဘောဂ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းကမူ ပြည်ပတင်ပို့မှုတွင် ကျွန်းသစ် ပရိဘောဂ နည်းပါးသေးကြောင်း ပြောသည်။

“ကုန်ချောအနေနဲ့ ခုတင်၊ ဗီရို၊ ဆက်တီပဲ လုပ်နိုင်သေး တယ်။ အင်ဒိုးနည်းတယ်၊ ပြည်ပကိုပို့တာက ဂါးဒင်းဖန်နစ်ချာ လောက်ပဲ၊ အရေ အတွက် အရမ်းနည်းပါးတယ်။ ထမင်းစားပွဲတို့ ရေကူး ကန်မှာရှိတဲ့ ပက်လက်ကုလားထိုင်တို့ တင်ပို့ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ဦးဉာဏ်ဝင်းက“အခြားသစ်ကို အစားထိုးဖို့ရှိတယ်၊ မြန်မာသစ်လုပ်ငန်းက တရားဝင် သစ်ကို လေလံစနစ်နဲ့ တလ တခါလုပ်တယ်၊ အခုနောက်ပိုင်း မြန်မာသစ်လုပ်ငန်းနဲ့ တွေ့ဆုံသွားမယ်၊ တရားမ၀င်တွေလည်း ဖမ်းနေတော့ ပြည်တွင်းသစ်တွေကို လုပ်ငန်းရှင်တွေကို မျှပေးဖို့ တွေ့မယ်”ဟု ပြောသည်။

ဝါး နှင့် ကြိမ် ပရိဘောဂများသည် ပြည်တွင်းဈေးကွက်တွင် အသုံးပြုသူနည်းပါးသော်လည်း ကျွန်းပရိဘောဂ များသည် ပြည်တွင်း ဈေးကွက်တွင် အသုံးပြုသူ များကြောင်း၊ ထို့အပြင် ကျွန်းပရိဘောဂများကို အာရှနိုင်ငံများ၌ စင်္ကာပူနိုင်ငံတွင်သာ ဈေးကွက်ရကြောင်း သိရသည်။

The post ကြိမ်၊ ၀ါးဖြင့် ပရိဘောဂ ထုတ်လုပ်မှု မြှင့်တင်ရန်ကြိုးပမ်း appeared first on ဧရာဝတီ.


Viewing all articles

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


TTA Oreo Gapp Installer


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


သမာဝတီ၏ မေတ္တာအစွမ်း။


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...